ဗိုလ်လုပွဲမှာ မလေးရှားနဲ့ ရင်ဆိုင်ရမှာပါ။

ဒီနေ့ည (ရး၀၀)နာရီမှာ ယှဉ်ပြိုင်ခဲ့တဲ့ ဗီယက်နမ် နဲ့ ဖိလစ်ပိုင်တို့ရဲ့ ဆူဇူကီးဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာတေ့ာ ဗီယက်နမ်အသင်းက ပထမအကျော့ရလာဒ်အတိုင်း ထပ်မံအနိုင်ယူခဲ့ပြီး ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဗီယက်နမ်အသင်းဟာ ဗိုလ်လုပွဲမှာ အုပ်စုတွင်းပြိုင်ဘက် မလေးရှားနဲ့ ရင်ဆိုင်ရတော့မှာပါ ဖြစ်ပါတယ်။



 

နှစ်သင်းစလုံးမှာ အဓိကကစားသမား အစုံအလင်ပါဝင်ခဲ့ပါတယ်။ ဒီအတွက် အပြန်အလှန် ထိုးဖောက်ကစားမှုတွေနဲ့အတူ ပွဲကအကြိတ်အနယ် ရှိခဲ့ပြီး ဖိလစ်ပိုင်အသင်းကတော့ အနည်းငယ် ကြမ်းကြမ်းတမ်းတမ်း ကစားခဲ့တဲ့ ပုံစံကို မြင်တွေ့ခဲ့ရပါတယ်။ မဖြစ်မနေ အနိုင်ရဖို့လိုအပ်နေတဲ့ အချိန်မို့ ဖိလစ်ပိုင်အသင်းဟာ ဖိအားတွေ များနေပြီး ထင်သလောက် ကစားကွက်မကောင်းခဲ့ပါဘူး။

 

ဗီယက်နမ်ကတော့ ခံစစ်ကောင်းတဲ့အသင်းပီပီ ဖိလစ်ပိုင်ရဲ့ တိုက်စစ်ဆင်မှုတွေကို အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဖိလစ်ပိုင်ကလည်း ဗီယက်နမ်ရဲ့ တိုက်စစ်ပိုင်းထိုးဖောက်မှုတွေကို ဟန့်တားနိုင်ခဲ့လို့ ပထမပိုင်းမှာ ဂိုးမရှိသရေသာ ဖြစ်ခဲ့ပါတယ်။ ဒီအတွက် ဒုတိယပိုင်းမှာဖိလစ်ပိုင်မှာ ကစားကွက်မြှင့်ကစားခဲ့ပေမယ့်လည်း ထင်သလောက် မထိရောက်ခဲ့ပါဘူး။

 

ဗီယက်နမ်တိုက်စစ်ပိုင်းက ပိုအလုပ်ဖြစ်ခဲ့ပြီး ဖိလစ်ပိုင်ကို ပိုမိုဖိအားပေးနိုင်ခဲ့ပါတယ်။ ဒီအတွက် ပွဲကစားချိန် (၈၃)မိနစ်မှာ ငုယင်ကွမ်ဟိုင်ရဲ့ သွင်းဂိုးနဲ့ ဗီယက်နမ်တို့ ဦးဆောင်ဂိုး ရရှိခဲ့ပြီး ဆက်တိုက်ဆိုသလိုပဲ (၈၇)မိနစ်မှာ ငုယင်ကွမ်ဖောင်က နောက်တစ်ဂိုးသွင်းခဲ့လို့ ဗီယက်နမ်တို့ ဗိုလ်လုပွဲတက်ဖို့ သေချာသွားခဲ့ပါတယ်။ ဖိလစ်ပိုင်အတွက် ဂျိမ်းစ်ဟက်ဘန့်က ချေပဂိုးတစ်ဂိုးကို (၈၉)မိနစ်မှာ သွင်းယူပေးခဲ့ပေမယ့် အချိန်မမီခဲ့တော့ပါဘူး။

 

ဒီအတွက် နှစ်ကျော့ပေါင်း ရလာဒ် (၄-၂)နဲ့ ဗီယက်နမ်တို့ ဗိုလ်လုပွဲတက်ခဲ့ပြီး အုပ်စုတွင်းမှာ ၂-၀ နဲ့ အနိုင်ရရှိထားခဲ့တဲ့ မလေးရှားနဲ့ ကစားရတော့မှာ ဖြစ်ပါတယ်။ ဗိုလ်လုပွဲကို ဒီဇင်ဘာ (၁၁)ရက်နေ့မှာ မလေးရှားက အိမ်ကွင်းပွဲအဖြစ် လက်ခံကစားမှာဖြစ်ပြီး ဒီဇင်ဘာလ (၁၆)ရက်နေ့မှာဗီယက်နမ်က အိမ်ကွင်းအဖြစ် ထပ်မံကစားရတော့မှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က