၅ သင်းပတ်လည်ပြိုင်ပွဲမှာ အမှတ်အများဆုံး ၃ သင်းခြေစစ်ပွဲအောင်မှာပါ။

မြန်မာအသင်းကတော့ အဖွင့်ပွဲမှာ မလေးရှားအသင်းကို ၁-၀ ဂိုးနဲ့လည်းကောင်း၊ ဒုတိယပွဲအဖြစ် ဗီယက်နမ်အသင်းကို ၂-၁ ဂိုးနဲ့လည်းကောင်း၊ တတိယပွဲမှာ အိမ်ရှင် ထိုင်းအသင်းကို ၇-၁ ဂိုးနဲ့လည်းကောင်းဆက်တိုက်ရှုံးနိမ့်ခဲ့သလို ဒီကနေ့ ကစားခဲ့တဲ့ အင်ဒိုနီးရှားအသင်းနဲ့ နောက်ဆုံးပွဲမှာ လည်း ၉ ဂိုးပြတ်နဲ့ မရှုမလှ အရေးနိမ့်ခဲ့ပြီး ၄ပွဲဆက် အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။



Photo - MFF

 

၂၀၁၉ ခုနှစ်မှာ ကျင်းပမယ့် အာရှ ယူ-၂၀ ဖူဆယ် ပြိုင်ပွဲအတွက် ခြေစစ်ပွဲတွေကိုတော့ မြန်မာ့လက်ရွေးစင် ယူ-၂၀ ဖူဆယ်အသင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။

ရေပန်းစားခဲ့တဲ့အတိုင်း ဗိုလ်လုပွဲတက်ရောက်ခဲ့တဲ့ ဗီယက်နမ်အသင်း 

အုပ်စုတွင်း မလေးရှား၊ဗီယက်နမ်၊ထိုင်း၊အင်ဒိုနီးရှားအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး မဲခွဲမှုအရ အာဆီယံအသင်းတွေထဲက ၅ သင်းပတ်လည် ကစားခဲ့ရတာပါ။

Photo - MFF

 

ဒီ ၅သင်းထဲက အမှတ်အများဆုံးရရှိတဲ့ ထိပ်ဆုံး ၃ သင်းက ခြေစစ်ပွဲအောင်မှာ ဖြစ်ပြီး ၂၀၁၉ ခုနှစ်အတွင်း အီရန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမယ့် နောက်ဆုံးအဆင့်ပွဲစဉ်တွေကို ကစားခွင့်ရမှာပါ။

မြန်မာအသင်းကတော့ အဖွင့်ပွဲမှာ မလေးရှားအသင်းကို ၁-၀ ဂိုးနဲ့လည်းကောင်း၊ ဒုတိယပွဲအဖြစ် ဗီယက်နမ်အသင်းကို ၂-၁ ဂိုးနဲ့လည်းကောင်း၊ တတိယပွဲမှာ အိမ်ရှင် ထိုင်းအသင်းကို ၇-၁ ဂိုးနဲ့လည်းကောင်းဆက်တိုက်ရှုံးနိမ့်ခဲ့သလို ဒီကနေ့ ကစားခဲ့တဲ့ အင်ဒိုနီးရှားအသင်းနဲ့ နောက်ဆုံးပွဲမှာ လည်း ၉ ဂိုးပြတ်နဲ့ မရှုမလှ အရေးနိမ့်ခဲ့ပြီး ၄ပွဲဆက် အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

Photo - MFF

 

ကျန်တဲ့ ၄ သင်းကတော့ ပွဲကုန်မကစားရသေးပဲ ဗီယက်နမ်နဲ့ထိုင်းက ဒီကနေ့ ညနေမှာ ကစားမှာပါ။ အင်ဒိုနီးရှားနဲ့ မလေးရှားကလည်း တစ်ပွဲ စီ ကစားဖို့ ကျန်သေးချိန်မှာ ခြေစစ်ပွဲအောင်ဖို့ အပြိုင်ဖြစ်နေပါသေးတယ်။

မနက်ဖြန်မှာ မလေးရှားနဲ့ ဗီယက်နမ်၊ထိုင်းနဲ့ အင်ဒိုနီးရှားအသင်းတို့ နောက်ဆုံးပွဲစဉ်တွေအဖြစ် ဆက်လက်ကစားကြမှာ ဖြစ်ပြီး ၄သင်းထဲက တစ်သင်းတည်းသာ ကျန်ရစ်ခဲ့ရမှာ ဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းကတော့ အာဆီယံအဆင့်မှာ အဆင့်တစ်ခုအထိ ရပ်တည်နိုင်အောင် စွမ်းဆောင်ထားနိုင်ပေမယ့်လည်း မျိုး ဆက်သစ်တွေရဲ့ ရလဒ်တွေကတော့ အားရစရာ မရှိလို့ မြန်မာ့ဖူဆယ် အနာဂတ်ကတော့ စိုးရိမ်စရာ အတိရှိနေခဲ့ပါပြီ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က