မစ်ဒယ်ဝိတ်ကိုသာ ကာကွယ်တော့မှာပါ။

ယနေ့ညမှာ ခရာကီကို မစ်ဒယ်ဝိတ်တန်းချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခဲ့တဲ့ အောင်လအန်ဆန်ဟာ လာမယ့်မတ်လမှာ ဂျပန်နိုင်ငံကို သွားရောက်ထိုးသတ်ပြီး လိုက်ဟဲဗီးဝိတ်ချန်ပီယံဘွဲ့ကို ကာကွယ်သွားဖို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။ အောင်လအန်ဆန်က ယင်းသတင်းနဲ့ပတ်သက်ပြီး ဂျပန်နိုင်ငံမှာ ထိုးသတ်မယ့်ပြိုင်ပွဲမှာ နိုင်နိုင်၊ ရှုံးရှုံး လိုက်ဟဲဗီးဝိတ်ချန်ပီယံဘွဲ့ကို အခြားသူတစ်ယောက်ကို လွှဲပေးတော့မယ်လို့ Duwun Sports နဲ့ သီးသန့်တွေ့ဆုံမေးမြန်းမှုမှာ ပြောကြားခဲ့ပါတယ်။



44848454_616204488777212_1845418817115652096_n.jpg

အောင်လအန်ဆန်ဟာ ဘရာဇီးလ်နိုင်ငံသား အလက်ဇန္ဒားမာချာဒိုကို အနိုင်ယူပြီး လိုက်ဟဲဗီးဝိတ်ချန်ပီယံဘွဲ့ကို ရရှိခဲ့သူဖြစ်ပြီး ယနေ့မှာလည်း မစ်ဒယ်ဝိတ်ချန်ပီယံဘွဲ့ကို စိန်ခေါ်တဲ့ လက်ဘနွန်နိုင်ငံသား ခရာကီကို ပထမအချီမှာပဲ အလဲထိုးပြီး အနိုင်ယူခဲ့တာဖြစ်ပါတယ်။

ဒါကြောင့်မို့ လက်ရှိအချိန်မှာ မစ်ဒယ်ဝိတ်၊ လိုက်ဟဲဗီးဝိတ်ခါးပတ်နှစ်ခုကို ပိုင်ဆိုင်ထားတဲ့ အောင်လအန်ဆန်ဟာ လာမယ့်မတ်လ ဂျပန်နိုင်ငံမှာ ထိုးသတ်ရမယ့် လိုက်ဟဲဗီးဝိတ်ချန်ပီယံဘွဲ့ကာကွယ်ပွဲအပြီးမှာ အနိုင်ရရှိသည်ဖြစ်စေ၊ ရှုံးနိမ့်သည်ဖြစ်စေ လိုက်ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံဘွဲ့ကို အခြားသူတစ်ဦးဆီ လွှဲပြောင်းပေးတော့မယ်လို့ ပြောကြားခဲ့ပါတယ်။

IMG_0720.JPG

အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အောင်လအန်ဆန်ဟာ ခရာကီကို အနိုင်ရရှိပြီး မစ်ဒယ်ဝိတ်ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခဲ့တဲ့ပွဲအပြီးမှာ Duwun Sports နဲ့ သီးသန့်တွေ့ဆုံခဲ့တဲ့အချိန်မှာ အခုလို ပြောကြားခဲ့ပါတယ်။

"ကျွန်တော့်အနေနဲ့ မစ်ဒယ်ဝိတ်ချန်ပီယံဘဲွဲ့ကိုပဲ အာရုံစိုက်သွားမှာပါ။ နောက်လာမယ့် ဂျပန်မှာထိုးရမယ့်ပွဲကျရင် လိုက်ဟဲဗီးဝိတ်ချန်ပီယံဘွဲ့ကို ကာကွယ်မယ်။ တစ်ကြိမ်ပဲ ကာကွယ်ပါမယ်"

"တစ်ကြိမ်ကာကွယ်ပြီးတာနဲ့ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ နောက်ထပ်ကစားသမားတစ်ယောက်ကို လွှဲပေးခဲ့ပါမယ်။ ရှေ့ဆက်ပြီး မစ်ဒယ်ဝိတ်ချန်ပီယံဘွဲ့ကိုပဲ အဓိကကာကွယ်သွားတော့မှာပါ"လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က