AD
AD
AD

နောက်ဆုံး ၁၃ ကြိမ် ပြိုင်ပွဲစုံမှာ တွေ့ဆုံထားရာမှာတော့ မြန်မာအသင်းက ၁၁ ပွဲနိုင် တစ်ပွဲသရေကျထားပြီး ကမ္ဘောဒီးယားအသင်းကတော့ ၂၀၁၅ ခုနှစ် ခြေစမ်းပွဲတုန်းက တစ်ပွဲသာ နိုင်ထားပါတယ်။

play

 

အာဆီယံ ဆူဇူကီးဖလား ပြိုင်ပွဲကျင်းပဖို့ ရက်ပိုင်းသာလိုတော့ချိန်မှာ မြန်မာ့လက်ရွေးစင်အသင်းကတော့ ကာတာနိုင်ငံမှာ အခုချိန်ထိ နေထိုင် လေ့ကျင့်နေဆဲပါ။

 

မြန်မာအသင်းရဲ့ အုပ်စု(က)မှာ ပြိုင်ဖက်တွေက ဗီယက်နမ်၊မလေးရှား၊ကမ္ဘောဒီးယားနဲ့ လာအိုအသင်းတို့ ရှိနေပြီး အခုပထမဆုံး တွေ့ဆုံရမယ့် ကမ္ဘောဒီးယားအသင်းအကြောင်း အရင်ပြောချင်ပါတယ်။

play
Photo - Cambodia Football Federation

 

ကမ္ဘောဒီးယားနဲ့ မြန်မာက နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ကစားရမှာ ဖြစ်ပြီး မြန်မာအသင်းအတွက် ဆူဇူကီးအဖွင့်ပွဲဖြစ်ပါတယ်။ ကမ္ဘောဒီးယား အသင်းကတော့ မြန်မာနဲ့ မကစားမီ နိုဝင်ဘာ ၈ ရက်နေ့မှာ မလေးရှားအသင်းကို အိမ်ကွင်းဧည့်ခံ ကစားခဲ့မှာဖြစ်လို့ အနည်းငယ် ပွဲပန်းနေနိုင်ပါ တယ်။

မြန်မာအသင်းနဲ့ ကမ္ဘောဒီးယားအသင်းဆိုတာ အာဆီယံဒေသတွင်းမှာမကြာခဏဆိုသလိုထိပ်တိုက်တွေ့ဆုံနေတဲ့အသင်းတွေ ဖြစ်ပေမယ့်လည်း အစဉ်အလားအားဖြင့်တော့ မြန်မာက အပြတ်အသတ်သာပါတယ်။

play
Photo - MFF

 

လေ့ကျင့်ပြင်ဆင်နေမှု
----------------------

မြန်မာအသင်းကတော့ ဆူဇူကီးကို အများကြီးမျှော်လင့်ထားပါတယ်။ချန်ပီယံဖြစ်ဖို့အထိ မရည်ရွယ်ထားပေမယ့် ဒီနှစ်မှာတော့ အနည်းဆုံး ဆီးမီး ထိတော့ တက်လှမ်းဖို့ ကြိုးပမ်းနေပြီး ဗိုလ်လုပွဲကို တက်ရောက်နိုင်ဖို့လည်း အားထုတ်ကြိုးပမ်းနေပါတယ်။ ၂၀၁၆ ဆူဇူကီးတုန်းက ဆီမီးဖိုင်နယ် ကို အုပ်စုဒုတိယနဲ့တက်လှမ်းနိုင်ခဲ့ပေမယ့် ဆီမီးဖိုင်နယ်မှာ ထိုင်းကို နှစ်ကျော့ပေါင်းရလဒ် ၆-၀ ဂိုးနဲ့ အရေးနိမ့်ပြီး ဆီမီးဖိုင်နယ်နဲ့ပဲ ကျေနပ်လိုက် ရပါတယ်။

ဒီတစ်ကြိမ်မှာလည်း အသင်းကို အကောင်းဆုံး ပြင်ဆင်နေပြီး ဂျာမန်လူမျိုး နည်းပြ အန်တွန်နီဟေးကို နည်းပြချုပ်ခန့်အပ်ပြီး ခြေစမ်းပွဲတွေ အပါ အ၀င် အခုလည်း ကာတာနိုင်ငံမှာ တစ်လနီးပါးလောက် နေထိုင်နေလ့ကျင့်နေစေပါတယ်။ ကာတာမှာ ခြေစမ်းပွဲတွေ ၃ ပွဲကစားပြီး အတွေ့ အကြုံကောင်းတွေနဲ့ အသင်းကို ပြင်ဆင်နေသလို ကာတာခရီးစဉ်မတိုင်မီလည်း ဖီဖာအသိအမှတ်ပြု ခြေစမ်းပွဲတွေ အဖြစ်  အသင်းကြီးတွေ ဖြစ် ကြတဲ့ တရုတ်၊ဘိုလီးဗီးယား၊ဘာရိန်းအသင်းတို့အပါအ၀င် အာဆီယံဒေသတွင်း တောင့်တင်းတဲ့ အသင်းတစ်သင်းဖြစ်တဲ့ အင်ဒိုနီးရှားအသင်းတို့ နဲ့ ခြေစမ်းကစားခဲ့ပါသေးတယ်။

play
Photo - Cambodia Football Federation

 

ကမ္ဘောဒီးယားအသင်းကတော့ ဆူဇူကီးအတွက် ပြင်ဆင်မှုအနေနဲ့ ပထမဆုံး ဂျပန်လက်ရွေးစင်ဟောင်း ကိုင်ဆူကီဟွန်ဒါကို နည်းပြချုပ် အဖြစ် ခန့်အပ်ခဲ့ပါတယ်။ ဟွန်ဒါက အေလိဂ်မှာ ကစားနေပေမယ့်လည်း ကမ္ဘောဒီးယားအသင်းကို ပူးတွဲ တာဝန်ယူကိုင်တွယ်နေတာ ဖြစ်ပြီး အဓိကက တော့ ဂျပန်နည်းစနစ်တွေကို ကမ္ဘောဒီးယားအသင်း ရယူနေတာ မြင်သာပါတယ်။နောက်တစ်ခုကတော့ ကမ္ဘောဒီးယားအသင်းဟာ အိမ်ကွင်းမှာ ဖီဖာ အသိအမှတ်ပြု ခြေစမ်းပွဲတွေအဖြစ် အရှေ့တီမော၊စင်ကာပူအသင်းတို့ ကစားခဲ့ရာမှာလည်း တီမောကို ၂ ဂိုးစီ သရေကျခဲ့ပြီး စင်ကာပူကို တော့ ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ထားပါတယ်။အဲ့နောက် ပြည်ပကို ဆက်လက်ထွက်ခွာပြီး ပြင်ဆင်တော့ခြင်းမရှိပဲ ပြည်တွင်းမှာသာ နေထိုင်လေ့ကျင့်နေပါ တယ်။

play
Photo - Football Empires

 

နှစ်သင်းကြားထိပ်တိုက်တွေ့ဆုံမှု
--------------------------------

မြန်မာနဲ့ ကမ္ဘောဒီးယားအသင်းတို့ နောက်ဆုံး တွေ့ဆုံထားတာက ၂၀၁၇ နိုဝင်ဘာလ ၉ ရက်နေ့က ဖြစ်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာ ခြေစမ်း ကစားခဲ့တာ ဖြစ်ပြီး မြန်မာအသင်းက ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ အဲ့ဒီပွဲစဉ်ရဲ့ ရှေ့မှာတော့ ၂၀၁၆ ဆူဇူကီး အုပ်စုတွင်း တွေ့ဆုံခဲ့သေးပြီး မြန်မာ အသင်းကသာ ၃-၁ ဂိုးနဲ့ နိုင်ခဲ့ပါတယ်။

play

 

စုစုပေါင်း ၁၉၉၆ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့က ကစားခဲ့တဲ့ အာဆီယံ ချန်ပီယံရှစ်ပြိုင်ပွဲအပါအ၀င် နောက်ဆုံး ကစားထားတဲ့ ၂၀၁၇ နိုဝင် ဘာလ ၉ ရက်နေ့ ခြေစမ်းပွဲအထိ ပွဲစဉ်ပေါင်း ၁၃ ပွဲတိတိ ထိပ်တိုက်တွေ့ထားပါတယ်။

play
Photo - camsports.org

 

မြန်မာအသင်းက ၁၁ ပွဲနိုင်ထားပြီး ၁ ပွဲသရေကျကာ ကမ္ဘောဒီးယားအသင်းကတော့ ၁ ပွဲသာ အနိုင်ရထားလို့ နှစ်သင်းကြား ထိပ်တိုတွေ့ဆုံ ထားမှုမှာ မြန်မာက အပြတ်အသတ်အသာစီးရနေတာ ဖြစ်ပါတယ်။

play
Photo - MFF

 

ကစားသမား အားပြိုင်မှု
-----------------------

မြန်မာအသင်းမှာ လက်ရှိ ပါဝင်နေတဲ့ ကစားတွေထဲက နှစ်ဦး က ထိုင်းလိဂ်တွေမှာ ကစားနေတဲ့သူတွေပါ။အောင်သူက ထိုင်းလိဂ်(၁)ကလပ် Police Tero အသင်းမှာ ကစားခဲ့တာ ဖြစ်ပြီး ကောင်းဆက်နိုင်ကတော့ ထိုင်းလိဂ်(၂)ကလပ် ဆာမတ်ဆာခွန်အသင်းမှာ ကစားခဲ့သူပါ။ ကျန် ကစားသမားတွေကတော့ ပြည်တွင်းလိဂ်က ကစားသမားတွေနဲ့စုဖွဲ့ထားတာဖြစ်ပါတယ်။

ကမ္ဘောဒီးယားအသင်းမှာလည်း ပြည်ပလိဂ်မှာ ကစားနေတဲ့ ကစားသမားတွေရှိပါတယ်။ အဓိက တိုက်စစ်မှူး ချန်ဗက်သနာကဆိုရင် ဂျေလိဂ်၂ အထိ သွားရောက်ကစားဖူးပါတယ်။နောက်ဆုံးကစားထားတာကတော့ မလေးရှားကလပ် ပါဟန်းအသင်းမှာဖြစ်ပြီး ကျန်ကစားသမားတွေဖြစ် ကြတဲ့ တိုက်စစ်မှူး ပရက်ခ်မော်နီဆိုရင်လည်း မလေးရှားကလပ် နီဂီရီအသင်းမှာလည်းကောင်း၊နောက်ခံလူ ဘင်သီယာရီဆိုရင်လည်း မလေးရှား ကလပ် တီရန်ဂါနူအသင်းမှာကစားနေတာပါ။

play
Photo - Cambodia Football Federation

 

ကစားသမားပိုင်းမှာ နှစ်သင်းစလုံး ပြည်ပထွက်ကစားနေသူတွေ ပါဝင်နေပေမယ့်လည်း မြန်မာကစားသမားတွေက အာဆီယံဒေသတွင်းအဆင့် မြင့်ဆုံးလိဂ်ဖြစ်တဲ့ ထိုင်းလိဂ်မှာ ကျင်လည်နေသူတွေပါ။

နှစ်သင်းကြား ခြုံငုံကြည့်မယ်ဆိုရင် ပြည်ဆင်နေမှုအပိုင်းမှာ မြန်မာက ပိုသာပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုပိုင်းမှာလည်း သိသိသာသာ အပြတ် အသတ်သာလွန်နေပြန်ပါတယ်။ နောက်ဆုံး ကစားသမားစုဖွဲ့မှုမှာလည်း မြန်မာအသင်းက နှာတစ်ဖျားသာနေပါသေးတယ်။ ဒါကြောင့် ဆူဇူကီး အဖွင့်ပွဲမှာ မြန်မာအသင်းကို အဝေးကွင်းလာကစားမယ့် ကမ္ဘောဒီးယားအသင်းဟာ မြန်မာအတွက်တော့ ငယ်နိုင်အသင်းတစ်သင်းအဖြစ် ရှိနေ ဆဲပါပဲ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD