ဒီနေ့ညနေမှာ ကစားရမှာပါ။

ဒီနေ့ညနေမှာ မြန်မာအသင်းနဲ့ ရင်ဆိုင်ရမယ့် ဗီယက်နမ်အသင်းရဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ငုယင်အန်ဒူက သူတို့အသင်းဟာ မြန်မာအသင်းအပေါ် ထိတ်လန့်နေမှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ ဗီယက်နမ်အသင်းအတွက် ဆူဇူကီးဖလားပြိုင်ပွဲမှာ ခြေစွမ်းပြနေတဲ့ အသက် (၃၃)နှစ်အရွယ် တိုက်စစ်မှူးက ပွဲမတိုင်ခင်မှာ ပြောကြားခဲ့တာပါ။



Photo : AFF Suzuki Cup

 

ဗီယက်နမ်အသင်းရဲ့ အသက်အကြိးဆုံးကစားသမားတစ်ဦးလည်း ဖြစ်တဲ့ တိုက်စစ်မှူးကြီးဟာ သူ့ရဲ့ အတွေ့အကြုံတွေကို အကောင်းဆုံးအသုံးချပြီး အသင်းက လူငယ်ကစားသမားတွေနဲ့ အတွဲအဖက်ညီညီ ကစားနေသူလည်း ဖြစ်ပါတယ်။ မြန်မာ နဲ့ ဗီယက်နမ်တို့ဟာ အုပ်စုတွင်းမှာ အုပ်စုဗိုလ်အဖြစ် ရပ်တည်ဖို့အတွက် အဆုံးအဖြတ်ပွဲကို ကစားရမှာလည်း ဖြစ်ပါတယ်။

Photo : AFF Suzuki Cup

 

"ကျွန်တော်က အသင်းမှာ အသက်အကြီးဆုံး ကစားသမားတစ်ဦးပါ၊ ဒါကို အားလုံးလည်း သိပြီးသားဖြစ်ပါတယ်၊ ဒါပေမယ့် ကျွန်တော်က လူငယ်ကစားသမားတွေနဲ့ ညီညွှတ်မျှတမှုရှိအောင် ကစားနိုင်ပါတယ်၊ အသင်းအတွက် အကောင်းဆုံးခြေစွမ်းရရှိအောင် ကစားနိုင်ဖို့ ကျွန်တော်တို့ကြားမှာ ဆွေးနွေးပြောကြားမှုတွေရှိပြီး အသင်းက စုစည်းညီညွှတ်နေပါတယ်"

"ကစားသမားတစ်ယောက်အနေနဲ့ ပြိုင်ဘက်အသင်းနဲ့ ပတ်သက်ပြီး ခန့်မှန်းပြောဆိုတာမျိုး ကျွန်တော် မလုပ်ချင်ပါဘူး၊ ဒါက ကျွန်တော်တို့ နည်းပြဆောင်ရွက်ရမှာဖြစ်ပြီး ဘယ်လိုမျိုး ရင်ဆိုင်မလဲဆိုတာ နဲ့ တစ်ဖက်အသင်းအပေါ် ခွဲခြမ်းလေ့လာဖို့ကို သူ ပြုလုပ်သွားမှာပါ၊ မြန်မာနဲ့ပွဲကို အနိုင်ရဖို့အတွက် ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားသွားမှာလည်း ဖြစ်ပါတယ်"

"မြန်မာအသင်းက စိတ်ပိုင်းဆိုင်ရာ မြင့်မားနေပြီး ကြံ့ခိုင်မှု ရှိတဲ့အသင်းဖြစ်ပါတယ်၊ သူတို့ရဲ့ အိမ်ကွင်းမှာ ကစားရမှာဖြစ်တာမို့ ကျွန်တော်တို့အတွက် ခက်ခဲမှုတွေ ရှိလာမှာပါ၊ ပြီးတော့ များပြားလှတဲ့ ပရိသတ်တွေရှေ့မှာ ကစားရမှာက ကျွန်တော်တို့အတွက် ဖိအားတွေဖြစ်စေပါတယ်၊ ဒါပေမယ့့် မြန်မာအသင်းကို ကျွန်တော်တို့ ထိတ်လန့်ကြောက်ရွံ့နေမှာမဟုတ်ပါဘူး၊ အနိုင်ရဖို့ အကောင်းဆုံး ကြိုးစားသွားမှာပါ" လို့ ငုယင်အန်ဒူက ပြောကြားခဲ့ပါတယ်။

Photo : Tribun Batam - Tribunnews.com

 

မြန်မာအသင်းနဲ့ ဗီယက်နမ်အသင်းတို့ရဲ့ ဆူဇူကီးဖလား အုပ်စု (က) ပွဲစဉ်ကိုတော့ ဒီနေ့ညနေ (၆း၀၀) နာရီမှာ ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းမှာ ကစားသွားမှာ ဖြစ်ပါတယ်။ ဒီပွဲကို အနိုင်ရရှိတဲ့အသင်းဟာ ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်မှာ ဖြစ်ပြီး အုပ်စုတွင်းမှာ ထိပ်ဆုံးက ရပ်တည်နိုင်ဖို့အတွက် အဆုံးအဖြတ်ပေးမှာလည်း ဖြစ်တာကြောင့် ပရိသတ်တွေ အထူးစိတ်ဝင်စားနေတဲ့ ပွဲလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က