မနက်ဖြန်မှာ ကမ္ဘောဒီးယားအသင်းနဲ့ ဆက်လက်ကစားရပါမယ်။

တစ်ဦးချင်းကစားပုံ အားနည်းပြီး မယှဉ်နိုင်ခဲ့လို့ အခုလို ရှုံးနိမ့်ခဲ့ရတာပါလို့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ နည်းပြချုပ် ဦးဌေးမြင့်က ပြောခဲ့တာ ဖြစ်ပါတယ်။



Photo - MFF

 

အာဆီယံ MNC ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို အင်ဒိုနီးရှားက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေပြီး ဒီကနေ့ နေ့လည်ကတော့ မြန်မာအသင်းဟာ အိမ်ရှင် အင်ဒိုနီးရှားအသင်းနဲ့ စတင်ကစားရပါတယ်။

ဆူဇူကီးပြိုင်ပွဲရဲ့ စိတ်ဝင်စားဖွယ် အချက်အလက်မှတ်တမ်းများ 

အင်ဒိုနီးရှားအသင်းကတော့ အဖွင့်ပွဲပီပီ မြန်မာကို ဖိဖိစီးစီး ကစားသွားပြီး ၅-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ မြန်မာအသင်းအတွက် တစ်လုံး တည်းသော ချေပဂိုးကို လှိုင်မင်းထွန်းက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

Photo - MFF

 

အခုလို မြန်မာအသင်း အဖွင့်ပွဲမှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့အတွက် နည်းပြချုပ်း ဦးဌေးမြင့်ကတော့ - " ကျွန်တော်တို့ ကစားသမားတွေပထမပိုင်းမှာ ၄-၁ ဂိုးနဲ့ ရှုံးနေခဲ့ပေမဲ့ ကောင်းကောင်းကစားနိုင်ခဲ့တယ်။ နောက်ပိုင်းမှာတော့ တစ်ဦးချင်းကစားအားကို မယှဉ်နိုင်ခဲ့တာကြောင့် ရှုံးခဲ့ရတာပါ။ အင်ဒိုနီးရှားအသင်းကတော့ မနှစ်က ဗီယက်နမ်ပြိုင်ပွဲ ကလိုမဟုတ်ပဲကြံ့ခိုင်မှုပိုင်းမှာ အများကြီးတိုးတက်ခဲ့ပါတယ်"လို့ ပွဲပြီး သတင်းစာရှင်းလင်း ပွဲမှာ ပြောခဲ့ပါတယ်။

မြန်မာအသင်းကတော့ ဒီအုပ်စုမှာ အိမ်ရှင် အင်ဒိုနီးရှားအပါအဝင် မလေးရှား၊ကမ္ဘောဒီးယားအသင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက်နေတာကြောင့် ဒုတိယပွဲအဖြစ် မနက်ဖြန်မှာ ကမ္ဘောဒီးယားအသင်းနဲ့ ဆက်လက်ကစားပါမယ်။

Photo - MFF

 

ဒီပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံကတော့ ထိုင်းအသင်းဖြစ်ပြီး မြန်မာအသင်းကတော့ ၂၀၁၆ တုန်းက ဒုတိယငွေတံဆိပ်နဲ့ မနှစ်က တတိယကြေးတံ ဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က