ဖီဖာ ဥက္ကဌ ဒီစတီဖာနိုအနေနဲ့ မြန်မာနိုင်ငံကို တစ်ကြိမ်လာရောက်ခဲ့ဖူးပါတယ်။

မလေးရှားနိုင်ငံမှာ ဖွင့်လှစ်တဲ့ အာရှဘောလုံးအဖွဲ့ချုပ် ရုံးချုပ်အသစ် ဖွင့်ပွဲအခမ်းအနားအပြီး နေ့လယ်ခင်းမှာ သီးသန့်တွေ့ဆုံဆွေးနွေးမှုတွေ ပြု လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။



Photo - MFF

 

မလေးရှားနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နဲ့ ဖီဖာဘောလုံးအဖွဲ့ချုပ် ဥက္ကဌတို့ နှစ်ဦးဟာ ဒီကနေ့နေ့လည်ပိုင်းက သီးသန့် တွေ့ဆုံမှု တစ်ရပ် ပြုလုပ်ခဲ့ကြပါတယ်။

ဆူဇူကီးကြိုတင်လက်မှတ်တွေကို အကန့်အသတ်မရှိရောင်းချပေးသွားမည် 

အာရှဘောလုံးအဖွဲ့ချုပ်ရဲ့ ရုံးချုပ်သစ် ဖွင့်လှစ်တဲ့ အခမ်းအနားကို တက်ရောက်ခဲ့ကြရင်း တွေ့ဆုံခဲ့တာ ဖြစ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က မြန်မာ့ဘောလုံးလောကအတွက် ဖီဖာဥက္ကဌကို တင်ပြတောင်းဆိုခဲ့တာတွေရှိပါတယ်။

Photo - MFF

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ ဖော်ပြချက်အရဆိုရင် ဦးဇော်ဇော်က ဖီဖာ ဥက္ကဌထံကနေ နည်းပညာ အကူအညီနဲ့အခြားပံ့ပိုးကူညီမှုများ ပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပြီး ဖီဖာ ဥက္ကဌကလည်း မြန်မာ့ဘောလုံးလောကအတွက် လိုအပ်တဲ့ ပံ့ပိုးပေးမှုတွေ ပြုလုပ်ပေးသွားမယ်လို့ဆိုခဲ့တယ် လို့လည်း သိရပါတယ်။

အဓိက နည်းပညာ ကူညီပံ့ပိုးပေးဖို့ MFF ဥက္ကဌ ဦးဇော်ဇော်တောင်းဆိုခဲ့တဲ့ အကြောင်းအရာတွေကတော့ လူငယ်ဖွံ့ဖြိုးရေး စီမံကိန်းများ Youth Development Administration, National League and Competition Development, Sports Medicine, Media & Marketing Development အစရှိတဲ့ ကိစ္စရပ်တွေအတွက်အဓိက ဖြစ်တယ်လို့ သိရပါတယ်။

Photo - MFF

 

ဖီဖာဥက္ကဌ ဒီစတီဖာနိုအနေနဲ့ ရန်ကုန်အကယ်ဒမီဖွင့်ပွဲအခမ်းအနားမှာတုန်းက မြန်မာနိုင်ငံကို တစ်ခေါက်လာရောက်ခဲ့ဖူးပြီး ဦးဇော်ဇော်နဲ့က တော့ ပုဂ္ဂိုလ်ရေး ရင်းနှီးမှုလည်း များစွာရှိကြသူတွေဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က