AD
AD
AD

ထိုင်းလိဂ်(၁)ကလပ် Police Tero အသင်းမှာ ကစားနေတဲ့ မြန်မာ့လက်ရွေးစင်အသင်း တိုက်စစ်မှူး အောင်သူရဲ့ လူမှု စာမျက်နှာတစ် ခုဖြစ်တဲ့ င်္Facebook အကောင့်ကို 9MC အဖွဲ့က ထိန်းသိမ်းပြီဆိုတာကို မနေ့က တွေ့မြင်ခဲ့ရပါတယ်။

play

 

Police Tero အသင်းမှာ ခြေစွမ်းပြနေတဲ့ အောင်သူဟာ မော်ဒယ်ပိုးအိအိခန့်နဲ့ ချစ်ကြိုက်နေသူလည်း ဖြစ်ပါတယ်။ လက်ရှိသူ့ရဲ့ လူမှုကွန်ယက်အကောင့်မှာ Followers တစ်သိန်းခုနှစ်သောင်း ကျော်ရရှိထားတာကို တွေ့ရပါတယ်။

play

 

Aung Thu(Robot) ဆိုတဲ့ ဖေ့ဘုတ် အကောင့်ကို ခိုးယူထားတဲ့ 9MC အဖွဲ့က မနေ့က ညနေပိုင်းမှာ ပြန်လာတောင်းဖို့ ကြေညာထား တာကိုလည်းတွေ့မြင်ခဲ့ရပြီးနောက် ယနေ့မှာတော့ အောင်သူက ဖေ့ဘုတ်အကောင့် ပြန်လည်ရပြီဆိုတဲ့ ပို့စ်တစ်ခုကို သူ့ရဲ့ အကောင့်မှ ပြန်လည် ရေးသားဖော်ပြလိုက်တာ ဖြစ်ပါတယ်။

play

 

အောင်သူမှာ လက်ရှိမှာတော့ ထိုင်းကလပ် Police Tero အသင်းအတွက် ပွဲစဉ် ၁၂ ပွဲပါဝင်ကစားပေးထားပြီး သွင်းဂိုး ၇ ဂိုး အထိ သွင်းယူပေး ထားနိုင်သူလည်းဖြစ်ပါတယ်။

play

 

ဒါ့အပြင် ဒီကနေ့မှာ Goal.com ကပေးအပ်ခဲ့တဲ့ ထိုင်းလိဂ်(၁)အတွက် ဧပြီလ တစ်လတာ အကောင်းဆုံး ကစားသမားဆုကိုလည်း အောင်သူက ဆွတ်ခူးထားနိုင်ခဲ့ပြန်ပါတယ်။

Source- Aung Thu (Robot) Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD