၂၀၂၀ ခုနှစ်အထိ အသင်းမှာ ဆက်ရှိနေပါတော့မယ်။

ထိုင်းလိဂ်(၁)ကလပ် PT ပရာချတ်အသင်းက တစ်လ သိန်း (၆၀)နီးပါးနဲ့ ရတနာပုံအသင်းကိုတရားဝင် ကမ်းလှမ်းထားပေမယ့် ရတာနာပုံအသင်း က လှိုင်းဘိုဘိုကို ၂၀၂၀ အထိ အသင်းမှာ ဆက်ရှိစေမယ့် စာချုပ်နဲ့ ထိန်းသိမ်းခဲ့တာပါ။

 

ရတနာပုံအသင်းဟာ မြန်မာ့လက်ရွေးစင် ကွင်းလယ်လူ လှိုင်းဘိုဘိုကို ၂၀၂၀ ခုနှစ်အထိ အသင်းမှာ ဆက်ရှိစေမယ့် စာချုပ်တစ်ရပ်ကို ဒီကနေ့ မှာ ချုပ်ဆိုခဲ့ပြီလို့ အသင်းပိုင် ဖေ့စ်ဘုတ်ပေ့ချ်ကနေ တရားဝင် ကြေညာခဲ့ပါပြီ။

ထိုင်းလိဂ်(၁)ကလပ် PT ပရာချတ်အသင်းက လှိုင်းဘိုဘိုကို ကမ်းလှမ်း 

အသက် ၂၂ နှစ်အရွယ်သာရှိသေးတဲ့ ကွင်းလယ်လူ လှိုင်းဘိုဘိုကိုမကြာသေးမီ ရက်ပိုင်းကမှ ထိုင်းလိဂ်(၁)ကလပ် PT ပရာချတ်အသင်းက ခေါ် ယူနိုင်ရေး တရားဝင် ကမ်းလှမ်းထားပါတယ်။

 

ပရာချတ်အသင်းက လှိုင်းဘိုဘိုကို တစ်လလျှင် မြန်မာငွေ သိန်း ၆၀ ဝန်းကျင်နဲ့ ကမ်းလှမ်းခဲ့တာ ဖြစ်ပြီး ရတနာပုံအသင်းရဲ့အကြောင်းပြန်ကြား ချက်ကို စောင့်နေခဲ့တာ ဖြစ်တယ်လို့ ကစားသမားခေါ်ယူနိုင်ရေး အေဂျင်စီက တာဝန်ရှိသူက DuwunSportsကို ပြောထားပါတယ်။

အခုလို ရတနာပုံံအသင်းက စာချုပ်သက်တမ်း တိုးလိုက်တဲ့ အတွက် လှိုင်းဘိုဘိုအနေနဲ့ ထိုင်းလိဂ်(၁)ကို ထွက်ကစားတော့မှာ မဟုတ်တော့ပါ ဘူး။

 

"ရတနာပုံ အသင်းက ကျွန်တော်မိခင် အသင်းကြီးပါ။ ဆက်လက် လက်တွဲခွင့်ရလို့ အရမ်းဝမ်းသာမိတယ်။အခုလိုကျွန်တော်ကို ရှိနေခွင့်ပေးလို့ အရမ်းပျော်ပါတယ်။ ရတနာပုံ အသင်းအတွက်ရော ရတနာပုံ ပရိသတ်တွေ အတွက်ပါ ကျွန်တော်ကြိုးစားသွားပါမယ်။" လို့ လှိုင်းဘိုဘိုက ရတ နာပုံအသင်း မီဒီယာကို ပြောခဲ့ပါတယ်။

လှိုင်းဘိုဘိုအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၈ အာဆီယံ ဆူဇူကီးဖလား အုပ်စုပွဲစဉ်တွေမှာ မြန်မာအသင်းနဲ့အတူ ခြေစွမ်းပြ ဂိုးတွေသွင်းခဲ့တဲ့အတွက် အခုလို ထိုင်းလိဂ်(၁)ကလပ်အသင်းက ကမ်းလှမ်းလာတာလည်း ဖြစ်ပါတယ်။

လှိုင်းဘိုဘိုအနေနဲ့ အုပ်စုတွင်း ၄ ပွဲစလုံး ပွဲထွက်ပါဝင်ခဲ့သလို အသင်းအတွက် ၂ ဂိုးသွင်းပေးနိုင်ခဲ့ပြီး ကမ္ဘောဒီးယားကို နိုင်တဲ့ပွဲနဲ့ ဗီယက်နမ်ကို သရေကျတဲ့ပွဲတွေမှာ အကောင်းဆုံး ကစားသမားဆုတွေ ရခဲ့ပါတယ်။

ရတနာပုံအသင်းအနေနဲ့ မနှစ်က တိုက်စစ်မှူးအောင်သူကို ထိုင်းလိဂ်(၁)ကလပ် Police Tero အသင်းကို တစ်ရာသီ အငှားချခဲ့သလို ဒီနှစ်မှာ လည်း အခြားအသင်းတစ်သင်းကို အငှားချပေးနိုင်ရေး ကြိုးစားနေပါတယ်။

ဒါ့အပြင် ဒီနှစ်မှာ စည်သူအောင်ကို ချွန်ဘူရီအသင်းကို တစ်ရာသီအငှားနဲ့ ထပ်မံ စေလွှတ်ပေးထားသလို သိန်းသန်းဝင်းကိုလည်း ရက်ချာဘူရီ အသင်းကို စေလွှတ်ပေးဖို့ ရှိနေပြန်ပါသေးတယ်။

Share

Loading Next Article...
က္က