ကာတာနိုင်ငံ ဒိုဟာမြို့မှာ ခြေစမ်းကစားမှာ ဖြစ်ပါတယ်။

ကာတာယူ-၂၃ အသင်းနဲ့ ခြေစမ်းပွဲကိုတော့ ဖိလစ်ပိုင် ဆီးဂိမ်းဝင်မယ့် ယူ-၂၁ အသင်းနဲ့ ကစားဖို့ရှိနေပြီး လက်ရှိမှာ ဦးကြည်လွင်က နည်းပြချုပ်အဖြစ် တာဝန်ယူ ကိုင်တွယ်နေပါတယ်။

 

ကာတာ ယူ-၂၃ ဘောလုံးအသင်းနဲ့ ခြေစမ်းကစားဖို့အတွက် မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းကို ဖိတ်ခေါ်ထားတယ်လို့ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်က ဒီကနေ့မှာ သတင်းထုတ်ပြန်လာပါတယ်။

ကာတာခရီးစဉ်မတိုင်မီ ဘာရိန်းလက်ရွေးစင်အသင်းနဲ့ ခြေစမ်းကစားဖို့ ရှိတယ်လို့ သိရ 

ဒီခြေစမ်းပွဲကိုတော့ ကာတာနိုင်ငံ ဒိုဟာမြို့မှာ ကစားမှာ ဖြစ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကတော့ ယူ-၂၃ အသင်းဆိုပေမယ့်လည်း ဆီးဂိမ်း ဝင်မယ့် ယူ - ၂၁ အသင်းနဲ့သာ ခြေစမ်းကစားစေဖို့ရှိနေတယ်လို့လည်းသိရပါတယ်။

 

ဆီးဂိမ်းက ယူ-၂၂ ပြိုင်ပွဲဖြစ်သွားလို့ လက်ရှိ မြန်မာ့လက်ရွေးစင် ယူ-၂၁ အသင်းကို နည်းပြချုပ် ဦးကြည်လွင်နဲ့ ဖွဲ့စည်းလေ့ကျင့်နေစေပြီး ကာ တာအသင်းနဲ့ ခြေစမ်းစေမှာလည်း ဖြစ်ပါတယ်။

ခြေစမ်းပွဲကိုတော့ လာမယ့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့မှ ကစားစေမှာ ဖြစ်ပြီး ဒီကြားထဲမှာတော့ မြန်မာ့လက်ရွေးစင်အသင်းက ကာ တာနိုင်ငံမှာ ရက် ၂၀ ကျော်ကြာ နေထိုင်လေ့ကျင့်မှာလည်း ဖြစ်ပါတယ်။

 

မြန်မာ့လက်ရွေးစင်ယူ-၂၁ အသင်းကတော့ လာမယ့် ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းကို ဝင်ရောက်ယှဉ်ပြိုင်မယ့်အသင်းဖြစ်ပြီး ကာတာကတော့ ၂၀၂၂ ကမ္ဘာ့ဖလား အိမ်ရှင် ကျင်းပမယ့် နိုင်ငံ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က