အနည်းဆုံး ၂ နှစ်ချုပ်ဖို့ သဘောတူထားပြီး နောက်ထပ် ၁ နှစ်သက်တမ်းတိုးခွင့်ပါ ရှိနေပါတယ်။

လက်ရှိ တစ်ရာသီ အငှားသွားကစားခဲ့တဲ့ Police Tero အသင်းကနေ ပြန်လည်ရောက်ရှိနေပြီ ဖြစ်ပြီး မိခင်ကလပ် ရတနာပုံ အသင်းနဲ့ အနာဂတ် ကို မကြာမီမှာ ပြန်လည်ညှိုနှိုင်းဆွေးနွေးသွားမယ်လု့ိ သိရပါတယ်။



Photo - Police Tero fc

 

မြန်မာ့လက်ရွေးစင်ကစားသမား အောင်သူကို ထိုင်းလိဂ်(၁)က ထိပ်တန်း အသင်းကြီး ၂ သင်းက ခေါ်ယူနိုင်ရေး အပြိုင်ကမ်းလှမ်းထားတယ်လို့ မြန်မာစပယ်ရှယ် ဘောလုံးအေဂျင်စီမှ ကိုရဲနိုင်ဝင်းကပြောပါတယ်။

ကာတာခရီးစဉ်မတိုင်မီ ဘာရိန်းလက်ရွေးစင်အသင်းနဲ့ ခြေစမ်းကစားဖို့ ရှိတယ်လို့ သိရ 

အောင်သူအနေနဲ့ လက်ရှိမှာ Police Tero အသင်းနဲ့ စာချုပ်ကုန်ဆုံးခဲ့ပြီ ဖြစ်သလို Police Tero အသင်းကလည်း ဒီနှစ်ဘောလုံးရာသီမှာ တန်း ဆင်းသွားခဲ့ရပြီ ဖြစ်ပါတယ်။

Photo - Police Tero fc

 

ဒါကြောင့် လာမယ့်နှစ်အတွက် အောင်သူရဲ့ အနာဂတ်ကို ရတနာပုံအသင်းနဲ့အတူ ပြန်လည် ညှိုနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်သွားတော့မှာ ဖြစ် တယ်လို့ အောင်သူရဲ့ အကို ကိုပြည့်ဖြိုးအောင်က ပြောပါတယ်။

"ကျွန်တော့်မှာ ကမ်းလှမ်းထားတာတွေကို ရတနာပုံအသင်းပိုင်ရှင်ကို တင်ပြသွားပါမယ်။ ရတနာပုံအသင်းပိုင်ရှင်ဖက်ကလည်း သူ့ထံကို ရောက် ရှိနေတဲ့ ကမ်းလှမ်းမှုတွေထဲက ပြန်စိစစ်ပေးပြီး အောင်သူရဲ့ အနာဂတ်ကို ဆုံးဖြတ်ပေးသွားမှာ ဖြစ်ပါတယ်။ အဓိကကတော့ အောင်သူက ရတ နာပုံအသင်းနဲ့ စာချုပ်သက်တမ်း ကျန်ရှိနေသေးတာကြောင့် ဖြစ်ပါတယ်။" လို့ အောင်သူရဲ့ အကို ကိုပြည့်ဖြိုးအောင်က DuwunSportsကို ပြော ပါတယ်။

Photo - Police Tero fc

 

လက်ရှိမှာအောင်သူကို ထိုင်းထိပ်တန်း ကလပ်အသင်းကြီး ၂သင်းက အနိမ့်ဆုံး အမေရိကန် ဒေါ်လာ ၈၀၀၀ အနည်းဆုံးပေးပြီး စတင်ကမ်းလှမ်း ထားတယ်ဆိုတဲ့အကြောင်းကိုလည်း - " ကျွန်တော် ထိုင်းထိပ်တန်း ကလပ်အသင်းတွေနဲ့ ညှိုနှိုင်းထားချက်အရ အောင်သူကို သူတို့က အနိမ့်ဆုံး ဒေါ်လာ ၈၀၀၀ ကနေ စပေးမှာပါ။ ဒါက အနိမ့်ဆုံးပဲ ရှိပါတယ်။ဒီအပေါ်မှာ နောက်ဆုံး ညှိုနှိုင်းဆွေးနွေးပြီး လစာကို ထပ်ညှိုပေးသွားဦးမှာပါ။ ဒါ့အပြင် နေအိမ်၊ကား၊အခြား လိုအပ်တာတွေကိုလည်း အကုန်အပြည့်စီစဉ်ပေးဦးမှာပါ။ ဒါတွေတင်မကသေးပါဘူး၊ နိုင်ငံအသင်းအတွက် ပြန် ကစားမယ့်အခါမှာလည်း လေယာဉ်လက်မှတ်ကအစ စီစဉ်ပေးဖို့အထိပါပါသေးတယ်။" လို့ မြန်မာစပယ်ရှယ် ဘောလုံးအေဂျင်စီက ကိုရဲနိုင်ဝင်း ကပြောပါတယ်။

လက်ရှိမှာ ကလပ်အသင်းတွေနဲ့ သဘောတူညီထားချက်အရ အသင်းတွေရဲ့ နာမည်ကိုတော့ ထုတ်ဖော်ပြောဖို့ မဖြစ်နိုင်သေးပေမယ့် ဒီနှစ် ဘောလုံးရာသီမှာ အဆင့် ၁ ကနေ ၅ အတွင်းဝင်တဲ့ အသင်း ၅ သင်းထဲကလို့တော့ ကိုရဲနိုင်ဝင်းက အရိပ်အမြွက်ပြောခဲ့ပါသေးတယ်။

 

ဒါကြောင့် ဒီနှစ်ဘောလုံးရာသီ ထိုင်းလိဂ် (၁)မှာ အဆင့် ၁ ကနေ ၅ အတွင်း ဝင်ခဲ့တဲ့ အသင်းတွေကို ကြည့်မယ်ဆိုရင် အဆင့်၁ က ချန်ပီယံ ဖြစ်ခဲ့တဲ့ ဘူရီရမ် ယူနိုက်တက်၊အဆင့် ၂မှာ ရပ်တည်ခဲ့တဲ့ ဘန်ကောက်ယူနိုက်တက်၊အဆင့် ၃ က ပေါ့ခ်အက်ဖ်စီ၊အဲ့နောက် မြောင်တောင်ယူ နိုက်တက်အသင်းနဲ့ ကျော်ကိုကို ပါဝင်ကစားနေတဲ့ ချင်းရွိုင်ယူနိုက်တက် အသင်းတို့ပဲ ဖြစ်ပါတယ်။

အောင်သူအနေနဲ့ ဒီ ၅သင်းထဲမှာ အဆင့် ၁ နဲ့ ၂ က ဘူရီရမ်နဲ့ ဘန်ကောက်အသင်းတို့ကို ပြောင်းရွှေ့ခွင့်ကြုံပါက အေအက်ဖ်စီ ချန်ပီယံလိဂ် ပွဲ တွေကို ကစားခွင့်ကြုံမှာ ဖြစ်ပါတယ်။

ဒ့ါအပြင် အခု ကမ်းလှမ်းထားတဲ့ အသင်းတွေက အောင်သူကို တစ်နှစ်စာချုပ်နဲ့သာ ခေါ်ယူကမ်းလှမ်းမှာ မဟုတ်ပဲ အနည်းဆုံး ၂နှစ်ချုပ်ဆိုပေး သွားမှာ ဖြစ်သလို ၂ နှစ်ပြည့်ပါက နောက်ထပ် တစ်နှစ် အနည်းဆုံး ထပ်တိုးချုပ် ဆိုခွင့်ကိုပါ ပေးသွားဦးမှာလို့လည်း သိရပါတယ်။

အောင်သူအနေနဲ့ အခုကစားခဲ့တဲ့ Police Tero အသင်းမှာ တစ်ရာသီစာချုပ်ကိုသာ ဒေါ်လာ ၇၀၀၀ နဲ့ ချုပ်ဆိုထားနိုင်ခဲ့တာလို့ ကနဦး သတင်းတွေအရ သိခဲ့ရပြီး အခု ကမ်း လှမ်းထားတဲ့ အသင်းတွေကတော့ အနိမ့်ဆုံး ခေါ်ဈေးမှာတင် မူလထက် ဒေါ်လာ ၁၀၀၀ ပိုနေခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အောင်သူနဲ့ရတနာပုံအသင်းတို့ ညှိုနှိုင်းရခြင်းမရှိသေးတာကြောင့် အောင်သူ ဘယ်အသင်းကို ပြောင်းရွှေ့ဖြစ်မလဲ မသိရသေး ပေမယ့်လည်း အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ ဂျေလိဂ် အသင်းအချို့ကလည်း အောင်သူကို ကမ်းလှမ်းမှု ရှိတယ်လို့ သိရပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က