လက်မှတ်ရောင်းကုန်ပြီလို့ သတင်းတွေထွက်ပေါ်နေတာပါ။

ယနေ့ည ၆ နာရီမှာ ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းမှာ မြန်မာအသင်းနဲ့ ဗီယက်နမ်အသင်းတို့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ရိုးရိုးတန်းနဲ့ အထူးတန်းအတွက် လေးနေရာခွဲပြီး နံနက် ၁၀ နာရီကနေ ပွဲမစတင်မီအချိန်အထိ ရောင်းချသွားမယ်လို့ သိရပါတယ်။ မြန်မာအသင်းဟာ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ဖို့အတွက် ဗီယက်နမ်အသင်းကို မဖြစ်မနေအနိုင်ကစားဖို့ လိုအပ်နေတာကြောင့် အကြိတ်အနယ်ရှိမယ့်ပွဲဖြစ်ပါတယ်။

46493176_1238916762913800_6651518462931763200_n.jpg

Photos: MFF



မြန်မာအသင်းနဲ့ ဗီယက်နမ်အသင်းတို့ရဲ့ပွဲလက်မှတ်တွေ ရောင်းကုန်သွားပြီလို့ သတင်းတွေထွက်ပေါ်နေတာကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က လက်မှတ်မရရှိမှာစိုးရိမ်ပြီး မှောင်ခိုလက်မှတ်တွေ မဝယ်ယူကြဖို့ တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။

2018 Optimist Asian and Oceanian Championship ရဲ့ ဆုအများစုကို သိမ်းပိုက်ခဲ့တဲ့ ထိုင်း 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှာ ရောင်းချဖို့ ကျန်ရှိနေတဲ့ လက်မှတ်တွေကတော့ အထူးတန်း အစောင် (၅၀၀)အပြင် ပုံမှန်ရောင်းချနေတဲ့ ရိုးရိုးတန်းလက်မှတ်ကို ခွဲတမ်း ၄၈၀၀ အပြင် ယမန်နေ့တွေက ရောင်းချပြီး ကျန်ရှိနေတဲ့ လက်မှတ်တွေပါ ထပ်ပေါင်းလိုက်မယ်ဆိုရင် လက်မှတ်စောင်ရေ ၁၀၀၀၀ ခန့်ရှိနေပြီး ကုန်တဲ့အထိ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

Photos: MFF

 

လက်မှတ်ဈေးနှုန်းတွေကတော့ ရိုးရိုးတန်းကို ၃၀၀၀ ကျပ်၊ အထူးတန်းကို ၅၀၀၀ ကျပ်နဲ့ ရောင်းချပေးသွားမှာဖြစ်ပြီး ပရိသတ်တွေ ဝယ်ယူရာမှာ အခက်အခဲမဖြစ်အောင် အရောင်းဌာနအနေနဲ့ နေရာ ၄ နေရာအထိ သတ်မှတ်ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

ဝေဇယန္တာလမ်းမ ES4E ကျောင်းအနီးက မြက်တုကွင်းမှာ အရောင်းဌာန (၁)၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရုံး၊ Goal Hotel ဝင်ပေါက်မှာ အရောင်းဌာန (၂)၊ နှင်းဆီကုန်း ဘူတာရုံကနေ သုဝဏ္ဏကွင်းထဲကိုလာတဲ့ လမ်းမှာ လက်မှတ်အရောင်းဌာန (၃)၊ လေးထောင့်ကန်လမ်း အသင်းတိုက်မှတ်တိုင်မှ သုဝဏ္ဏအားကစားကွင်းသို့ ဝင်ရောက်တဲ့လမ်း လက်မှတ်အရောင်းဌာန (၄)တို့မှာလက်မှတ်တွေကို ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က