၀င်းနိုင်စိုးကို နှုတ်နဲ့ ပြောဆိုပြီး ဖြစ်ပြီး အောင်သူ့အပြောင်းအရွှေ့ကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

အောင်သူကို ခေါ်ယူမယ့် ထိုင်းလိဂ်(၁)ကလပ် အသင်းအတွက် အေးဂျင့်အဖြစ် ဆောင်ရွက်နေတဲ့ Myanmar Special အေဂျင်စီက CEO ကို ရဲနိုင်ဝင်းက အောင်သူအပြင် ဝင်းနိုင်စိုးကိုပါ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတာလို့ ပြောလာတာပါ။



Photo - Yadanabon Fc

 

ရတနာပုံအသင်းက မြန်မာ့လက်ရွေးစင် ကစားသမား အောင်သူကို ထိုင်းလိဂ်(၁)က ကလပ်အသင်းကြီး ၂သင်းလောက်က တရားဝင် ကမ်းလှမ်း ထားပြီး အဆိုပါ နှစ်သင်းထဲက တစ်သင်းကတော့ မြန်မာပြည်က ဘောလုံးအေဂျင်စီ Myanmar Special နဲ့ ချိတ်ဆက်ဆောင်ရွက်နေတာပါ။

အောင်သူ့ကို ထိုင်းလိဂ်မှာပဲ ဆက်မြင်ရဖို့ ရှိနေ 

အသင်းအမည်ကိုတော့ ထုတ်ဖော်ပြောထားခြင်းမရှိတဲ့ အဆိုပါ အောင်သူကို ခေါ်ယူနိုင်ရေး ချိတ်ဆက်နေတဲ့အသင်းက အခုအခါမှာ အောင်သူ ရဲ့ ရတနာပုံအသင်းဖော် ဝင်းနိုင်စိုးကိုပါ ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။

Photo - Yadanabon Fc

 

" ကျွန်တော့်ကို ချိတ်ဆက်ထားတဲ့အသင်းက အောင်သူအပြင် ဝင်းနိုင်စိုးကိုလည်း ခေါ်ယူချင်နေပါတယ်။ သူတို့က မြန်မာ ကစားသမား နှစ်ဦး လောက်လိုချင်တယ်လို့ ပြောလာတဲ့အပေါ်မှာ ကျွန်တော်တို့ Myanmar Special ဘောလုံးအေဂျင်စီက ဝင်းနိုင်စိုးကို ခေါ်ယူသင့်တယ်လို့ အကြံ ပေးလိုက်တဲ့အပေါ်မှာသူတို့ ဝင်းနိုင်စိုးကို ခေါ်ချင်လာတာပါ။အဲ့ဒီအတွက် ကစားသမားကို နှုတ်နဲ့တော့ပြောပြီးပါပြီ။ တရားဝင် အသင်းကို စာပို့ ဖို့ ကိုတော့ အောင်သူ့အခြေအနေကို စောင့်ကြည့်နေပါတယ်။" လို့ Myanmar Special ဘောလုံးအေဂျင်စီရဲ့ CEO ကိုရဲနိုင်ဝင်းက DuwunSports ကို ပြောလာပါတယ်။

အောင်သူ့ရဲ့ အခြေအနေကိုတော့ လက်ရှိအချိန်ထိ မသိရသေးပဲ အကယ်၍ အဆိုပါ ကလပ်အသင်းအနေနဲ့ အောင်သူကို ခေါ်ယူနိုင်ခဲ့ခြင်းမရှိခဲ့ ဘူးဆိုရင်တောင် ဝင်းနိုင်စိုးကိုတော့ မဖြစ်မနေ အရခေါ်ယူနိုင်ဖို့ ဆက်လက်ကြိုးစားသွားဦးဖို့ ရှိတယ်လို့ ကိုရဲနိုင်ဝင်းက ဆက်လက်ပြောပါသေး တယ်။

Photo - Yadanabon Fc

 

"နောက်ဆုံး အောင်သူကို မရသည့်တိုင် ဝင်းနိုင်စိုးကိုတော့ ခေါ်ယူနိုင်ဖို့ ကြိုးစားသွားဦးမှာပါ။ ပထမ ရည်ရွယ်ချက်ကတော့ နှစ်ဦးစလုံးကို ခေါ်ယူ နိုင်ဖို့ပါ။" လို့ ကိုရဲနိုင်ဝင်းက ပြောပါတယ်။

ဝင်းနိုင်စိုးကတော့ ၂၀၁၈ မြန်မာနေရှင်နယ်လိဂ် ဘောလုံးရာသီမှာ ရတနာပုံအသင်းအတွက် ၁၁ ဂိုးတိတိ သွင်းယူပေးခဲ့ပြီး မြန်မာ ကစားသမား တွေထဲ ဂိုးအများဆုံး သွင်းယူသူ ဖြစ်ခဲ့ပါတယ်။

အောင်သူကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ ထိုင်းလိဂ်(၁)ကလပ် အသင်းတွေက ဘန်ကောက်နဲ့ မြောင်တောင် အသင်းတွေလို့ သတင်းတွေ ထွက်ပေါ် နေပေမယ့် ဒီကနေ့အချိန်ထိ အသင်းနာမည်တွေ တိတိကျကျ ထွက်ပေါ်လာခြင်းတော့မရှိသေးပါဘူး။

ရတနာပုံအသင်းကတော့ ဒီနှစ်မှာ ထိုင်းလိဂ်(၁)ကလပ် ချွန်ဘူရီအသင်းထံကို စည်သူအောင်ကို တစ်နှစ် အငှားနဲ့ စေလွှတ်ပေးပြီး ဖြစ်သလို ရက်ချာဘူရီအသင်းကိုလည်း နောက်ခံလူ သိန်းသန်းဝင်းကို စေလွှတ်ပေးသွားဖို့ ရှိနေပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က