ဗီယက်နမ်နဲ့ ရှောင်လွှဲသွားဖွယ်ရှိနေပါတယ်။

ယနေ့ညနေ ၆ နာရီမှာ ဖိလစ်ပိုင်အသင်းနဲ့ ထိုင်းအသင်းတို့ဟာ ဖိလစ်ပိုင်တွေ့ဆုံယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ ထိုင်းအသင်းဟာ ဖိလစ်ပိုင်အသင်းနဲ့ရမှတ် ၆ မှတ်တူညီနေပြီး ဂိုးကွာခြားချက်နဲ့ အုပ်စုပထမနေရာမှာ ရပ်တည်နေပါတယ်။ တစ်ဖက် အုပ်စု A မှာ ဗီယက်နမ်အသင်းက အုပ်စုဗိုလ်အဖြစ် နောက်တစ်ဆင့်တက်ရောက်ဖို့အခြေအနေကောင်းနေတာကြောင့် ဆီမီးဖိုင်နယ်မှာ ထိပ်တိုက်တွေ့ဆုံမယ့်အရေးကို ထိုင်းအသင်းအနေနဲ့ ရှောင်လွှဲဖို့လိုနေပါတယ်။

Photos: AFF Suzuki Cup 2018

 

အုပ်စု B တတိယနေရာက စင်ကာပူအသင်းဟာ ယနေ့မှာ တီမောအသင်းကို အနိုင်ရရှိနိုင်ခြေရှိတာကြောင့် အုပ်စုဒုတိယနေရာအထိ တက်လှမ်းနိုင်ခြေရှိပေမယ့် အုပ်စုနောက်ဆုံးပွဲစဉ်မှာ ထိုင်းနဲ့တွေ့ဆုံရမှာကြောင့် ဆီမီးတက်ဖို့ မျှော်လင့်ချက်နည်းပါးနေပါတယ်။ ထိုင်းအသင်းဟာ ယနေ့ပွဲစဉ်မှာ ဖိလစ်ပိုင်အသင်းကို အနိုင်ကစားနိုင်ခဲ့မယ်ဆိုရင် ရမှတ် ၉ မှတ်နဲ့ အုပ်စု B ရဲ့ အုပ်စုဗိုလ်အဖြစ် ဆက်လက် ရပ်တည်နိုင်မှာဖြစ်သလို အုပ်စုနောက်ဆုံးပွဲစဉ်မှာ စင်ကာပူနဲ့တွေ့ဆုံမှာဖြစ်တာကြောင့် ဆီမီးဖိုင်နယ်အဆင့်ကို အုပ်စုဗိုလ်အဖြစ် တက်ရောက်နိုင်ဖို့ အခြေအနေကောင်းနေပါတယ်။

2018 Optimist Asian and Oceanian Championship ရဲ့ ဆုအများစုကို သိမ်းပိုက်ခဲ့တဲ့ ထိုင်း 

လက်ရှိအချိန် အုပ်စု A ရဲ့ ပထမနေရာမှာ ရပ်တည်နေတဲ့ မြန်မာအသင်းဟာ မလေးရှားအိမ်ကွင်းကိုသွားရောက်ယှဉ်ပြိုင်မယ့်ပွဲစဉ်မှာ အနိမ့်ဆုံး သရေ ၁ မှတ်ရရှိမှသာ နောက်တစ်ဆင့်ကို အုပ်စုဒုတိယနဲ့တက်ရောက်ဖို့ မျှော်လင့်နိုင်မှာဖြစ်ပါတယ်။ မလေးရှားအသင်းအတွက်ကလည်း ဆီမီးဖိုင်နယ်ကို တက်ရောက်ဖို့ အခွင့်အရေးကို မြန်မာအသင်းဆီကသာ လုယူဖို့ ကျန်ရှိတော့တာကြောင့် ရေကုန်ရေခမ်းယှဉ်ပြိုင်ရမယ့်ပွဲစဉ်ဖြစ်လာမှာသေချာပါတယ်။

Photos: AFF Suzuki Cup 2018

 

အုပ်စု A ရဲ့ဖြစ်နိုင်ဖွယ်အနေအထားတွေကတော့ ဗီယက်နမ်အသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ကမ္ဘောဒီးယားနဲ့ပွဲစဉ်ကို သွင်းဂိုးများများနဲ့ အနိုင်ရရှိပြီး အုပ်စုဗိုလ်အဖြစ် ဆီမီးဖိုင်နယ်အဆင့်ကို သက်တောင့်သက်သာတက်ရောက်သွားနိုင်ဖွယ်ရှိနေပြီး မြန်မာအသင်းကတော့ မလေးရှားအသင်းရဲ့အိမ်ကွင်းမှာ သရေ ၁ မှတ်ရရှိဖို့ကို ခက်ခက်ခဲခဲရုန်းကန်ရဖွယ်ရှိနေပါတယ်။

မြန်မာအသင်းသာ ယင်းပွဲစဉ်မှာ ရှုံးနိမ့်သွားခဲ့မယ်ဆိုရင် မလေးရှားအသင်းက အုပ်စုဒုတိယနဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်ခွင့် ရရှိသွားမှာဖြစ်ပြီး ဘယ်လိုနည်းနဲ့မဆို အုပ်စု B က ထိုင်းအသင်းဟာ အုပ်စု A ကနေ အုပ်စုဗိုလ်အဖြစ် ဆီမီးတက်လာမယ့် ဗီယက်နမ်ကို ရှောင်လွဲှပြီး ဖိုင်နယ်အဆင့်အထိ သက်တောင့်သက်သာ တက်ရောက်နိုင်ဖို့အတွက် အုပ်စု A ရဲ့ အုပ်စုဒုတိယအဖြစ် တက်လာမယ့် မြန်မာ (သို့) မလေးရှားနဲ့ တွေ့ဆုံနိုင်အောင် ယနေ့ပွဲစဉ်မှာ ဖိလစ်ပိုင်ကို မဖြစ်မနေအနိုင်ကစားသွားမယ်လို့ ခန့်မှန်းရပါတယ်။

 

ဖိလစ်ပိုင်အသင်းဟာ အင်္ဂလန်လက်ရွေးစင် နည်းပြဟောင်း အဲရစ်ဆင် တာဝန်ယူကိုင်တွယ်နေတဲ့အသင်းဖြစ်သလို ပြည်ပနွယ်ဖွား ကစားသမားအများစုလည်း ပါဝင်နေတာကြောင့် ထိုင်းအသင်းရဲ့ ဗိုလ်လုပွဲကို သွားတဲ့လမ်းခရီးမှာ ဆူးညှောင့်ခလုတ်ဖြစ်လာနိုင်ပါတယ်။

ထိုင်းအသင်းအနေနဲ့ ယနေ့ယှဉ်ပြိုင်ကစားရမယ့် ဖိလစ်ပိုင်အသင်းနဲ့ပွဲစဉ်ဟာ ဆီမီးဖိုင်နယ်အဆင့်မှာ အသင်းလိုက်ကစားပုံရော၊ ခံစစ်နဲ့ တိုက်စစ်မှာပါ တောင့်တင်းတဲ့ ဗီယက်နမ်ကို ရှောင်လွှဲမလား၊ ၁၂ ယောက်မြောက် ပရိသတ်တွေဆီက စိတ်ဓာတ်ခွန်အားနဲ့ တုံးတိုက်တိုက် ကျားကိုက်ကိုက်ကစားတတ်တဲ့ မြန်မာအသင်းကို ရှောင်လွှဲမလားဆိုတာကို ဆုံးဖြတ်ရမယ့်ပွဲစဉ်ဖြစ်ပါတယ်။

Share

Loading Next Article...
က္က