ကိုယ့်အတွက် အခွင့်အရေး ပြန်ရလာရင် အဆင်သင့်ဖြစ်နေအောင် အကောင်းဆုံး လေ့ကျင့်ပြင်ဆင်နေမှာပါ။

နည်းပြချုပ် အန်တွန်နီဟေးကတော့ အောက်တိုဘာလအတွင်း ကစားခဲ့တဲ့ ခြေစမ်းပွဲနှစ်ပွဲစလုံးမှာ သီဟ ထက်အောင်ကို အခွင့် အရေးမပေးခဲ့ပါဘူး။

Photo - MNL

 

မြန်မာ့လက်ရွေးစင်အသင်းကို ပဏာမ ကစားသမား ၂၇ ယောက်နဲ့ လာမယ့် ဆူဇူကီးပြိုင်ပွဲအတွက် အခုကတည်းက ကြိုတင်ဖွဲ့စည်းပြီး လေ့ ကျင့်ပြင်ဆင်နေပါတယ်။

အောင်သူကို ဒေါ်လာ ၈၀၀၀ အနိမ့်ဆုံးပေးပြီး ထိုင်းထိပ်တန်းကလပ်အသင်း ၂သင်းကမ်းလှမ်းထား 

အောက်တိုဘာလထဲမှာတော့ ဖီဖာ အသိအမှတ်ပြု ခြေစမ်းပွဲ ၂ ပွဲကစားထားပြီး ဖြစ်ပြီး အင်ဒိုနီးရှားနဲ့ ဘိုလီးဗီးယားအသင်း ၂ သင်းစလုံးကို ၃ ဂိုးပြတ်စီ ရှုံးနိမ့်ထားပါတယ်။

Photo - MNL

 

ထပ်မံပြီး ဆူဇူကီးမတိုင်ခင် ကာတာနိုင်ငံမှာ သွားရောက်လေ့ကျင့်ဦးမှာ ဖြစ်ပြီး အဆိုပါ ခရီးစဉ်အတွက် လူစာရင်းမှာတော့ မူလ ၂၇ ထဲက တစ်ဦးသာချန်လှပ်ခဲ့ပြီး ၂၆ ယောက်ကို ခေါ်ဆောင်သွားမယ်လို့ မနေ့က ဘိုလီးဗီးယားနဲ့ပွဲအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နည်းပြချုပ် အန်တွန်နီဟေးက ပြောပါတယ်။

ဒီကနေ့မှာတော့ မြန်မာ့လက်ရွေးစင်အသင်းရဲ့ နောက်ခံလူ သီဟထက်အောင်ကို အသင်းလူစာရင်းကနေ ချန်လှပ်ခဲ့ပြီလို့ သိရပြီး လက်ဒဏ်ရာ ရနေတဲ့ အောင်သူအပါအဝင် ကျန်ကစားသမား ၂၆ယောက်ကိုတော့ ကာတာကို ခေါ်ဆောင်သွားမယ်လို့ သိရပါတယ်။

Photo - MFF

 

"ကျွန်တော့်ကို ဒီကနေ့ပဲ ကာတာခရီးစဉ်မပါတော့ဘူးလို့ ခေါ်ပြောပါတယ်။ဒါကြောင့် ကျွန်တော် အိမ်ပြန်ပါတော့မယ်။ခြေစမ်းပွဲတစ်လျှောက် အခွင့်အရေးမရခဲ့တဲ့အတွက်တော့စိတ်မကောင်းပါဘူး။ သူတို့ပြောတဲ့ အကြောင်းပြချက်ကတော့ ကျွန်တော် ဝိတ်နည်းနည်းတက်နေလို့တော့ ပြောပါတယ်။ဒါပေမယ့် ကျွန်တော့်ဝိတ်က ပြီးခဲ့တဲ့ ၂၀၁၇ ဆီးဂိမ်းကစားတုန်းကထက် တက်လာတာလည်း မရှိပါဘူး။ အဲ့တုန်းက ၁၇၀ ကို အခု လည်း ၁၆၈၊၁၆၉ အလွန်ဆုံး ၁၇၀ ဒီလောက်ပါပဲ။ဒါပေမယ့်လည်း မတတ်နိုင်ဘူးလေ။ထားခဲ့တော့လည်း နေခဲ့ရမှာပေါ့။" လို့ သီဟထက်အောင် က ပြောပါတယ်။

သီဟထက်အောင်က ဒီနှစ်ဘောလုံးရာသီမှာ ဇွဲကပင်ယူနိုက်တက်အသင်းနဲ့အတူ ခြေစွမ်းပြ ကစားနိုင်ခဲ့လို့ လက်ရွေးစင်အသင်းရဲ့ လူစာရင်းမှာ ပြန်လည်ရွေးချယ်ခံရပေမယ့်လည်း နည်းပြချုပ် အန်တွန်နီဟေးကတော့ အောက်တိုဘာလအတွင်း ကစားခဲ့တဲ့ ခြေစမ်းပွဲနှစ်ပွဲစလုံးမှာ သီဟ ထက်အောင်ကို အခွင့်အရေးမပေးခဲ့ပါဘူး။

Photo - MFF

 

"ကျွန်တော် မပါနိုင်ပေမယ့် ပရော်ဖက်ရှင်နယ် တစ်ယောက်ပီပီ ကိုယ့်ကိုယ်ကို အကောင်းဆုံး ပြင်ဆင်နေမှာပါ။ ကလပ်အသင်းနဲ့က နောက်လ ၁၅ ရက်နေ့မှ ပူးပေါင်းဖို့ရှိလို့ အခုတော့ စစ်ကိုင်းပြန်ပြီး ဒီတစ်လအတွင်းမှာ GYM ကစားပါမယ်။ ကိုယ့်အတွက် အခွင့်အရေး ပြန်ရလာရင် အဆင်သင့်ဖြစ်နေအောင် အကောင်းဆုံး လေ့ကျင့်ပြင်ဆင်နေမှာပါ။" လို့သီဟထက်အောင်က ဆက်လက်ပြောပါသေးတယ်။

သီဟထက်အောင်က ၂၀၁၇ ခုနှစ် မလေးရှား ဆီးဂိမ်း ပြိုင်ပွဲမှာ မြန်မာအသင်းရဲ့ နောက်တန်းကို ဦးဆောင်ပါဝင်ခဲ့သူ တစ်ဦးဖြစ်ပြီးအခုမှသာ လက်ရွေးစင်အသင်းရဲ့ ပဏာမအသင်းမှာ ပြန်လည်ရွေးချယ်ခံရတာ ဖြစ်ပါတယ်။

ကံမကောင်းစွာပဲ မဏာမ စာရင်းကနေပဲ ချန်လှပ်ခံခဲ့ရပြီး ဆူဇူကီးအကြိုလေ့ကျင့်မယ့် ဘာရိန်း၊ကာတာခရီးစဉ်တွေကိုတော့ လွဲချော်သွားတော့ မှာ ဖြစ်ပါတယ်။

နည်းပြချုပ် အန်တွန်နီဟေးကတော့ အခုရွေးချယ်ထားတဲ့ လူစာရင်းထဲကသာ ဆူဇူကီးအတွက် စိတ်ကြိုက်လေ့ကျင့်ပြင်ဆင်သွားဖို့ ရှိတော့ပြီး အခြား ကစားသမားတစ်ဦးတစ်ယောက်ကို အစားထိုး ဖြည့်ဆည်းဖို့ မရှိတော့ဘူးလို့လည်း မနေ့က ပွဲပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါသေး တယ်။

ဒီကနေ့ည ၁၂ နာရီခွဲအချိန်မှာတော့ ဘာရိန်း လက်ရွေးစင်အသင်းနဲ့ ခြေစမ်းကစားဖို့ လေကြောင်းခရီးနဲ့ ဆက်လက်ထွက်ခွာမှာ ဖြစ်ပြီး ဘာရိန်း လက်ရွေးစင်အသင်းနဲ့ ၁၆ ရက်နေ့ ခြေစမ်း ကစားပြီးရင် ကာတာနိုင်ငံကို ဆက်လက်ထွက်ခွာမယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က