အုပ်စုဗိုလ်နေရာအတွက် အဆုံးအဖြတ်ပေးမယ့်ပွဲစဉ်ဖြစ်ပါတယ်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ၎င်းတို့ရဲ့တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေတစ်ဆင့် ယနေ့ညနေမှာ ယှဉ်ပြိုင်ကစားမယ့် မြန်မာအသင်းနဲ့ ဗီယက်နမ်အသင်းတို့ရဲ့ပွဲစဉ်အတွက် အဝေးကွင်းပရိသတ်ကို ပေးထားတဲ့ လက်မှတ်ခွဲတမ်း အစောင် ၂၄၀၀ အကုန်လုံး ရောင်းချထားပြီးဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။

away.JPG

ဗီယက်နမ်အသင်းကို လာရောက်အားပေးမယ့် အဝေးကွင်းပရိသတ်တွေအနေနဲ့ အိမ်ကွင်းပရိသတ်တွေအတွက် ရောင်းချပေးနေတဲ့ အိမ်ကွင်းလက်မှတ်များကို မဝယ်ယူဖို့နဲ့၊ ဝယ်ယူပြီး ကွင်းအတွင်းဝင်ရောက်ဖို့ ကြိုးပမ်းခဲ့မယ်ဆိုရင် ဝင်ခွင့်ရရှိမှာမဟုတ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က အသိပေးနှိုးဆော်ထားပါတယ်။

ယနေ့ညနေ ၆ နာရီမှာ ယှဉ်ပြိုင်ကစားမယ့် မြန်မာအသင်းနဲ့ ဗီယက်နမ်အသင်းတို့ရဲ့ပွဲစဉ်ဟာ AFF ဆူဇူကီးဖလား ၂၀၁၈ ပြိုင်ပွဲ အုပ်စု A ရဲ့ အကြီးမားဆုံးပွဲစဉ်ဖြစ်လာမှာဖြစ်ပြီး အုပ်စုဗိုလ်နေရာအတွက် အဆုံးအဖြတ်ပေးမယ့်ပွဲစဉ်လည်းဖြစ်ပါတယ်။

 

မြန်မာအသင်းဟာ ကမ္ဘောဒီးယား၊ လာအိုအသင်းတို့ကို အနိုင်ရရှိထားပြီး ဗီယက်နမ်အသင်းနဲ့ ရမှတ် ၆ မှတ်ချင်းတူပေမယ့် သွင်းဂိုးအသာနဲ့ အုပ်စုဗိုလ်အဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

မြန်မာအသင်းနဲ့ ဗီယက်နမ်အသင်းတို့ရဲ့ အုပ်စုတတိယပွဲစဉ်ကို မြန်မာ့ရုပ်မြင်သံကြား(MRTV)နဲ့ MRTV Sports Channel တို့ကနေ ပွဲမစတင်မီ ၅ နာရီ ၁၅ မိနစ်ကနေစတင်ပြီး တိုက်ရိုက်ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က