အနည်းဆုံး သရေတစ်မှတ်တော့ ရအောင်ကစားသွားမယ်လို့ ဆိုပါတယ်။

မြန်မာအသင်းထံက အနည်းဆုံး သရေတစ်မှတ်တော့ ယူသွားမှာ ဖြစ်ပြီး ပေးဂိုးလုံးဝမရှိတဲ့ အသင်းနဲ့ အု့ပ်စုတွင်း ရဂိုးအများဆုံး နှစ်သင်းကြား အဓိက အားပြိုင်မှုကို မြင်ရမှာပါ။ မြန်မာနည်းပြကို ဘေးနားထားပြီး ၃မှတ်ယူမယ်လို့တော့ မပြောချင်ဘူးလို့ ပတ်ဟန်ဆောင်းက ပြောသွားပါ တယ်။



 

ဗီယက်နမ်အသင်းရဲ့ နည်းပြ ပတ်ဟန်းဆောင်ကတော့ ဒီကနေ့ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာအသင်းကို အနိမ့်ဆုံး သရေတစ်မှတ် မဖြစ်မနေ ရအောင်ကြိုးပမ်းကစားမယ်လို့ ဖြေကြားသွားပါတယ်။

"ရေသန့်ဘူးကောက်ရလည်း တစ်ထောင့်တစ်နေရာက ပေးဆပ်သွားမှာပါ"(သိန်းသန်းဝင်း) 

ဗီယက်နမ်အသင်းအနေနဲ့ မြန်မာအသင်းကို ခက်ခက်ခဲခဲ ကစားရမှာ ဖြစ်ပြီး ထိပ်တိုက်တွေ့ဆုံထားမှုအရ အနည်းငယ်အသာစီး ရယူထားနိုင်တာ မှန်ပေမယ့်လည်း မနက်ဖြန်ပွဲကတော့ ခက်ခဲမယ်လို့ သုံးသပ်သွားပါတယ်။

 

"ကျွန်တော့်အနေနဲ့ မြန်မာအသင်းရဲ့ နည်းပြချုပ် အန်တွန်နီဟေးကို ဘေးမှာထားပြီး အခုလိုမျိုး မြန်မာအသင်းဆီက ၃ မှတ်ယူမယ်လို့တော့ မပြောချင်ပါဘူး။ သေချာတာက မြန်မာအသင်းကို ရင်ဆိုင်ဖို့ အကောင်းဆုံး ပြင်ဆင်ထားပါတယ်။" လို့ ဗီယက်နမ်အသင်းရဲ့ နည်းပြချုပ် ပတ်ဟန်းဆောင်က ပြောသွားပါတယ်။

ဗီယက်နမ်အသင်းကတော့ မြန်မာအသင်းနည်းပြ အုပ်စုတွင်း ၂ ပွဲကစားအပြီး ၂ ပွဲနိုင် ၆ မှတ်နဲ့ မြန်မာအသင်းနည်းတူ အုပ်စုကို ဦးဆောင်နေပါ တယ်။

မြန်မာအသင်းနဲ့ ဗီယက်နမ်အသင်းတို့က ၂၀၁၆ ခုနှစ် ဆူဇူကီး အုပ်စုပွဲတုန်းက နောက်ဆုံးတွေ့ထားဖူးသေးပြီး အဲ့တုန်းက ဗီယက်နမ်အသင်းက ၂-၁ ဂိုးနဲ့ အနိုင်ရရှိထားပါတယ်။

မြန်မာအသင်းက အခုအုပ်စု(က)မှာ သွင်းဂိုးတွေ အများဆုံး ရထားတဲ့ အသင်းဖြစ်သလို ဗီယက်နမ်အသင်းကလည်း ပေး ဂိုးလုံးဝမရှိထားတဲ့ အနေအထားမှာ မြန်မာအသင်းနဲ့ ဗီယက်နမ်အသင်းတို့ကြား ကြီးမားတဲ့ အားပြိုင်မှုကို မြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။

မနက်ဖြန် ညနေ ၆ နာရီမှာတော့ မြန်မာနဲ့ ဗီယက်နမ်အသင်းတို့ရဲ့ ပွဲစဉ်ကို သုဝဏ္ဏအားကစားကွင်းကြီးအတွင်း ယှဉ်ပြိုင်ကစားသွားတော့မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က