စောင့်ကြည့်ရမယ့် ကစားသမားစာရင်းကို AFF Suzuki Cup တရားဝင်ဝက်ဘ်ဆိုက်ကနေထုတ်ပြန်ခဲ့ရာမှာ ပါဝင်ခဲ့တဲ့ ကစားသမားတွေကတော့……

အာဆီယံဒေသတွင်းရဲ့အမြင့်ဆုံးဘောလုံးပြိုင်ပွဲဖြစ်တဲ့ အာဆီယံဆူဇူကီးချန်ပီယံရှစ်ပြိုင်ပွဲကြီး နိုဝင်ဘာ ၈ရက်ဆိုရင် စတင်ပါတော့မယ်။ အာဆီယံဒေသတွင်းနိုင်ငံတွေအားလုံးဝင်ရောက်ယှဉ်ပြိုင်မယ့် ဒီပြိုင်ပွဲကြီးမှာ နိုင်ငံ့လက်ရွေးစင်အသီးသီးက ကစားသမားတွေကလည်း ကိုယ့်နိုင်ငံအတွက် အစွမ်းကုန်ကြိုးစားကစားကြတော့မှာပါ။ မြန်မာအသင်းပါဝင်တဲ့ အုပ်စု(က)ရဲ့အသင်းတွေက စောင့်ကြည့်ရမယ့် ကစားသမားစာရင်းကို AFF Suzuki Cup တရားဝင်ဝက်ဘ်ဆိုက်ကနေထုတ်ပြန်ခဲ့ရာမှာ ပါဝင်ခဲ့တဲ့ ကစားသမားတွေကတော့……



5a69ce340515d8fedb000002.jpeg

Photo: AFF

 

ဖန်ဒက်ဟွိုင်း (ဗီယက်နမ်)

ဗီယက်နမ်လက်ရွေးစင်အသင်းရဲ့ကွင်းလယ်တောင်ပံကစားသမားပါ။ တောင်ပံတစ်လျှောက်အဆင်းအတက် ကစားပုံမြန်ဆန်ပြီး ခံစစ်နဲ့တိုက်စစ်မျှတအောင် ချိန်ညှိုကစားနိုင်စွမ်းရှိသူပါ။ အာရှယူ-၂၃ချန်ပီယံရှစ်ပြိုင်ပွဲ ဗိုလ်လုပွဲတက်ခဲ့တဲ့ ဗီယက်နမ်ယူ-၂၃အသင်းနဲ့အတူ ထွန်းတောက်လာတဲ့ လူငယ်ကစားသမားတစ်ဦးဖြစ်ပြီး ဆူဇူကီးမှာ ပြိုင်ဖက်တွေအတွက် ဗီယက်နမ်ရဲ့ကျည်တစ်တောင့်ဖြစ်လာနိုင်ပါတယ်။

Photo: AFF

 

နိုရှားအဒလန်တလာဟာ (မလေးရှား)

ကွင်းလယ်တိုက်စစ်အားသန်ကစားသမား။ အတွေ့အကြုံရင့်တယ်။ အသက် ၃၂နှစ်ရှိပြီ။ ၂၀၁၄ ဆူဇူကီးဖလားကတည်းက လက်ရွေးစင်အသင်းရဲ့အားထားရတဲ့ ကစားသမားတစ်ဦး။ သူကတော့ မလေးရှားလက်ရွေးစင်ကစားသမား တလာဟာပါ။ ကွင်းလယ်ကစားသမားတစ်ဦးအနေနဲ့ ကစားကွက်ဖန်တီးမှုအပြင် ပြင်းထန်အားပါတဲ့ ကန်ချက်တွေနဲ့ ဂိုးကန်သွင်းမှုတွေ လုပ်နိုင်ပါတယ်။ မလေးရှားလက်ရွေးစင်အသင်းရဲ့ကစားပုံအတက်အကျကို ထိန်းပေးနိုင်တဲ့ ကစားသမားမျိုးပါ။

အသင်းမရလို့ ကာတာမှာ မြန်မာအသင်း ခြေစမ်းပွဲ ကစားတော့မှာ မဟုတ် 

Photo: AFF

 

ဆူကာဖုန် (လာအို)

လာအိုရဲ့ကျောနံပါတ်(၇) ကစားသမားပါ။ လာအိုအသင်းကို အဓိကမောင်းနှင်မယ့်ကစားသမားလို့ ပြိုင်ဖက်တွေက သိထားကြပါတယ်။ အသက် ၂၆နှစ်ရှိပါပြီ။ ကွင်းလယ်တိုက်စစ်ကစားသမားအနေနဲ့ လာအိုအသင်းရဲ့ရှားပါးတဲ့ နိုင်ပွဲတစ်ချို့ကို ပုံဖော်ဖန်တီးပေးထားနိုင်ပါတယ်။ လာအိုလက်ရွေးစင်အသင်းအတွက် ၄၁ပွဲအထိကစားပေးထားပြီး ၁၂ဂိုးသွင်းယူထားနိုင်ပါတယ်။

Photo: AFF

 

ဘရက်သီဗာ (ကမ္ဘောဒီးယား)

ကမ္ဘောဒီးယားရဲ့သူရဲကောင်းအသစ်တစ်ဦးအဖြစ် ခမာတွေက သတ်မှတ်ထားကြပါတယ်။ ကမ္ဘောဒီးယား ထိပ်တန်းကလပ် ဖနွမ်းပင်ခရောင်းအသင်းရဲ့လူငယ်တိုက်စစ်မှူး တစ်ဦးပါ။ အသက် ၁၉နှစ်ပဲရှိသေးတဲ့ သီဗာက လှုပ်ရှားမှုမြန်ဆန်တယ်။ ဖန်တီးနိုင်စွမ်းရှိတယ်။ ဂိုးသွင်းသေချာတယ်။ နည်းပြသစ် ဟွန်ဒါရဲ့ပွဲထွက်စာရင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရနေသူပါ။

Photo: AFF

 

ဒေးဗစ်ထန်း (မြန်မာ)

ငယ်ရွယ်တဲ့ ကစားသမားတွေပါဝင်တဲ့ မြန်မာအသင်းမှာ အတွေ့အကြုံရင့်ကျက်ပြီးအသင်းကို ထိန်းကျောင်းပေးမယ့် တစ်ဦးတည်းသော ဝါရင့်ကစားသမားပါ။ ညတောင်ပံခံစစ်မှာ အတက်အဆင်းကစားနိုင်ပြီး ဖြတ်တင်ဘောတွေပြုလုပ်နိုင်သလို အခွင့်ရရင် ကိုယ်တိုင်လည်း ဂိုးသွင်းယူနိုင်ပါတယ်။ ပြိုင်ဖက်တိုက်စစ်မှူးတွေအတွက် ကျော်ဖြတ်ရခက်တဲ့ ခံစစ်ကစားသမားပါ။ အသက် ၂၈နှစ်ရှိပြီး လက်ရွေးစင်အသင်းအတွက် ၄၆ပွဲကစားထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က