ပွဲချိန် ၃၇ မိနစ်မှာ ရရှိခဲ့ တဲ့ ထောင့်ကန်ဘောကနေ ချေပဂိုး ပြန်လည်ရရှိခဲ့ပါတယ်။

ပွဲချိန် ၃၇ မိနစ်မှာ ထောင့်ကန်ဘောကနေ ထိုင်းအသင်းအတွက် အဖိုးတန် ချေပဂိုး ပြန်လည်ရယူပေးခဲ့တဲ့ နောက်ခံလူ ခေါ်ရာကွတ်က ဒီဂိုး သွင်းယူနိုင်ဖို့ ကလပ်အသင်းမှာ နေ့တိုင်း လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ရတာ ဖြစ်ပြီး တိုက်ဆိုင်မှု လုံးဝမဟုတ်ဘူးလို့ ဆိုလိုက်ပါတယ်။

Photo - AFF SUZUKI CUP 2018

 

မနေ့က ထိုင်းနဲ့ အင်ဒိုနီးရှားတို့ ကစားခဲ့တဲ့ အုပ်စု(ခ)ရဲ့ ပွဲစဉ်တစ်ပွဲမှာ ထိုင်းအသင်းက ၄-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အုပ်စုတွင်း ၂ ပွဲကစား ၂ ပွဲနိုင် ၆ မှတ်ရရှိထားပါတယ်။

အာဆီယံ ဘုရင်ကြီးထိုင်းက အင်ဒိုကို ဂိုးပြတ်အနိုင်ယူပြီး၊ ဖိလစ်ပိုင်လည်း အနိုင်ရ 

ဒီပွဲမှာ ထိုင်းအသင်းအနေနဲ့ အင်ဒိုနီးရှားအသင်းရဲ့ အဝေးကန်ချက် သွင်းဂိုးကြောင့် ဦးဆောင်ခြင်း ခံခဲ့ရပေမယ့်လည်း ပွဲချိန် ၃၇ မိနစ်မှာ ရရှိခဲ့ တဲ့ ထောင့်ကန်ဘောကနေ ချေပဂိုး ပြန်လည်ရရှိခဲ့ပါတယ်။

Photo - AFF SUZUKI CUP 2018

 

ဒီဂိုးကိုတော့ ထိုင်းအသင်းက နောက်ခံလူ ခေါ်ရာကွတ်က ထောင့်ကန်ဘောကို တိုက်ရိုက်ကန်သွင်းရယူသွားခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးကတော့ အခု ကျင်းပလျက်ရှိတဲ့ ၂၀၁၈ အာဆီယံ ဆူဇူကီးဖလား ပြိုင်ပွဲမှာ တစ်လုံးတည်းသော ထောင့်ကန်ဘောက တိုက်ရိုက်ကန်သွင်းတဲ့ သွင်းဂိုး လည်း ဖြစ်လာခဲ့ပါတယ်။

"ကျွန်တော် ဂိုးသွင်းဖို့ ရည်ရွချက်ရှိရှိနဲ့ ကန်သွင်းခဲ့တာပါ။ကျွန်တော် ကလပ်အသင်းမှာ အမြဲတမ်း ဒီလိုဂိုးသွင်းနိုင်ဖို့ နေ့တိုင်းလေ့ကျင့်ဖြစ်ပါ တယ်။ ဒီဂိုးဝင်သွားတာ အားလုံးက တိုက်ဆိုင်မှုလို့ ဆိုကြမှာပါ။ ဒါပေမယ့် ကျွန်တော့်အတွက်တော့သေချာလေ့ကျင့်ပြင်ဆင်ထားခဲ့တဲ့ အကျိုးရ လဒ်ပါပဲ။ ဒါက တိုက်ဆိုင်မှုလုံးဝမဟုတ်ပါဘူး။" လို့ ခေါ်ရာကွတ်က ဆိုပါတယ်။

Photo - AFF SUZUKI CUP 2018

 

ထိုင်းအသင်းက ဆူဇူကီးရဲ့ လက်ရှိချန်ပီယံ ဖြစ်သလို လာမယ့် ဖိလစ်ပိုင်နဲ့ ကစားရမယ့် အုပ်စု တတိယပွဲကိုလည်း နိုင်ပွဲရမယ်လို့ ယုံကြည်နေပါ တယ်။

"ကျွန်တော်တို့ ပွဲတိုင်း အနိုင်ရဖို့ လိုပါတယ်။ဒါကြောင့် နည်းပြရဲ့ လမ်းညွှန်မှုအောက်မှာ မမိတ်မသုန် လိုက်နာ ဆောင်ရွက်သွားမှာဖြစ်သလို ရ လဒ်ကောင်းအတွက်လည်း အကောင်းဆုံး ကြိုးစားကြမှာပါ။" လို့ ခေါ်ရာကွတ်က ပြောခဲ့ပါသေးတယ်။

ထိုင်းအသင်းကတော့ ယခုနှစ် ဆူဇူကီးဖလားပြိုင်ပွဲမှာလည်း ဗိုလ်စွဲဖို့ ထိပ်ဆုံးက ရေပန်းစားနေတဲ့ အသင်းဖြစ်သလို လက်ရှိ အုပ်စု(ခ)မှာလည်း အုပ်စုဗိုလ်နဲ့ ရပ်တည်နေပါတယ်။

Share

Loading Next Article...
က္က