၂ စာချုပ်ချုပ်ဆိုမယ်လို့ သိရပြီး နှစ်ဦးစလုံးအတွက် ပထမဆုံး ပရော်ဖက်ရှင်နယ် ကလပ် ဖြစ်လာမှာပါ။

နှစ်ဦးစလုံး ၂၀၁၈ အာဆီယံ ဆူဇူကီးဖလား ပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင်အသင်းမှာ ပါဝင်ကစားခဲ့ကြသလို ပွဲထွက်ကစားနိုင်တဲ့အထိ ခြေစွမ်း ပိုင်း ကောင်းမွန်ခဲ့ကြပါတယ်။

 

မြန်မာနေရှင်နယ်လိဂ် ကလပ် ဧရာဝတီယူနိုက်တက်အသင်းကတော့ ၂၀၁၉ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲအတွက် ပြင်ဆင်မှု တစ်ရပ်အဖြစ် အတိုးတက်ဆုံးလူငယ်ကစားသမား ၂ ဦးကို ခေါ်ယူစာချုပ်မယ်လို့ သိရပါတယ်။

ဧရာဝတီယူနိုက်တက်အသင်းဟာ မနှစ်က မြန်မာနေရှင်နယ်လိဂ် ဘောလုံးရာသီမှာ ရလဒ်တွေ ဆိုးရွားခဲ့တာကြောင့် ဒီနှစ်မှာ အကောင်းဆုံး ပြင်ဆင်မှုတွေ ပြုလုပ်နေတဲ့ အသင်းလည်း ဖြစ်ပါတယ်။

" ကျွန်တော်တို့ အသင်းကို အကောင်းဆုံး ပြင်ဆင်နေတာကြောင့် ကစားသမားကောင်းတွေ ခေါ်ယူနေပါတယ်။ ဒီထဲမှာမှ အတိုးတက်ဆုံး လူ ငယ် ကစားသမား ၂ ဦးလို့ ဆိုနိုင်မယ့် လွင်မိုးအောင်နဲ့ စိုးမိုးကျော်တို့လည်း ပါပါတယ်။ သူတို့နှစ်ယောက်ကိုလည်း ခေါ်ယူဖို့ သေချာသလောက် ရှိနေပါပြီ မနက်ဖြန်မှာ အသင်းကနေ ခေါ်ယူနိုင်ပြီဆိုတဲ့ တရားဝင်သတင်း ထုတ်ပြန်နိုင်ဖို့လည်း ကြိုးစားသွားမှ့ာပါ" လို့ ဧရာဝတီယူနိုက်တက် အသင်းရဲ့ မီဒီယာ တာဝန်ခံ ဦးသန့်ဇင်အောင်က DuwunSports ကို ပြောပါတယ်။



စိုးမိုးကျော်နဲ့ လွင်မိုးအောင်တို့ နှစ်ဦးဟာ အသက် ၂၀ အရွယ်သာရှိသေးတဲ့ မြန်မာ့လက်ရွေးစင် ကစားသမားလေးတွေ ဖြစ်ပြီး ပရော်ဖက်ရှင် နယ် ကစားသမားဘဝကို လုံး၀ မကစားရသေးပါဘူး။

လက်ရှိ အားကစားနဲ့ ကာယပညာသိပ္ပံမှာ ကစားနေတဲ့ ကစားသမားလေးတွေ ဖြစ်ပြီး ဧရာဝတီကို ရောက်သွားမယ်ဆိုရင် ဧရာဝတီယူနိုက်တက်အသင်းဟာ သူတို့နှစ်ဦးအတွက် ပထမဆုံး ပရော်ဖက်ရှင်နယ် ကလပ်လည်း ဖြစ်လာတော့မှာပါ။

ကစားသမားနှစ်ယောက်စလုံးကို ဧရာဝတီယူနိုက်တက်အသင်းအနေနဲ့ ၂ နှစ်စာချုပ်နဲ့ ချုပ်ဆိုသွားမယ်လို့လည်း သိရပြီး အခြားသော ကစား သမား တွေအဖြစ် မကွေးက ကျော်ဇင်လွင်၊ကျော်ဇင်ဖြိုး(ဂိုး)တို့ကိုလည်း အဓိက ခေါ်ယူထားပါသေးတယ်။

ဒါတင်မကသေးပါဘူး၊ ရန်ကုန်ကစားသမားဟောင်း၊ဇော်ဝင်း၊ရှမ်းနောက်ခံလူ ဇော်လင်း၊ ယူ-၂၁ အသင်းက ဂိုးသမား အောင်မျိုးထွေး၊နန်းထိုက် ကျော်တို့ကိုလည်း ခေါ်ယူအားဖြည့်ထားပြန်ပါတယ်။

အသင်းက စီနီယာ ကစားသမား အောင်ကျော်နိုင်ကိုလည်း စာချုုပ်သက်တမ်း တိုးထားနိုင်သလို လက်ရှိမှာလည်း နိုင်ငံခြားသား ကစားသမား တွေကို ခေါ်ယူခြေစွမ်း စမ်းသပ်လျက်ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က