ပြောင်းရွှေ့ကြေးကိုတော့ မသိရသေးပါဘူး။

ထိုင်းလိဂ်အသင်းတစ်သင်းဖြစ်တဲ့ ချောင်ဘူရီအသင်းဟာ ရတနာပုံအသင်းရဲ့ကွင်းလယ်ကစားသမား စည်သူအောင်ကို အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း တရားဝင်ထုတ်ဖော်ကြေညာလိုက်ပြီဖြစ်ပါတယ်။ စည်သူအောင်ဟာ 2018 AFF ဆူဇူကီးဖလားပြိုင်ပွဲမှာ မြန်မာအသင်းနဲ့အတူ ခြေစွမ်းပြကစားနိုင်ခဲ့တာကြောင့် ချောင်ဘူရီအသင်းက ခေါ်ယူဖို့အတွက် စောင့်ကြည့်နေခဲ့တာဖြစ်ပါတယ်။

47232873_339438686838176_689078449821712384_n-768x474.jpg

Photos: Chonburi FC

 

စည်သူအောင်ဟာ ချောင်ဘူရီအသင်းနဲ့ စာချုပ်မချုပ်ဆိုမီ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ဆမီတီဗက်ဆူခွန်ဗစ်ဆေးရုံမှာ ဆေးစစ်ခဲ့တယ်လို့ သိရပြီး ယနေ့မှာတော့ ချောင်ဘူရီအသင်းဝက်ဘ်ဆိုက်က စည်သူအောင်ကို တရားဝင်ထုတ်ဖော်မိတ်ဆက်လိုက်တာလည်း ဖြစ်ပါတယ်။

2018 Optimist Asian and Oceanian Championship ရဲ့ ဆုအများစုကို သိမ်းပိုက်ခဲ့တဲ့ ထိုင်း 

ချောင်ဘူရီအသင်းနည်းပြက ၎င်းတို့အသင်းမှာ အာဆီယံကစားသမားခေါ်ယူခွင့်အတွက် ရရှိထားတဲ့ ခွဲတမ်းအတိုင်း ကစားသမားကောင်းတွေ ခေါ်ယူနိုင်ခဲ့ပြီး အာဆီယံဒေသက ကစားသမားတွေနဲ့ အသင်းကို တည်ဆောက်ထားကြောင်း ပြောကြားခဲ့ပါတယ်။

Photos: Chonburi FC

 

"အသင်းရဲ့ရည်မှန်းချက်က ဒီနှစ်မှာ ဆုဖလားရရှိဖို့ပါ။ အာဆီယံကစားသမား ခွဲတမ်းအတိုင်း ကျွန်တော်တို့အသင်းကို တည်ဆောက်ထားပါတယ်။ အာဆီယံဒေသက ကစားသမားတွေ အများကြီးဖြစ်နေပါပြီ"

"အထူးသဖြင့် ၂၀၁၈ ဆူဇူကီးဖလားပြိုင်ပွဲမှာ ကောင်းကောင်းကစားနိုင်ခဲ့တဲ့ ကစားသမားတွေထဲက တစ်ဦး(စည်သူအောင်)အပါအဝင်ပေါ့။ ကလပ်အသင်းအဆင့်မှာလည်း သူက အကောင်းဆုံးပုံစံ ပြသနိုင်ခဲ့ပါတယ်။ ပြီးတော့သူက နေရာအများကြီးမှာ ကစားနိုင်တဲ့ကစားသမားပါ။ ဘယ်တောင်ပံ၊ ညာတောင်ပံအပြင် ဘယ်နောက်ခံမှာပါ ကစားနိုင်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ သူ့ကိုအသင်းအတွက် ဒီနှစ်မှာ ခေါ်ယူဖို့အတွက် ဆုံးဖြတ်ခဲ့ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

စည်သူအောင်ကို ချောင်ဘူရီအသင်းက ရတနာပုံအသင်းကနေ ပြောင်းရွှေ့ကြေး ဘယ်လောက်ပမာဏနဲ့ ခေါ်ယူခဲ့တယ်ဆိုတာတော့ ဖော်ပြထားခြင်းမရှိသလို လစာပမာဏကိုလည်း တရားဝင်ထုတ်ဖော်ကြေညာခြင်းမရှိသေးပါဘူး။

Share

Loading Next Article...
က္က