ထိုင်းနဲ့ ဖိလစ်ပိုင်က ၆မှတ်စီနဲ့ အုပ်စု(ခ)ကို ဦးဆောင်နေကြပါတယ်။

ထိုင်းကတော့ ၂ ပွဲကစား ၂ ပွဲနိုင်ပြီး ရဂိုးကလည်း ကွာခြားချက်များလို့ ရမှတ် ၆ မှတ်နဲ့ အုပ်စု(ခ)ကို ဦးဆောင်နေပါတယ်။ တတိယပွဲအဖြစ် ဖိ လစ်ပိုင်အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားရပါမယ်။



Photo - AFF SUZUKI CUP 2018

 

လက်ရှိ ချန်ပီယံ ထိုင်းအသင်းကတော့ အင်ဒိုနီးရှားအသင်းကို အိမ်ကွင်းမှာ ၄ -၂ ဂိုးနဲ့ အနိုုင်ကစားပြီး အုပ်စု(ခ)ရဲ့ အမှတ်ပေးဇယားကို ဦး ဆောင်နေပါတယ်။

ဆီမီးတက်ဖို့ (၁)မှတ်အလို........... 

ထိုင်းအသင်းနဲ့ အင်ဒိုနီးရှားအသင်းတို့ ပွဲမှာ အင်ဒိုနီးရှားအသင်းက အဖွင့်ဂိုး သွင်းယူနိုင်ပေမယ့်လည်း ထိုင်းအသင်းက နောက်က လိုက်ကစားပြီး ၄-၂ ဂိုးနဲ့ အနိုင်ရသွားတာပါ။

Photo - FA Thailand

 

အခုပွဲ ထိုင်းအသင်း အနိုင်ရလို့ ထိုင်းအသင်းကတော့ တီမော၊အင်ဒိုနီးရှားတို့ကို အနိုင်ယူပြီး ၆ မှတ်ရထားပြီ ဖြစ်ပေမယ့် အင်ဒိုနီးရှားအသင်းက တော့ တီမော တစ်သင်းတည်းကိုသာ အနိုင်ယူထားနိုင်သေးပြီး စင်ကာပူနဲ့ ထိုင်းကို အရေးနိမ့်ထားပါတယ်။

ဒါကြောင့် ၃ မှတ်သာရထားပြီး အုပ်စုနောက်ဆုံးပွဲအဖြစ် ဖိလစ်ပိုင်ကို အနိုင်ကစားနိုင်မှသာ အုပ်စု ဒုတိယနဲ့ နောက်တစ်ဆင့်တက်ရေး မျှော်လင့် ခွင့်ရှိမှာပါ။

Photo - FA Thailand

အင်ဒိုနီးရှားအသင်းကတော့ မနှစ်က ဆူဇူကီးဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲထိ တက်လှမ်းထားပေမယ့် ဒီနှစ်မှာတော့ အုပ်စုက တက်ရေး ရုန်းကန်နေ ရပါတယ်။

ဒါ့အပြင် ဆူဇူကီး သမိုင်းတစ်လျှောက်မှာလည်း ဗိုလ်လုပွဲကို ၅ ကြိမ်ထိ တက်လှမ်းထားဖူးပေမယ့် ချန်ပီယံတော့ တစ်ကြိမ်မှ မဖြစ်ဖူးခဲ့ပဲ ဆူဇူကီး သမိုင်းမှာတော့ အောင်မြင်မှုနဲ့ အလှမ်းဝေးနေဆဲပါ။

ထိုင်းကတော့ လက်ရှိချန်ပီယံ ဖြစ်သလို ပြိုင်ပွဲမှာလည်း အအောင်မြင်ဆုံး အသင်းဖြစ်ပြီး လာမယ့် တစ်ပတ်မှာတော့ ဖိလစ်ပိုင်အသင်းရဲ့ အိမ် ကွင်းမှာ လိုက်ပါ ကစားရပါဦးမယ်။

ဖိလစ်ပိုင်အသင်းကလည်း အရှေ့တီမောအသင်းနဲ့ ရင်ဆိုင်ကစားခဲ့ပြီး ၃ ဂိုးပြတ်နဲ့ ဦးဆောင်ထားနေနိုင်ရာမှ ပေါ့လျော့မှုကြောင့် တီမော အ သင်းကို ၂ ဂိုးထိ ပြန်လည်ခွင့်ပြုခဲ့ရပါတယ်။

လက်ကျန် မိနစ်တွေမှာတော့ ဖိလစ်ပိုင်အသင်းက အနိုင် ဂိုးကို ထိန်းကစားသွားလို့ တီမောအသင်း လိုအပ်နေတဲ့ ချေပဂိုး ပြန်လည်မရတော့ပဲ ဖိ လစ်ပိုင်အသင်းက ၃-၂ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ဒါကြောင့် အုပ်စု(ခ)မှာ ထိုင်းနဲ့ ဖိလစ်ပိုင်တို့က ၂ ပွဲစီ ကစားပြီး ၆ မှတ်စီနဲ့ ရမှတ်တူအနေအထားမှာ ထိုင်းက ဂိုးကွာခြားချက်အသာနဲ့ အုပ်စုဗိုလ် အဖြစ် ရပ်တည်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က