ပယ်နယ်တီ မဝင်ခဲ့တာနဲ့ ပတ်သက်ပြီး ပြောခဲ့တာပါ။

မြန်မာအသင်းက ကမ္ဘောဒီးယားအသင်းကို (၄-၁) ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ဆူဇူကီးဖလားပွဲစဉ်မှာ မြန်မာအသင်းရဲ့ အားထားရတဲ့ တိုက်စစ်မှူး အောင်သူဟာ ပွဲချိန် (၆၇)မိနစ်မှာ ရရှိခဲ့တဲ့ ပယ်နယ်တီကို လွဲချော်ခဲ့ပါတယ်။ အသင်းအတွက် အရေးပါတဲ့ အနိုင်ဂိုးကို အောင်သူ လွဲချော်ခဲ့တာဖြစ်ပြီး ကစားသမားကိုုယ်တိုင်လည်း စိတ်ပျက်မှုတွေ ဖြစ်ခဲ့ပါတယ်။



 

အောင်သူကတော့ မြန်မာအသင်းအတွက် ပွဲထွက်ကစားခွင့် မရရှိခဲ့ပဲ ဒုတိယပိုင်းမှာမှ လူစားလဲလှယ်ကစားခဲ့တာ ဖြစ်ပါတယ်။ အောင်သူ ပါဝင်လာခဲ့ပြီးနောက်မှာ မြန်မာအသင်းရဲ့ ကစားပုံက သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး ကမ္ဘောဒီးယားကို တိုက်စစ်ဆင် ကစားနိုင်ခဲ့လို့ အောင်သူဟာ မြန်မာအသင်းအတွက်တော့ မရှိမဖြစ် ကစားသမား ဖြစ်တယ်ဆိုတာ သိသာစေခဲ့ပါတယ်။

 

မြန်မာအသင်းအတွက် ပယ်နယ်တီ လွဲချော်ခဲ့တဲ့ အောင်သူနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ မေးမြန်းမှုကို အန်တွန်နီဟေးက အခုလိုပဲ ပြန်လည်ဖြေကြားသွားခဲ့ပါတယ်။

"အောင်သူက နိုင်ငံအသင်းအတွက် ဂိုးသွင်းဖို့ တာဝန်ယူခဲ့တာပါ၊ သူက တာဝန်သိစိတ်ရှိတဲ့သူဖြစ်ပြီး သူ့အတွက် ဂိုးသွင်းဖို့ ကြိုးစားတာမဟုတ်ပါဘူး၊ အသင်းအတွက်ပါ၊ ဒီလိုမျိုး တာဝန်ယူစိတ်ရှိတဲ့ ကစားသမားမျိုးကို ကျွန်တော် ချီးကျူးပါတယ်၊ နောက်ပွဲတွေမှာလည်း အခွင့်အရေးရခဲ့ရင် သူ့ကို ပယ်နယ်တီ သွင်းခိုင်းဦးမှာပါ"

 

"အောင်သူက ထွက်ပြေးတတ်တဲ့ ကစားသမားမျိုး မဟုတ်ပါဘူး၊ နိုင်ငံအတွက် ဂိုးသွင်းဖို့ လိုအပ်ချိန်မှာ ဂိုးမရခဲ့လို့သာ သူစိတ်ပျက်ခဲ့တာပါ၊ သူက အသင်းအတွက် အရေးကြီးတဲ့ တိုက်စစ်မှူးလည်း ဖြစ်ပါတယ်" လို့ အန်တွန်နီဟေးက ပြောကြားခဲ့ပါတယ်။

 

အောင်သူဟာ ပယ်နယ်တီလွဲချော်ခဲ့အပြီးမှာ စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ပြီး အသင်းဖော်တွေက ဝိုင်းဝန်းနှစ်သိမ့်ခဲ့ရပါတယ်။ ဒုတိယပိုင်းမှာမှ ဝင်ရောက် ကစားခဲ့ရပေမယ့် အသင်းအတွက် ဂိုးရချင်စိတ် များပြားနေခဲ့ပြီး နိုင်ပွဲရဖို့အတွက် အောင်သူက ကြိုးစားကစားပေးခဲ့တာကို အားလုံး တွေ့မြင်ခဲ့ပြိး ဖြစ်ပါတယ်။ အန်တွန်နီဟေးကတော့ သူ့ရဲ့ တိုက်စစ်မှူးကို အထက်ပါအတိုင်းပဲ ချီးကျူးပြောဆိုသွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က