မြန်မာအသင်းဟာ အုပ်စုအဖွင့်နှစ်ပွဲအပြီးမှာ ရမှတ်ခြောက်မှတ်နဲ့ အုပ်စုကို ဦးဆောင်နေပါတယ်။

မြန်မာအသင်းဟာ ဆူဇူကီးဖလားအုပ်စု(က)ဒုတိယပွဲစဉ်မှာ လာအိုကို ၃-၁ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။ မြန်မာအသင်းဟာ လက်ရှိအချိန်မှာ ရမှတ်ခြောက်မှတ်နဲ့ အုပ်စု(က)ကို ဦးဆောင်နေပါတယ်။



46350450_2391588060870314_492048787917766656_o.png

Photo: AFF Suzuki Cup

 

မြန်မာအသင်းကတော့ ကမ္ဘောဒီးယားနဲ့ပွဲက လူစာရင်းကို အနည်းငယ် အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး တိုက်စစ်မှာ အောင်သူ၊သန်းထက်အောင်နဲ့ အီစိုးတို့ကို တွဲဖက်ပြီး ၄-၃-၃ ပုံစံနဲ့ လာအိုအသင်းကို ရင်ဆိုင် ခဲ့ပါတယ်။

လာအိုနဲ့ပွဲမှာ အောင်သူပွဲထွက်ဖို့ အန်တွန်နီဟေး အာမ,မခံ 

လာအိုအသင်းကလည်း မြန်မာအသင်းကို ခံစစ်အားပြုပြီး ၅-၄-၁ ပုံစံနဲ့ ပြန်လည်ရင်ဆိုင်ခဲ့ပြီး လျင်မြန်တဲ့ တန်ပြန်တိုက်စစ်ကို အားကိုးခဲ့ရာမှာတော့ မထင်မှတ်ပဲ ဦးဆောင်ဂိုး ရသွားပါတယ်။ဒီဂိုးကိုတော့ ပွဲချိန် ၁၄ မိနစ်မှာ လာအို တိုက်စစ်မှူး အင်နလေက အဝေးကနေ အမှတ်မထင် ကန်သွင်းရ ယူသွားတာပါ။

Photo: AFF Suzuki Cup

 

မြန်မာအသင်းအနေနဲ့ ချေပဂိုးရဖို့ ပြန်လည်ကြိုးစားရာမှာ လူငယ်တိုက်စစ်မှူး အီစိုး အနည်းငယ် ခြေစွမ်း ကျဆင်းနေလို့ နောက်ထပ် တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ ထက်ဖြိုးဝေနဲ့ လူစားလဲခဲ့ရပါတယ်။ ထက်ဖြိုးေ၀ ဝင်လာပြီး မကြာပါဘူး မြန်မာအသင်း ချေပဂိုး ပြန်ရခဲ့ပြီး ထက်ဖြိုးေ၀ ကန်သွင်းတဲ့ ဘောလုံး လာအိုနောက်ခံလူနဲ့ ထိပြီး ပြန်ထွက်အလာ ထက်ဖြိုးဝေက အောင်သူကို ပြန်ချအပေး အောင်သူ မနားတမ်း ကန်သွင်းရယူပေးသွားတာပါ။ ပထမပိုင်း ပြီးဆုံးချိန်မှာတော့ လာအိုအသင်းနဲ့ မြန်မာအသင်းတို့ တစ်ဖက် တစ်ဂိုးစီ သရေရလဒ် ထွက်ပေါ် နေခဲ့ပါတယ်။

Photo: AFF Suzuki Cup

 

ဒုတိယပိုင်းမှာတော့ မြန်မာအသင်း လိုအပ်နေတဲ့ ဦးဆောင်ဂိုးတွေ ရဖို့ လာအိုအသင်းဖက်ကို တရစပ် ဖိအားပေး တိုက်စစ်ဆင်လာခဲ့ပါတယ်။လာအိုအသင်းကလည်း မြန်မာအသင်းဖက်ကို ပြန်လည်ဖိအားပေးခဲ့ပြီး လာအို တိုက်စစ်မှူး ရဲ့ ဂိုးကန်သွင်း ချက် ဂိုးဘေးတိုင်ထိထွက်ခဲ့လို့ သက်သာခဲ့ရပါတယ်။အဲ့နောက် မြန်မာအသင်းက တိုက်စစ်မှူး သန်းထက်အောင်အစား ဇင်မင်းထွန်းကို လူစားလဲခဲ့ပါတယ်။ ဇင်မင်းထွန်း ဝင်လာပြီးနောက် မြန်မာအသင်း ဦးဆောင်ဂိုးရခဲ့ပြီး ထက်ဖြိုးဝေက ဘယ်ခြေနဲ့ အဝေးကနေ အမှတ်မထင် ကန်သွင်းခဲ့တာပါ။ တစ်ချိန်တည်းမှာပဲ မြန်မာအသင်း တတိယ ဦးဆောင်ဂိုးရခဲ့ပြီး ဒီဂိုးကတော့ မောင်မောင်လွင်၊အောင်သူ၊ သိန်းသန်းဝင်းအတွဲကနေ မောင်မောင်လွင်က သွင်းယူခဲ့ပါတယ်။မြန်မာအသင်းကတော့ အခုပွဲနိုင်ခဲ့လို့ ၂ ပွဲကစား ၂ ပွဲနိုင် ရမှတ် ၆ မှတ်နဲ့ အမှတ်ပေးဇယားကို ဂိုးကွာခြားချက်အသာနဲ့ ထိပ်ဆုံးက ဦးဆောင်နေပါပြီ။ လာမယ့် နိုဝင်ဘာလ ၂၀ ရက်နေ့မှာတော့ ဗီယက်နမ်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရဖို့ ရှိနေပါ သေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က