အဖွဲ့ချုပ် နဲ့ ကုမ္ပဏီတစ်ခုက ချီးမြှင့်ခဲ့တာပါ။

၂၀၁၈ ခုနှစ် ဆူဇူကီးဖလားပြိုင်ပွဲမှာ ရလာဒ်ကောင်းတွေပိုင်ဆိုင်နေပြီး ဗိုလ်စွဲဖို့အထိ ရေပန်းစားနေခဲ့တဲ့ ဗီယက်နမ် လက်ရွေးစင်အသင်းဟာ မလေးရှားအသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ များပြားလှတဲ့ ဆုကြေးငွေတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။ အုပ်စုတွင်းမှာ ပေးဂိုးမရှိခဲ့ပဲ ဗီယက်နမ်အသင်းဟာ နှစ်ပွဲဆက်တိုက် နိုင်ပွဲရရှိထားတာ ဖြစ်ပါတယ်။



Photo : Fox Sports

 

မလေးရှားအသင်းကို မိုင်ဒင်းကွင်းထဲမှာ နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ အုပ်စုဒုတိယပွဲစဉ်အပြီးမှာ ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ လီဟန်ဒန်းက လက်ရွေးစင်အသင်းကို ဆုကြေးငွေအဖြစ် ဗီယက်နမ်ဒေါင် သန်း၆၀၀အထိ ဆုချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာနဲ့ တွက်ချက်မယ်ဆိုရင်တော့ ဒေါ်လာ ၂၅၈၀၀ အထိရှိတယ်လို့ သိရပါတယ်။

Photo : AFF Suzuki Cup

 

ဒါ့အပြင် ဗီယက်နမ်ကုမ္ပဏီတစ်ခုကလည်း ဒေါင်သန်း ၅၀၀ ထပ်မံချီးမြှင့်ခဲ့တဲ့အတွက် စုစုပေါင်း ဒေါင် ၁.၁ ဘီလီယံအထိ ရရှိခဲ့ပြီး ဒေါ်လာတန်ဖိုးအားဖြင့် ဒေါ်လာ ၄၇၃၀၀ အထိ ဗီယက်နမ်အသင်း ရရှိခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် ဆူဇူကီးဖလားပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ဖူးတဲ့ ဗီယက်နမ်အသင်းဟာ ဒီနှစ်ပြိုင်ပွဲမှာ ဒုတိယအကြိမ် ဗိုလ်စွဲဖို့အတွက် ရည်မှန်းထားနေပြီး ဗိုလ်စွဲဖို့လည်း ရေပန်းစားနေပါတယ်။

Photo : AFF Suzuki Cup

 

ဒီနေ့ညနေမှာ ဗီယက်နမ်အသင်းဟာ မြန်မာအသင်းနဲ့ အဝေးကွင်းမှာ ကစားရမှာ ဖြစ်ပါတယ်။ အုပ်စုတွင်းမှာ ရမှတ်တူညီနေပြီး ဂိုးကွာခြားချက်ကြောင့် မြန်မာအသင်းက အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်ဖို့အတွက် အရေးပါတဲ့ ပွဲစဉ်တစ်ခုလည်း ဖြစ်လာမှာ ဖြစ်ပါတယ်။

 

လတ်တလော ကစားခဲ့ပြီးတဲ့ ပြိုင်ပွဲတွေမှာ ရလာဒ်ကောင်းတွေ ရရှိနေပြီး ခြေစွမ်းထက်မြက်နေတဲ့ ဗီယက်နမ်အသင်းဟာ ရွှေရောင်မျိုးဆက် အစုအဖွဲ့လို့ တင်စားခံနေရတာဖြစ်ပြီး ဗီယက်နမ်နိုင်ငံအတွက်တော့ မျှော်လင့်ချက်အသင်းဖြစ်လို့နေပါတယ်။ AFC U23 ပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲအထိ ရောက်ရှိခဲ့သလို အာရှအားကစားပြိုင်ပွဲမှာလည်း ကွာတားဖိုင်နယ်ထိ တက်ရောက်ခဲ့တဲ့ အသင်းကို အခြေခံပြီး စုစည်းထားတာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က