ရန်ကုန်အသင်းက တစ်လစောပြီး ထွက်ခွာခွင့်စာ ပေးခဲ့တာကြောင့် အခုလို ချွန်ဘူရီအသင်းနဲ့ အပြီးသတ်စာချုပ်နိုင်တာပါ။

မနေ့ကတည်းက အသင်းနဲ့အတူ လေ့ကျင့်ခန်း ပူးပေါင်းဆောင်ရွက်နေပြီ ဖြစ်သလို ဒီကနေ့ ညနေ ၄ နာရီမှာလည်း အသင်းနဲ့အတူ လေ့ကျင့် ခန်း ထပ်မံ လုပ်ဆောင်ရပါဦးမယ်။



ရန်ကုန်ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ုဆုံးခဲ့ပြီ ဖြစ်တဲ့ မြန်မာ့လက်ရွေးစင် နောက်ခံလူ ဇော်မင်းထွန်းအနေနဲ့ ထိုင်းလိဂ်(၁)ကလပ် ချွန်ဘူရီအသင်းနဲ့ တစ်ရာသီ စာချုပ်ချုပ်ဆိုခဲ့ပါပြီ။

ချောင်ဘူရီအသင်းကို အပြီးသတ်ပြောင်းရွှေ့ရောက်ရှိသွားပြီဖြစ်တဲ့ စည်သူအောင် 

"ကျွန်တော်မနေ့က ဆေးစစ်မှု ပြုလုပ်အပြီးမှာပဲ အသင်းနဲ့ တရားဝင် စာချုပ်ချုပ်ဆိုပြီးပါပြီ။ စာချုပ်သက်တမ်းကတော့ ၁ နှစ်ဖြစ်ပြီး မနေ့က ကတည်းက အသင်းနဲ့ ပူးပေါင်းနေပါပြီ။" လို့ ဇော်မင်းထွန်းက DuwunSportsကို ပြောပါတယ်။

ဇော်မင်းထွန်းကို ချွန်ဘူရီအသင်းက နေစရာ အိမ်နဲ့ စီးစရာ ကားကိုလည်း စီစဉ်ပေးထားပြီး အသင်းမှာ ကျောနံပါတ် ၃ ဂျာစီကိုပဲ ဝတ်ဆင်က စားမယ်လို့ သိရပါတယ်။

ဒီနှစ်မြန်မာအသင်းမှာ ကျောနံပါတ် ၃၂ ကိုဝတ်ဆင်ခဲ့ပေမယ့် အရင်ကတည်းက ကျောနံပါတ် ၃ ကိုပဲ စွဲစွဲမြဲမြဲ ဝတ်ဆင်ခဲ့တဲ့ ဇော်မင်းထွန်းကို ချွန်ဘူရီအသင်းက သူ့ရဲ့ မူလကျောနံပါတ်ကို ဦးစားပေး ဝတ်ဆင်ခွင့်ပြုခဲ့တာလည်း ဖြစ်ပါတယ်။

ချွန်ဘူရီအသင်းမှာ မြန်မာ့လက်ရွေးစင် ကစားသမားတစ်ဦးဖြစ်တဲ့ စည်သူအောင်ကိုလည်း အပြီးသတ်ခေါ်ယူထားနိုင်ပြီဖြစ်လို့ မြန်မာကစား သမားနှစ်ဦးကို တစ်ပြိုင်နက်တည်း ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Photo - Chonburi fc

 

ဒီလိုခေါ်ယူနိုင်တာကတော့ ထိုင်းလိဂ်သမိုင်းမှာရော မြန်မာကစားသမားတွေအနေနဲ့ရောပထမဆုံး ထိုင်းလိဂ်အသင်းတစ်သင်းတည်းမှာ မြန်မာ ကစားသမားနှစ်ဦး ကစားမယ့် ဖြစ်ရပ်လည်း ဖြစ်လာခဲ့ပါတယ်။

ဇော်မင်းထွန်းအနေနဲ့ မြန်မာ့လက်ရွေးစင်အသင်းနဲ့အတူ ၂၀၁၈ ခုနှစ် ဆူဇူကီးဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးနောက် ချွန်ဘူရီအသင်း ကို ပြောင်းရွှေ့သွားတာ ဖြစ်ပါတယ်။

Photo - Chonburi fc

ဒီသတင်းကိုတော့ ချွန်ဘူရီအသင်းက အသင်းရဲ့ တရားဝင် ဖေ့ဘုတ်စာမျက်နှာထက်မှာ ရေးသားဖော်ပြထားပါတယ်။

ရန်ကုန်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အရ ဒီဇင်ဘာလ အကုန်မှ ပြီးဆုံးမှာ ဖြစ်ပေမယ့်လည်း ရန်ကုန်အသင်းက တစ်လစောပြီး ထွက်ခွာ ခွင့်စာပေးခဲ့လို့လဲ အခုလို ချွန်ဘူရီအသင်းနဲ့ စောလျင်စွာ အပြီးသတ်စာချုပ်ချုပ်ဆိုနိုင်တာလည်း ဖြစ်ပါတယ်။

ချွန်ဘူရီအသင်းကတော့ မနှစ်က ထိုင်းလိဂ်မှာ အဆင့် ၉ နေရာသာ ရပ်တည်နိုင်ခဲ့ပေမယ့် ထိုင်းလိဂ်(၁)ရဲ့ အသင်းကြီးတစ်သင်းလည်း ဖြစ်ပါ တယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က