အုပ်စုနောက်ဆုံးပွဲစဉ်မှာ မလေးရှားအိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမှာပါ။

AFF ဆူဇူကီးဖလား ၂၀၁၈ ပြိုင်ပွဲရဲ့အုပ်စုအဆင့်ပွဲစဉ်တွေ အများစု ကစားအပြီးမှာ အုပ်စုဗိုလ်နဲ့ အုပ်စုဒုတိယ ဘယ်အသင်းတွေဖြစ်မလဲဆိုတာ သေချာသလောက်နီးပါး ခန့်မှန်းလို့ရနိုင်တဲ့အနေအထားကို ရောက်ရှိနေပြီဖြစ်ပါတယ်။ အုပ်စု A မှာဆိုရင် မြန်မာအသင်းက ဗီယက်နမ်အသင်းထက် ရဂိုးအသာနဲ့ အုပ်စုဗိုလ်အဖြစ် ရပ်တည်နေသလို အုပ်စု B မှာလည်း ထိုင်းအသင်းက ဖိလစ်ပိုင်အသင်းထက် ရဂိုးအသာနဲ့ အုပ်စုဗိုလ်အဖြစ် ရပ်တည်နေပါတယ်။



Photos: MFF

မြန်မာအသင်းဟာ နိုဝင်ဘာ ၂၀ ရက်နေ့မှာ ဗီယက်နမ်အသင်းကို ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းမှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ယင်းပွဲစဉ်ဟာ ဆီမီးဖိုင်နယ်အဆင့်ကို အုပ်စုဗိုလ်အဖြစ် ဘယ်အသင်းတက်ရောက်သွားမလဲဆိုတာကို အဆုံးအဖြတ်ပေးမယ့်ပွဲစဉ်ဆိုတာထက် မြန်မာအသင်း နောက်တစ်ဆင့်ကို တက်ရောက်ခွင့်အတွက် အဆုံးအဖြတ်ပေးနိုင်တဲ့ ပွဲစဉ်လို့ ဆိုရမှာဖြစ်ပါတယ်။ မြန်မာအသင်းအနေနဲ့ ဗီယက်နမ်အသင်းကို အိမ်ကွင်းမှာ အနိုင်မကစားနိုင်ခဲ့ဘူးဆိုရင် မလေးရှားအသင်းရဲ့အိမ်ကွင်းမှာ အနိုင်ရရှိအောင် အတော်လေးရုန်းကန်ရမှာဖြစ်တာကြောင့် ဗီယက်နမ်နဲ့ပွဲစဉ်ကို ဗိုလ်လုပွဲလို့ သဘောထားပြီး မဖြစ်မနေအနိုင်ကစားဖို့ လိုအပ်နေတာဖြစ်ပါတယ်။

2018 Optimist Asian and Oceanian Championship ရဲ့ ဆုအများစုကို သိမ်းပိုက်ခဲ့တဲ့ ထိုင်း 

ဗီယက်နမ်အသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်မှာ လာအိုအသင်းကို ၃ ဂိုး ဂိုးမရှိ၊ မလေးရှားအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ကစားထားပြီး အုပ်စုဗိုလ်အဖြစ် နောက်တစ်ဆင့်တက်ရောက်နိုင်ဖို့ အစမ်းသပ်ခံစရာဆိုလို့ မြန်မာအသင်းတစ်သင်းသာ ကျန်ရှိတော့တာဖြစ်ပါတယ်။ မြန်မာအသင်းအတွက်ကတော့ ဗီယက်နမ်၊ မလေးရှား စတဲ့ ပြိုင်ဘက်ကောင်းတွေကို ကောင်းကောင်းမွန်မွန်ကျော်ဖြတ်နိုင်မှသာ အုပ်စုဗိုလ်အဖြစ်နဲ့ နောက်တစ်ဆင့်တက်ရောက်ဖို့ မျှော်လင့်နိုင်မှာဖြစ်ပါတယ်။ ဗီယက်နမ်အသင်းအနေနဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ကမ္ဘောဒီးယားအသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် သက်တောင့်သက်သာနဲ့ အနိုင် ၃ မှတ်ရယူနိုင်တဲ့အခြေအနေမှာရှိနေတာဖြစ်ပါတယ်။

Photos: AFF Suzuki Cup 2018

မလေးရှားအသင်းဟာ ၃ ပွဲကစားပြီးချိန်မှာ ရမှတ် ၆ မှတ်နဲ့ တတိယနေရာမှာရပ်တည်နေတာကြောင့် ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ဖို့ မျှော်လင့်ချက်အနည်းငယ်ကျန်ရှိနေသေးတယ်လို့ ပြောရမှာဖြစ်ပြီး မြန်မာအသင်းကသာ ဗီယက်နမ်ကို အနိုင်မကစားနိုင်ခဲ့ဘူးဆိုရင် မလေးရှားအသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ မြန်မာအသင်းနဲ့ပွဲစဉ်ကို မဖြစ်မနေအနိုင်ကစားဖို့ ကြိုးပမ်းသွားမယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။

အုပ်စု B ကိုကြည့်မယ်ဆိုရင်လည်း အုပ်စု ပထမနဲ့ဒုတိယနေရာမှာ ရပ်တည်နေတဲ့ ထိုင်းအသင်းနဲ့ ဖိလစ်ပိုင်အသင်းတို့ဟာ နိုဝင်ဘာ ၂၁ ရက်နေ့မှာ တွေ့ဆုံယှဉ်ပြိုင်ရမှာဖြစ်ပြီး ဖိလစ်ပိုင်အသင်းဟာ ရမှတ်တူ ဂိုးကွာခြားချက်နဲ့ အုပ်စုဗိုလ်ဖြစ်နေတဲ့ ထိုင်းအသင်းကို အိမ်ကွင်းမှာ အနိုင်မကစားနိုင်ရင်တောင်မှ ထိုင်းအသင်းဆီက သရေ ၁ မှတ်ကို မဖြစ်မနေရရှိဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။ စတုတ္ထနေရာမှာရပ်တည်နေတဲ့ အင်ဒိုနီးရှားအသင်းအတွက်ကတော့ ၁ ပွဲသာကစားဖို့ကျန်ရှိတော့တာကြောင့် နောက်တစ်ဆင့်တက်ရောက်ဖို့ မမျှော်လင့်နိုင်တော့ပေမယ့် တတိယနေရာက စင်ကာပူအသင်းကတော့ ၂ ပွဲကစားဖို့ ကျန်ရှိနေသေးသလို နိုဝင်ဘာ ၂၁ ရက်နေ့မှာ တီမောအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်တာကြောင့် အနိုင် ၃ မှတ်ရရှိဖို့ သေချာသလောက်ရှိနေတဲ့အနေအထားဖြစ်တဲ့အတွက် အုပ်စုနောက်ဆုံးပွဲစဉ်မှာ ထိုင်းအသင်းနဲ့ တွေ့ဆုံတဲ့အခါ ကြိုးစားခွင့်ရှိနေသေးတာဖြစ်ပါတယ်။

Photos: FourFourTwo

 

အုပ်စု B ရဲ့စတုတ္ထနေရာမှာ ရပ်တည်နေတဲ့ အင်ဒိုနီးရှားအသင်းဟာ နောက်တစ်ဆင့်တက်ရောက်ဖို့ မျှော်လင့်ချက်မရှိတော့ပေမယ့် ဖိလစ်ပိုင်အသင်းကို နောက်ဆုံးအချိန်အထိ ဒုက္ခပေးသွားနိုင်တာကြောင့် ဖိလစ်ပိုင်အသင်းအနေနဲ့ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် အင်ဒိုနီးရှားအသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်မှာ အမှားမလုပ်မိဖို့ တော်တော်လေး သတိထားရမယ့်ပွဲစဉ်ဖြစ်ပါတယ်။

အုပ်စု B မှာတော့ ထိုင်းအသင်းက အုပ်စုဗိုလ်အဖြစ် ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်တယ်လို့ အကြမ်းဖျဉ်းအားဖြင့် ခန့်မှန်းနိုင်ပြီး အုပ်စု A မှာတော့ အုပ်စုဗိုလ်ဘယ်သူဖြစ်မလဲဆိုတာ မနက်ဖြန်ယှဉ်ပြိုင်ကစားမယ့် မြန်မာအသင်းနဲ့ ဗီယက်နမ်အသင်းတို့ရဲ့ပွဲအပြီး ရလဒ်က အဆုံးအဖြတ်ဖြစ်လာနိုင်ပါတယ်။ မြန်မာအသင်းအနေနဲ့ အစဉ်အလာပြိုင်ဘက် ထိုင်းအသင်းနဲ့ ဆီမီးဖိုင်နယ်မှာ တွေ့ဆုံဖို့ ရှောင်လွှဲချင်တယ်ဆိုရင် ဗီယက်နမ်နဲ့ မလေးရှားကို အနိုင်ကစားပြီး အုပ်စုဗိုလ်အဖြစ် တက်ရောက်နိုင်မှသာ ဆီမီးဖိုင်နယ်အဆင့်ထက် ကျော်လွန်တဲ့အောင်မြင်မှုကို ရရှိနိုင်မှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က