ဂျေလိဂ်ကို သွားမကစားဖြစ်တော့ဘူးလို့ သိရပါတယ်။

အောင်သူကို ထိုင်းက အသင်းကြီးတွေ ဖြစ်တဲ့ ဘူရီရမ်၊ဘန်ကောက်နဲ့ မြောင်တောင်အသင်းတို့က ခေါ်ယူဖို့ ကမ်းလှမ်းထားကြတယ်လို့ သတင်း တွေထွက်ပေါ်နေပါတယ်။



 

ရတနာပုံအသင်းက မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး အောင်သူအနေနဲ့ မနှစ်က ထိုင်းလိဂ်(၁)ကလပ် Police Tero အသင်းမှာ အငှားနဲ့ သွား ရောက်ကစားခဲ့ပြီး ဒီနှစ်မှာလည်း ထိုင်းလိဂ်မှာပဲ ဆက်ကစားဖို့ များနေပါတယ်။

ထိုင်းလိဂ်(၁)ကလပ် PT ပရာချတ်အသင်းက လှိုင်းဘိုဘိုကို ကမ်းလှမ်း 

Police Tero အသင်းက လိဂ်(၂)ကို တန်းဆင်းခဲ့ရပေမယ့် အောင်သူ့ကို ထိုင်းလိဂ်(၁)က ထိပ်တန် းအသင်းကြီး နှစ်သင်းက ကမ်းလှမ်းမှု တွေ ပြု လုပ်ထားပါတယ်။

 

ဒီအသင်းနှစ်သင်းထဲက တစ်သင်းကတော့ ရတနာပုံအသင်းကို တိုက်ရိုက် ကမ်းလှမ်းထားတာ ဖြစ်ပြီး တစ်သင်းကတော့ အေဂျင်စီကတဆင့် ကမ်းလှမ်းထားတာပါ။

ဒီကြားထဲမှာ အောင်သူ ဂျေလိဂ်မှာ သွားကစားဖြစ်မယ်လို့ ကောလဟာလတွေ ထွက်ပေါ်ခဲ့ပြီး ဂျေလိဂ်က ထိုင်းလက်ရွေးစင်ကစားသမား ချနာ သစ် ကစားနေတဲ့ ဆာပိုရိုအသင်းက လာရောက်ကမ်းလှမ်းမယ်လို့  သတင်း ပျံ့နှံ့ခဲ့ပါတယ်။ ဒါပေမယ့်လည်း အောင်သူနဲ့ ဆာပိုရိုအသင်း အပြောင်းအရွှေ့ဟာ ဖြစ်ပေါ်လာခြင်းမရှိပဲ ထိုင်းလိဂ်မှာပဲ ပြန်ကစားဖို့အလားအလာ များနေပါတယ်။

 

" အခုအောင်သူက ထိုင်းကို ပြန် လာပြီး သူ့အသင်းဟောင်း Police Tero အသင်းနဲ့ ပူးပေါင်းရမှာပါ။ စာချုပ်က ဒီဇင်ဘာအကုန်ထိ ကျန်နေသေးတာကြောင့်ဒီမှာပဲ အသင်းနဲ့အတူ နောက်ထပ် ကမ်းလှမ်းမှုတွေကို စောင့်မှာပါ။ကျွန်တော့်အေဂျင်စီကနေ တစ်ဆင့် ကမ်းလှမ်းထားတဲ့ အသင်း တစ်သင်းနဲ့လည်း ညှိုနှိုင်းမှုတွေ လုပ်ပါမယ်။" လို့ ကစားသမားခေါ်ယူနိုင်ရေး အေဂျင်စီက တာဝန်ရှိသူ တစ်ဦးက DuwunSportsကို ပြောပါတယ်။

အောင်သူကို ခေါ်ယူနိုင်ရေး ကြိုးပမ်းပေးနေတဲ့ အေဂျင်စီကိုယ်တိုင်ကလည်း ကလပ်အသင်းကို အသင်းရဲ့ တောင်းဆိုချက်အရ ထုတ်ဖော်ပြော ပြလာခြင်းမပြုပဲ လတ်တလောထွက်ပေါ်နေတဲ့ သတင်းတွေအရဆိုရင် လက်ရှိချန်ပီယံ ဘူရီရမ်၊ဘန်ကောက်နဲ့ မြောင်တောင်အသင်းတွေ ဖြစ် ဖို့ များနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က