အောင်သူ Vote အားအနည်းဆုံး ဖြစ်နေပါတယ်။

ဆူဇူကီးပြိုင်ပွဲကို ကျင်းပလျက်ရှိနေသည်မှာ အုပ်စု ပွဲစဉ် ၃ ပွဲအထိ ကစားပြီးနှင့်ပြီဖြစ်ပါတယ်။ ဒီအချိန်မှာ အချို့အသင်းက ၃ ပွဲကစားပြီးသလို အချို့အသင်းတွေကလည်း ၂ ပွဲသာ ကစားရပါသေးတယ်။



ဒါပေမယ့်လည်း နောက်ဆုံးကစားထားတဲ့ အုပ်စု ပွဲစဉ်တွေထဲက အကောင်းဆုံး ကစားသမား ၄ ယောက်ကို ဆူဇူကီး ပြိုင်ပွဲကျင်းပရေးက ရွေး ထုတ်ထားပြီး အကောင်းဆုံး ကစားသမားကို ရွေးချယ်လျက်ရှိပါတယ်။

 

ဆန်ရာဝတ် ဒတ်ချ်မီယာ(ထိုင်း)

--------------------------------

ထိုင်းမက်ဆီလို့ တင်စားခေါ်ဝေါ်ကြတဲ့ ချနာသစ်ရဲ့ ကွင်းလယ်နေရာမှာ ထိုင်းအသင်းကို အဓိက မောင်းနှင်နေသူဖြစ်ပါတယ်။ အင်ဒိုနီးရှားကို ၄-၂ ဂိုးနဲ့ နိုင်တဲ့ပွဲမှာ ကွင်းလယ်တစ်လျှောက် အကောင်းဆုံး ခြေစွမ်းပြခဲ့ပြီး အသင်းဖော်တွေ ဂိုးရနိုင်အောင်လည်း လမ်းကြောင်းတွေ ရှာပေးနိုင်ခဲ့ ပါတယ်။

 

ငုယင်ဟန်ဒက်(ဗီယက်နမ်)

--------------------------

အသက် ၃၃ နှစ်အရွယ် ဝါရင့်တိုက်စစ်မှူး ငုယင်ဟန်ဒက်ကတော့ ဗီယက်နမ်ရဲ့ တိုက်စစ်ကို အကောင်းဆုံး ပုံဖော်ပေးနိုုင်ခဲ့ပါတယ်။ မလေးရှားကို ၂-၀ နဲ့ နိုင်တဲ့ပွဲမှာ ဗီယက်နမ်အတွက် အနိုင်သေချာစေမယ့် ဒုတိယဂိုးကို သွင်းယူပေးခဲ့သူ ဖြစ်ပါတယ်။

 

ဖီးလ်ယန်းဟတ်စ်ဘန်း(ဖိလစ်ပိုင်)

-------------------------------

တီမောကို ၃-၂ ဂိုးနဲ့နိုင်တဲ့ပွဲမှာ အဝေးကန်ချက်နဲ့ အဖွင့်ဂိုးကို လှလှပပ ရယူပေးခဲ့ပါတယ်။ ဒီအချိန်မှာ ဖိလစ်ပိုင်အသင်းကို နောက်တစ်ဆင့် အတွက် အသ်ဆက်ပေးနေသူပါ။ အသင်းခေါင်းဆောင် ဖီးလ်ယန်းဟတ်စ်ဘန်းအနေနဲ့ ဖိလစ်ပိုင်အသင်းရဲ့ အနိုင်ရမှုတွေမှာ အမြဲတမ်း အဓိက ကျခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

 

အောင်သူ(မြန်မာ)(Vote ပေးရန်)

-----------------

လာအိုကို ၁ ဂိုးရှုံးနေချိန် အဝေးကန်ချက်နဲ့ ချေပဂိုး ရယူပေးခဲ့တယ်။ အသင်းအတွက် တတိယမြောက်ဂိုးကိုလည်း စတင်ပေးခဲ့ပါတယ်။ အခုချိန် မှာ မြန်မာအသင်းရဲ့ တိုက်စစ်ကို အသက်သွင်းနေတာ အောင်သူပါ။အောင်သူက သူကိုယ်တိုင်အတွက်သော်လည်းကောင်း အခြားသူတွေအ တွက်ပါ အဆင်ပြေစေတဲ့ ကစားသမားပါ။

ဒီကစားသမား ၄ ယောက်ကို မဲစနစ်နဲ့ အာဆီယံ ဆူဇူကီးက ရွေးချယ်စေလျက်ရှိနေရာမှာ လက်ရှိမှာတော့ ထိုင်းက ဆန်ရာဝတ်က ၂၂၇ ယောက်နဲ့ ထိပ်ဆုံးက ဦးဆောင်နေပြီး အောင်သူကတော့ ၁၉ ယောက်သာ မဲပေးသူရှိပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က