မြန်မာယူ-၁၉အမျိုးသမီးအသင်းဟာ ရမှတ် သုံးမှတ်၊ သွင်းဂိုး လေးဂိုး၊ ပေးဂိုးလေးဂိုး၊ ဂိုးကွာခြားချက် မရှိနဲ့ အကောင်းဆုံးဒုတိယအသင်းအဖြစ် ခြေစစ်ပွဲအောင်ခဲ့တာပါ။

အာရှယူ-၁၉အမျိုးသမီးချန်ပီယံရှစ်ခြေစစ်ပွဲအုပ်စုနောက်ဆုံးပွဲမှာ မြန်မာယူ-၁၉အမျိုးသမီးအသင်းဟာ အီရန်ယူ-၁၉အမျိုးသမီးအသင်းကို ၁-ဝဂိုးနဲ့နိုင်ပြီး အကောင်းဆုံးအုပ်စုဒုတိယနဲ့ခြေစစ်ပွဲဒုတိယအဆင့်ကိုတက်ရောက်နိုင် ခဲ့ပါတယ်။ မြန်မာယူ-၁၉အမျိုးသမီးအသင်းဟာ အကောင်းဆုံးအုပ်စုဒုတိယအဖြစ် ဂိုးကွာခြားချက်အသာနဲ့ ခြေစစ်ပွဲအောင်ခဲ့တာဖြစ်ပါတယ်။



44946597_1225668670905276_8921634847550603264_n.jpg

Photo: MFF

 

မြန်မာယူ-၁၉အမျိုးသမီးအသင်းဟာ အာရှယူ-၁၉အမျိုးသမီးချန်ပီယံရှစ်ခြေစစ်ပွဲအုပ်စု(င)မှာ အီရန်၊ လာအိုအသင်းတွေနဲ့ကျရောက်ခဲ့ပါတယ်။ ပွဲမစခင်က မြန်မာယူ-၁၉အသင်းအနေနဲ့ အုပ်စုဒုတိယအဆင့်ကို အလွယ်တကူတက်ရောက်နိုင်မယ်လို့မျှော်လင့်ခဲ့ကြပေမယ့် အုပ်စုအဖွင့်ပွဲမှာ လာအိုကို အမှတ်မထင် ၃-၄ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ ဒီအတွက် မြန်မာအသင်းဟာ အုပ်စုနောက်ဆုံးပွဲမှာ လာအိုကို ၄-၁ဂိုးနဲ့အနိုင်ရထားတဲ့ အီရန်ကို အနိုင်ကစားမှသာ ခြေစစ်ပွဲအောင်ဖို့မျှော်လင့်ချက်ရှိမှာဖြစ်ပါတယ်။

Photo: MFF

အောင်သူရဲ့ လက်ဒဏ်ရာ သက်သာလာပြီ 

မြန်မာအသင်းဟာ အုပ်စုနောက်ဆုံးပွဲမှာ အီရန်ကို ၁-ဝဂိုးနဲ့အနိုင်ရခဲ့ပါတယ်။ အာရှယူ-၁၉အမျိုးသမီးချန်ပီယံရှစ်ခြေစစ်ပွဲကို အုပ်စု၆စုခွဲထားပြီး အုပ်စုဗိုလ် ခြောက်သင်းနဲ့ အကောင်းဆုံးအုပ်စု ဒုတိယ နှစ်သင်း စုစုပေါင်း ရှစ်သင်းနောက်တစ်ဆင့်တက်ရောက်မှာဖြစ်ပါတယ်။ အောက်တိုဘာ ၂၈ရက်က ကစားခဲ့တဲ့ အုပ်စုပွဲစဉ်တွေအရ မြန်မာယူ-၁၉အမျိုးသမီးအသင်းဟာ ရမှတ် သုံးမှတ်၊ သွင်းဂိုး လေးဂိုး၊ ပေးဂိုးလေးဂိုး၊ ဂိုးကွာခြားချက် မရှိနဲ့ အကောင်းဆုံးဒုတိယအသင်းအဖြစ် ခြေစစ်ပွဲအောင်ခဲ့တာပါ။ မြန်မာအသင်းအုပ်စုမှာ အီရန်က အုပ်စုပထမနဲ့လွတ်လွတ်ကျွတ်ကျွတ် နောက်တစ်ဆင့်တက်ရောက်နိုင်ခဲ့ပါတယ်။ အကောင်းဆုံးအုပ်စု ဒုတိယနောက်တစ်နေရာအတွက် လက်ရှိအချိန်မှာ ကာဇက်စတန်၊ နီပေါနဲ့ လက်ဘနွန်တို့အပြိုင်ဖြစ်နေပါတယ်။

Photo: MFF

 

အာရှယူ-၁၉အမျိုးသမီးခြေစစ်ပွဲဒုတိယအဆင့်ကို လက်ရှိအချိန်မှာ သြစတြေးလျ၊ အီရန်၊ တောင်ကိုရီးယား၊ မြန်မာ၊ ဥဇဘတ်ကစ္စတန်၊ ဗီယက်နမ်တို့တက်ရောက်ထားနိုင်ပါတယ်။ ၂၀၁၉ အာရှယူ-၁၉အမျိုးသမီးချန်ပီယံရှစ် နောက်ဆုံးအဆင့်ပွဲစဉ်တွေကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမှာဖြစ်ပြီး အသင်းရှစ်သင်းပါဝင်ကစားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က