နှစ်ကျော့ပေါင်းရလဒ် ၂-၂ ဂိုးဆိုပေမယ့် မလေးရှားအသင်းက အဝေးဂိုးစည်းမျဉ်းနဲ့ ဗိုလ်လုပွဲ တက်လှမ်းခဲ့ပါတယ်။

ပွဲပြီးဖို့ တစ်မိနစ်အလိုမှာ ကံကြမ္မာက ထိုင်းဖက်ကို မျက်နှာသာပေးခဲ့ပြီး ပင်နယ်တီ ကန်ခွင့်ရခဲ့ပေမယ့် ဒီအခွင့်အရေးကို အပြည့်အ၀ အသုံးမချ နိုင်ခဲ့တာကြောင့် ဗိုလ်လုပွဲတက်ခွင့်နဲ့ လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။



Photo - Suzuki Cup 2018

 

ထိုင်းနဲ့ မလေးရှားအသင်းတို့ရဲ့ ၂၀၁၈ ခုနှစ် အာဆီယံ ဆူဇူကီးဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်ကိုတော့ ဒီကနေ့မှာ ယှဉ်ပြိုင်ကစားခဲ့ ရာမှာတော့ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့ပါတယ်။

ဇော်မင်းထွန်း ထိုင်းလိဂ်ကို သွားဖို့ သေချာပြီ 

ပထမအကျော့ မလေးရှားမြေမှာ ဂိုးမရှိသရေကျခဲ့လို့ အခု ဒုတိယအကျော့ ထိုင်းမြေမှာ အကြိတ်အနယ်ရှိခဲ့ပြီး မလေးရှားအသင်းက အဝေးဂိုး ၂ ဂိုးအထိရရှိပြီး ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့ပါတယ်။

Photo - Suzuki Cup 2018

 

ပထမပိုင်းမှာ ထိုင်းအသင်း ဦးဆောင်ဂိုးရခဲ့ပေမယ့် မလေးရှားအသင်းက ပြန်လည်ချေပနိုင်ခဲ့သလို ဒုတိယပိုင်းမှာလည်း ဂိုးတွေ အပြန်အလှန် သွင်းခဲ့တာကြောင့် မလေးရှားအသင်းက အဝေးဂိုး စည်းမျဉ်းနဲ့ ဗိုလ်လုပွဲကို တက်လှမ်းသွားတာပါ။

ပွဲချိန် မိနစ်၉၀ ပြည့်လို့ နာကျင်အချိန်ပို ၅ မိနစ်သတ်မှတ်ပေးရာမှာတော့ ထိုင်းအသင်းအတွက် ကံကြမ္မာ မျက်နှာသာပေးခဲ့တယ်လို့ ဆိုရမှာ ဖြစ် ပြီး မလေးရှားကစားသမား ပင်နယ်တီ ဧရိယာထဲ လက်နဲ့ဘောလုံးကို ဟန့်တားခဲ့လို့ ကွင်းလယ်ဒိုင်က ထိုင်းအသင်းဖက်ကို ပင်နယ်တီ ကန်ခွင့်ပြု ခဲ့ပါတယ်။

Photo - Suzuki Cup 2018

 

ဒီပင်နယ်တီကိုတော့ ဒီပြိုင်ပွဲရဲ့ ဂိုးသွင်းဘုရင်လို့ ဆိုနိုင်မယ့် အဒီဆစ်က ကန်သွင်းခဲ့ရာမှာတော့ စိတ်လှုပ်ရှားလွန်ခဲ့ဟန်တူပြီး ဂိုးဘားတန်းပေါ် ကျော်တက်သွားခဲ့ပါတယ်။

ဒါကြောင့် ထိုင်းအသင်းအတွက် ကံကြမ္မာကောင်းဟာ ပျက်စီးခဲ့ရပြီး မလေးရှားအသင်းကတော့ သေမင်းခံတွင်းဝက လွတ်မြောက်ခဲ့သလို ဗိုလ် လုပွဲကို တက်လှမ်းနိုင်ခဲ့တာပါ။

 

ဗိုလ်လုပွဲမှာတော့ မနက်ဖြန်မှာ ဗီယက်နမ် - ဖိလစ်ပိုင်အသင်းပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ကစားရမှာ ဖြစ်ပြီး လက်ရှိမှာတော့ ဗီယက်နမ် အသင်းက ပထမအကျော့ ဖိလစ်ပိုင်မြေမှာ ၂-၁ ဂိုးနဲ့ နိုင်ထားလို့ အခြေအနေကောင်းတစ်ရပ် ပိုင်ဆိုင်ထားပါတယ်။

ဗိုလ်လုပွဲကိုတော့ ဒီဇင်ဘာ ၁၁ ရက်နေ့နဲ့ ၁၅ ရက်နေ့တွေမှာ နှစ်ကျော့စနစ်နဲ့ ဆက်လက်ကစားသွားစေဦးမှာ ဖြစ်ပြီး မလေးရှားအသင်းကတော့ ၂၀၁၀ ဆူဇူကီးဖလားပြိုင်ပွဲတုန်းက ချန်ပီယံ တစ်ကြိမ်ဖြစ်ထားပါတယ်။

လက်ရှိ နှစ်ကြိမ်ဆက် ချန်ပီယံကြီးထိုင်းအသင်းကတော့ မလေးရှားအသင်းကို အိမ်ကွင်းမှာ သရေသာ ကစားနိုင်ခဲ့လို့ ဆူဇူကီးဖလား ပြိုင်ပွဲကြီး ကို ဒီတစ်ကြိမ်မှာတော့ ဆီမီးဖိုင်နယ်ကသာ လက်ပြ နှုတ်ဆက်ခဲ့ရပြီ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က