မလေးရှားနဲ့ အုပ်စုနောက်ဆုံးပွဲ ကစားရမှာပါ။

ဒီနေ့မှာ ဆက်လက်ကျင်းပခဲ့တဲ့ AFF MNC ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ ဒုတိယပွဲမှာ မြန်မာအသင်းဟာ ကမ္ဘောဒီးယားအသင်းကို (၁၁)ဂိုးအထိသွင်းပြီး ဂိုးပြတ်အနိုင်ရရှိသွားခဲ့ပါတယ်။ အဖွင့်ပွဲမှာ အင်ဒိုနီးရှားအသင်းကို (၅-၁) ဂိုးနဲ့ ဂိုးပြတ်အရေးနိမ့်ထားတဲ့ မြန်မာအသင်းဟာ နိုင်ပွဲရဖို့ လိုအပ်တဲ့အပြင် ဂိုးအများအပြားလည်း သွင်းနိုင်မှဖြစ်တာမို့ ဒီနေ့မှာ အားထုတ်ကစားသွားခဲ့ပါတယ်။



Photo : MFF Futsal Facebook Page

 

ဒီအတွက်ကြောင့် တိုက်စစ်ကို အဓိကအားပြုပြီး တရစပ်တိုက်စစ်ဆင် ကစားခဲ့ပါတယ်။ မြန်မာအသင်းရဲ့ တိုက်စစ်ပိုင်းက ဖိအားပေးမှုကို ကမ္ဘောဒီးယားအသင်း ကြံ့ကြံ့မခံနိုင်ခဲ့တော့ပဲ သွင်းဂိုးတွေ ခွင့်ပြုခဲ့ရပြီး (၁၁-၂)ဂိုးနဲ့ ဂိုးပြတ်အရေးနိမ့်သွားခဲ့ပါတယ်။ မြန်မာအသင်းအတွက် အနိုင်ဂိုးတွေကို နိုင်လင်းထွန်းကျော်က (၃)ဂိုး၊ ပြည့်ဖြိုးမောင် (၂) နဲ့ ပြည့်ဖြိုးမောင် (၃)တို့က (၂)ဂိုးစီ သွင်းယူပေးခဲ့ပါတယ်။

Photo : MFF Futsal Facebook Page

ကျော်စိုးမိုး၊ အောင်ဇင်ဦး၊ ငြိမ်းမင်းစိုး နဲ့ နိုင်ရဲကျော်တို့က တစ်ဂိုးစီ သွင်းပေးခဲ့တာမို့ မြန်မာအသင်း ဂိုးပြတ်အနိုင်ပွဲ ရရှိသွားခဲ့ပါတယ်။ မြန်မာအသင်းဟာ အုပ်စုအဖွင့်ပွဲစဉ် (၂)ပွဲကစားအပြီးမှာ တစ်ပွဲနိုင်၊ တစ်ပွဲရှုံးထားပြီး ရဂိုး (၁၂)ဂိုး၊ ပေးဂိုး (၇)ဂိုး ရှိခဲ့ပါတယ်။ အုပ်စုနောက်ဆုံးပွဲအဖြစ် မလေးရှားအသင်းနဲ့ ကစားသွားရမှာဖြစ်ပြီး နိုဝင်ဘာလ (၇)ရက်နေ့ နံနက် (၁၁)နာရီမှာ ကစားသွားမှာ ဖြစ်ပါတယ်။

Photo : MFF Futsal Facebook Page

 

MFF Futsal Facebook Page က ဖော်ပြခဲ့တဲ့ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းနည်းပြချုပ် ဦးဌေးမြင့်က "ကျွန်တော် ကစားသမားတွေ အားလုံး ကြိုးစားကစားခဲ့ကြပါတယ်။ လိုချင်တဲ့ ဂိုးအရေအတွက်ကို မရရှိခဲ့ပေမဲ့ ကစားသမားတွေရဲ့ စွမ်းဆောင်မှုကို ကျေနပ်ပါတယ်။ မလေးရှား အသင်းနဲ့ ပွဲစဉ်မှာ မဖြစ်မနေ အနိုင် ရဖို့ ကြိုးစားသွားပါမယ်။ မလေးရှားအသင်းကစားတဲ့ ပွဲကိုလည်း ဗီဒီယိုပြန်ကြည့်မယ်။ ကျွန်တော်တို့ ကစားခဲ့တဲ့ ပွဲတွေကိုလည်း ဗီဒီယိုပြန်ကြည့်ပြီး အမှားတွေကို ပြင်ဆင်သွားပါမယ်"ဟု ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က