နိုင်ငံတကာ သတ်မှတ်ချက်အတိုင်း ကွင်းရဲ့ ၈ ရာခိုင်နှုန်းကို ရောင်းချပေးထားတာပါ။

ဗီယက်နမ် ပရိသတ်တွေအတွက် နိုင်ငံတကာ စံနှုန်းအတိုင်း ကွင်းရဲ့ ၈ ရာခိုင်နှုန်းဖြစ်တဲ့ လက်မှတ် ၂၄၀၀ သာရောင်းချပေးသွားမှာ ဖြစ်ပြီး ထပ် တိုးရောင်းချပေးဖို့ အစီအစဉ် မရှိသေးဘူးလို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စီမံ/လုံခြုံ ဒါရိုက်တာ ဦးမင်းဦးကြိုင်က ပြောပါတယ်။



 

အာဆီယံ ဆူဇူကီးဖလား ၂၀၁၈ ဘောလုံးပြိုင်ပွဲကို ကျင်းပလျက်ရှိပြီး ပုံစံသစ်အရ အိမ်ကွင်း အဝေးကွင်း ကစားစေတဲ့ ပုံစံမျိုးနဲ့ ကစားနေကြပါ တယ်။

လာအိုနဲ့ပွဲမှာ အောင်သူပွဲထွက်ဖို့ အန်တွန်နီဟေး အာမ,မခံ 

မြန်မာအသင်းကတော့ ပထမဆုံးပွဲအဖြစ် ကမ္ဘောဒီးယားကို မန္တလေးမှာ ဧည့်ခံကစားထားပြီး ၄-၁ ဂိုးနဲ့ နိုင်ထားပါတယ်။ ဒုတိယပွဲကိုတော့ ဒီက နေ့ လာအိုမှာ ကစားမှာပါ။

 

တတိယပွဲဖြစ်တဲ့ ဗီယက်နမ်နဲ့ ပွဲကိုတော့ လာမယ့် နိုဝင်ဘာ ၂၀ ရက်နေ့မှာ အိမ်ကွင်း ပြန်လည်ဧည့်ခံ ကစားသွားမှာ ဖြစ်ပါတယ်။ ဒီပွဲအတွက် ကြိုတင်လက်မှတ်တွေကို မနေ့ကတည်းက ရောင်းချပေးနေပါတယ်။

လှည်းတန်းစင်တာမှာ ရောင်းချနေတာ ဖြစ်ပြီး ဒီကနေ့မှာလည်း ဆက်လက်ရောင်းပေးသွားဦးမှာပါ။ ပထမဆုံးနေ့ရောင်းအားကတော့ အထူး တန်း အစောင် ၉၀၀ နဲ့ ရိုးရိုးတန်း ၆၇၂ စောင် ရောင်းအားရှိခဲ့တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စီမံ/လုံခြုံ ဒါရိုက်တာ ဦးမင်းဦးကြိုင်က ပြောပါတယ်။

 

"ကျွန်တော်တို့ လှည်တန်း တစ်နေရာတည်း ရောင်းအားဖြစ်ပါတယ်။ဒီနေ့နဲ့ နောက်ရက်တွေမှာလည်း ဆက်လက်ရောင်းပေးဦးမှာပါ။ ပွဲနေ့မှာ လည်း ဆက်လက်ရောင်းပေးဖို့ စီစဉ်ထားပါသေးတယ်။" လို့ဦးမင်းဦးကြိုင်က ပြောပါတယ်။

ပွဲနေ့မှာ အနည်းဆုံး လက်မှတ် အစောင်ရေ ၁၀၀၀ ခန့် ရောင်းချပေးဖို့ ချန်ထားပြီး လိုအပ်ပါက လက်ကျန် လက်မှတ်အားလုံးကို ထုတ်ရောင်း ပေးသွားမယ်လို့လည်း ဆိုပါတယ်။

အခုလိုမျိုး လက်မှတ်ကို ချင့်ချိန် ရောင်းနေရခြင်းကလည်း မှောင်ခိုအာပေးရာ ရောက်မှာ စိုးတဲ့ အတွက်လို့ သိရပြီး လူတစ်ဦးကို မှတ်ပုံတင် တစ် ခုပြတိုင်း လက်မှတ် ၂ စောင်နှုန်းနဲ့ ရောင်းချပေးနေတယ်လို့လည်း သိရပါတယ်။

အဝေးကွင်းလာရောက်အားပေးမယ့် ဗီယက်နမ် ပရိသတ်တွေအတွက်ကိုလည်း နိုင်ငံတကာ ဘောလုံး အဖွဲ့ချုပ်တွေရဲ့ သတ်မှတ်ချက်အတိုင်း ကွင်းရဲ့ ၈ ရာခိုင်နှုန်းဖြစ်တဲ့ စုစုပေါင်း လက်မှတ် ၂၄၀၀ ကို ရောင်းချပေးမှာလည်း ဖြစ်ပါတယ်။

အဲ့ဒီလက်မှတ်တွေကိုတော့ ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းရုံမှာ မနက်ဖြန်က စပြီး လာရောက်ဝယ်ယူနိုင်မှာ ဖြစ်သလို လက်ရှိအချိန်ထိ တော့ အဝေးကွင်းလက်မှတ်တွေ ထပ်တိုးရောင်းပေးဖိုု့ အစီအစဉ်မသိရသေးဘူးလို့လည်း ဦးမင်းဦးကြိုင်က ပြောပါတယ်။

"ကျွန်တော့်ကို အထက်က ညွှန်ကြားထားချက်အရ အဝေးကွင်းလက်မှတ်တွေကို ၂၄၀၀ ပဲ ရောင်းချပေးမှာပါ။ ဒီထက်ပိုပြီး ရောင်းချပေးဖို့ အစီ အစဉ်တော့ ကျွန်တော့်ကို ညွှန်ကြားလာခြင်းမရှိသေးပါဘူး။" လို့ ဦးမင်းဦးကြိုင်က ပြောပါတယ်။

မြန်မာအသင်းနဲ့ ဗီယက်နမ်အသင်းတို့ ပွဲစဉ်ကိုတော့ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းအတွင်း ယှဉ်ပြိုင်ကစားစေ မှာ ဖြစ်ပြီး ၂၀၁၆ ခုနှစ် ဆူဇူကီး တွေ့ဆုံမှုမှာတော့ ဗီယက်နမ်အသင်းက ၂-၁ ဂိုးနဲ့ အနိုင်ရထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က