မြန်မာပရိသတ်တွေကို vote ပေးနိုင်ပါတယ်။

ဗီယက်နမ် ပရိသတ်တွေ လမ်းပေါ်ထွက်အောင်ပွဲခံတဲ့ ဗီဒီယို ပုံရိပ်က လက်ရှိ မဲစနစ် အများဆုံးနဲ့ ထိပ်ဆုံးကဦးဆောင်နေပြီး မြန်မာပရိသတ် တွေကတော့ ၄ မဲသာရထားပါသေးတယ်။

Photo - Reuters.com

 

ကျင်းပလျက်ရှိနေတဲ့ ၂၀၁၈ အာဆီယံ ဆူဇူကီးဖလား ပြိုင်ပွဲမှာ အားပေးခဲ့ကြတဲ့ ပရိသတ်တွေရဲ့ ပုံရိပ်တွေထဲက စိတ်လှုပ်ရှားစရာ အကောင်း ဆုံး အခိုက်အတန့်တွေကို ဆူဇူကီးက စုစည်းဖော်ပြလာပါတယ်။

Vote ပေးနိုင်ပါရန်

ဒီထဲမှာ မလေးရှား၊ဗီယက်နမ်၊ထိုင်း၊မြန်မာနဲ့ အင်ဒိုနီးရှားက ပရိသတ်တွေရဲ့ အားပေးမှု ပုံရိပ်တွေက ဆန်ကာတင် စာရင်းအဖြစ် ပါဝင်လာတကို တွေ့ရပါတယ်။

 

ဖော်ပြထားချက်မှာ ပရိသတ်တစ်ဖွဲ့စီတိုင်းရဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး အခိုက်အတန့်တွေကို ဖော်ပြထားတာဖြစ်ပါတယ်။ မလေးရှား ပရိ သတ်တွေရဲ့ ထိုင်းနဲ့ ဆီမီးဖိုင်နယ် ပထမအကျော့မှာ ထိုင်းပရိသတ်တွေကို နှုတ်ဆက်ခဲ့တဲ့ အခိုက်အတန့်၊ဗီယက်နမ် ပရိသတ်တွေ လမ်းပေါ် မှာ အောင်ပွဲခံခဲ့တဲ့ အခိုက်အတန့်၊ထိုင်းနဲ့အင်ဒိုနီးရှားပရိသတ်တွေ အတူတကွ ဓာတ်ပုံရိုက်ခဲ့တဲ့အခိုက်အတန့်၊ု ကမ္ဘောဒီးယားကို အနိုင်ရခဲ့တဲ့ပွဲမှာ မြန်မာပရိသတ်တွေ ဘင်ခရာတွေနှဲတွေနဲ့ သီချင်းဆိုခဲ့တဲ့ အခိုက်အတန့်နဲ့အတူ ဘူကစ်ဂျာလီကွင်းကြီးထဲက လက်ထပ်ခွင့်တောင်းခဲ့တဲ့ အခိုက်အတန့်တို့ကို ဖော်ပြထားပါတယ်။

ဒီစိတ်လှုပ်ရှားစရာ အကောင်းဆုံး အခိုက်အတန့်တွေထဲက တစ်ခုကို ပရိသတ်တွေက မဲစနစ်နဲ့ စိတ်ကြိုက် ရွေးချယ်နိုင်မှာ ဖြစ်ပြီး လက်ရှိမှာ တော့ ဗီယက်နမ် ပရိသတ်တွေရဲ့ လမ်းပေါ်မှာ အောင်ပွဲခံတဲ့ ပုံရိပ်က ၃၆၅၀ မဲနဲ့ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။

 

မြန်မာ ပရိသတ်တွေ သီချင်းသီဆိုပြီး အားပေးတဲ့ ပုံရိပ်ကတော့ ၄ မဲသာရထားတာကိုလည်း တွေ့မြင်ရပါတယ်။ DuwunSports ပရိသတ်ကြီး အနေနဲ့ မိမိစိတ်ကြိုက်ပရိသတ် ပုံရိပ်ကို မဲစနစ်နဲ့ ရွေးချယ်အားပေးနိုင်ပါတယ်။

မနက်ဖြန်မှာတော့ ဆူဇူကီးဖလား ဗိုလ်လုပွဲ ပထမအကျော့ကို ကျင်းပသွားမှာ ဖြစ်ပြီးမလေးရှားအသင်းနဲ့ ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစား ကြပါမယ်။

Share

Loading Next Article...
က္က