ရန်ကုန်အသင်းက တရားဝင် ခွင့်ပြုလိုက်ပါပြီ။

လာမယ့် ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ဆေးစစ်မှု ခံယူဖို့ ထိုင်းနိုင်ငံကို သွားရောက်မယ်လို့သိရပြီး ဆေးစစ်မှု အောင်မြင်ပါက တစ်ရာသီစာချုပ်နဲ့ ကစားဖြစ်မှာပါ။



Photo - Pro 24

 

ထိုင်းလိဂ်(၁)ကလပ် ဆာမတ်ပရာကန်အသင်းက ရန်ကုန်ယူနိုက်တက် ကစားသမား ကျော်ကိုကိုကို တစ်ရာသီ အငှားနဲ့ ခေါ်ယူသွားတောာ့မှာ ဖြစ်ပါတယ်။

အောင်သူ့ကို ထိုင်းလိဂ်မှာပဲ ဆက်မြင်ရဖို့ ရှိနေ 

စာချုပ်ချုပ်ဆို ခေါ်ယူနိုင်ဖို့အတွက် ဆေးစစ်မှုတွေကို ကနဦးပြုလုပ်သွားမှာ ဖြစ်ပြီး ဆေးစစ်ချက် အောင်မြင်ပါက တစ်ရာသီ စာချုပ်နဲ့ ခေါ်ယူ သွားမှာ ဖြစ်တယ်လို့ ရန်ကုန်ယူနိုက်တက်အသင်း မီဒီယာ တာဝန်ခံ မသိမ့်သိမ့်ထွန်းက DuwunSportsကို ပြောပါတယ်။

Photo - Chiang Rai United FC

 

"ဟုတ်ပါတယ်။ကျော်ကိုကိုကို ထိုင်းလိဂ်(၁)ကလပ် ဆာမတ်ပရာကန်အသင်းက တစ်ရာသီ စာချုပ်နဲ့ ခေါ်ယူဖို့ ကမ်းလှမ်းခဲ့တာပါ။ ရန်ကုန် အသင်း ကလည်း ခွင့်ပြုပြီးပါပြီ။ လာမယ့် ၁၄ ရက်နေ့မှာ ဆေးစစ်ဖို့ ကျော်ကိုကို ထိုင်းကို သွားပါလိမ့်မယ်။ ဆေးစစ်မှု အောင်မြင်ရင်တော့ အပြောင်းအရွှေ့ ဖြစ်ပါပြီ။" လို့ ရန်ကုန်ယူနိုက်တက်အသင်း မီဒီယာ တာဝန်ခံ မသိမ့်သိမ့်ထွန်းက ပြောပါတယ်။

အခု ကျော်ကိုကို ပြောင်းရွှေ့မယ့် ဆာမတ်ပရာကန်အသင်းက မနှစ်က ပတ္တရား ယူနိုက်တက်အမည်နဲ့ လိဂ်(၁)မှာကစားခဲ့ပြီး ရာသီအကုန်မှာ အဆင့်(၈)နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

Photo - Chiang Rai United FC

 

ကျော်ကိုကိုအနေနဲ့ မနှစ်က ထိုင်းလိဂ်(၁)ကလပ် ချင်းရွိုင် အသင်းမှာ တစ်ရာသီအငှားနဲ့ သွားကစားခဲ့ပေမယ့်လည်း ဒူးဒဏ်ရာကြောင့် ကာလ ရှည်အနားယူနေခဲ့ရကာ ဒီနေ့အထိ အနားယူနေရတာပါ။

ကျော်ကိုကိုနဲ့ ရန်ကုန်အသင်းတို့ကြား ချုပ်ဆိုထားတဲ့ စာချုပ်ကလည်း ၂၀၁၉ ခုနှစ် တစ်နှစ်သာ ကျန်ရှိတော့တာဖြစ်ပါတယ်။

ကျော်ကိုကိုသာ ထိုင်းလိဂ်ကို ထပ်မံ သွားကစားဖြစ်မယ်ဆိုပါက ထိုင်းလိဂ်ဂ်(၁)မှာ နှစ်နှစ်ဆက်ကစားနိုင်တဲ့ ပထမဆုံး မြန်မာ ကစားသမား ဖြစ် လာတော့မှာပါ။

လက်ရှိ ရာသီသစ်အတွက် မြန်မာကစားသမားတော်တော်များများ ထိုင်းလိဂ်(၁)ကို သွားရောက်ကစားနေမှုများ ရှိနေပြီး ရတနာပုံအသင်းက စည်သူအောင်နဲ့၊ရန်ကုန်ကစားသမား ဇော်မင်းထွန်းတို့ကတော့ ချွန်ဘူရီအသင်းနဲ့ တစ်ရာသီစာချုပ်တွေ ချုပ်ဆိုပြီးသွားကြပါပြီ။

အခြားသော ကစားသမားတွေ ဖြစ်တဲ့ သိန်းသန်းဝင်းက ရက်ချာဘူရီအသင်းမှာသွားကစားဖို့ နီးစပ်နေပါတယ်။ အောင်သူကလည်း ထိပ်သီး အသင်းကြီး ၂ သင်းရဲ့ ကမ်း လှမ်းမှုကို ခံထားရသလို သန်းထက်အောင်ကလည်း လိဂ် (၁)က ကလပ်အသင်း ၃ သင်းကအထိ ပြိုင်တူ ကမ်းလှမ်းခြင်း ခံထားရပြန်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က