မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့တာပါ။

ပဏာမ မြန်မာ့လက်ရွေးစင်အသင်းရဲ့ ကစားသမား (၂)ဦးဖြစ်တဲ့ နောက်ခံလူ ထိုက်ထိုက်အောင် နဲ့ ကွင်းလယ်လူ မျိုးကိုထွန်းတို့ဟာ ဒဏ်ရာအသီးသီး ရရှိနေခဲ့လို့ လာမယ့် ၂၀၁၈ ဆူဇူကီးဖလားပြိုင်ပွဲကို လွဲချော်ခဲ့ရတယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန် သွားခဲ့ပါတယ်။

Photo : MFF

 

ထိုက်ထိုက်အောင်ဟာ ပေါင်ကြွက်သားဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး မျိုးကိုထွန်းကတော့ ဒူးဒဏ်ရာ ရရှိခဲ့တာလို့ ဖော်ပြခဲ့ပြီး အသင်းကနေ ပြန်လည်စေလွှတ်လိုက်တယ်လို့လည်း သိရပါတယ်။ မကြာခင်ကျင်ပးတော့မယ့် ဆူဇူကီးဖလားပြိုင်ပွဲ နီးကပ်လာမှ ဒဏ်ရာရရှိခဲ့တဲ့အတွက် ထိုက်ထိုက်အောင် နဲ့ မျိုးကိုထွန်းတို့အတွက်တော့ စိတ်ပျက်စရာ ဒဏ်ရာရရှိခဲ့မှု ဖြစ်ခဲ့ပါတယ်။

Photo : MFF

 

ထိုက်ထိုက်အောင် နဲ့ မျိုးကိုထွန်းတို့ဟာ မြန်မာအသင်းအတွက် အားထားရတဲ့ ကစားသမားတွေထဲမှာ အပါအဝင်ဖြစ်ပြီး သူတို့နှစ်ဦး ဒဏ်ရာရရှိခဲ့မှုဟာ မြန်မာအသင်းအတွက်လည်း နစ်နာမှုဖြစ်ခဲ့ရပါတယ်။ ဘိုလီဗီယားနဲ့ ရန်ကုန်မြို့မှာ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာလည်း သူတို့နှစ်ဦးစလုံး ပါဝင်ကစားခွင့်ရခဲ့ပါတယ်။

Photo : MFF

 

မြန်မာအသင်းဟာ ဆူဇူကီးဖလားအဖွင့်ပွဲကို နိုဝင်ဘာလ (၁၂)ရက်နေ့မှာ ကမ္ဘောဒီးယားအသင်းနဲ့ မန္တလေးမြို့မှာ ကစားရမှာဖြစ်ပါတယ်။ လက်ရှိအချိန်ထိတော့ မြန်မာအသင်းရဲ့ အပြီးသတ်လူစာရင်းကို ထုတ်ပြန်ကြေငြာမှု မရှိသေးပါဘူး။ မြန်မာအသင်းကတော့ ဆူဇူကီးပြိုင်ပွဲအတွက် ကာကာနိုင်ငံကို သွားရောက်လေ့ကျင့်ခဲ့ပြီး ဘာရိန်းလက်ရွေးစင်အသင်းအပါအဝင် ကာတာကလပ်အသင်းများနဲ့ ခြေစမ်းပွဲတွေ ကစားခဲ့ပြီး ဖြစ်ပါတယ်။

Photo : MFF

 

မြန်မာအသင်းကတော့ (၁၂)ရက်နေ့မှာ ကမ္ဘောဒီယားအသင်းနဲ့ ကစားသွားမှာဖြစ်ပြီး နိုဝင်ဘာလ (၁၆)ရက်နေ့မှာ လာအိုအသင်းနဲ့ အဝေးကွင်းမှာ ကစားရမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ (၂၀)ရက်နေ့မှာ ဗီယက်နမ်အသင်းကို အိမ်ကွင်းပွဲအဖြစ် ဧည့်ခံကစားရမှာ ဖြစ်ပြီး ရန်ကုန်မြို့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ အုပ်စုနောက်ဆုံးပွဲကိုတော့ နိုဝင်ဘာလ (၂၄)ရက်နေ့မှာ မလေးရှားအသင်းနဲ့ အဝေးကွင်းမှာ သွားရောက်ကစားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က