AD
AD
AD

မနက်ဖြန် ညနေ ၄ နာရီမှာ ယှဉ်ပြိုင်ကစားမယ့် မြန်မာနေရှင်နယ်လိဂ် ကလပ် ရှမ်းယူနိုက်တက်အသင်းနဲ့ စင်ကာပူလိဂ်ကလပ် ဟုမ်းယူနိုက် တက်အသင်းတို့ရဲ့ AFC CUP အုပ်စုအဖွင့်ပွဲအတွက် ပွဲကြို သတင်းစာရှင်းလင်းပွဲကို ယနေ့ နေ့လယ်ပိုင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အ ည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

play

 

ရှမ်းယူနိုက်တက်အသင်း နည်းပြချုပ် ဦးစိုးမြတ်မင်းရဲ့ ပြောကြားမှုမှာတော့ -" အုပ်စုအဖွင့်ပွဲဖြစ်သလို၊ အိမ်ကွင်းပွဲဖြစ်တာကြောင့်လည်း အစွမ်း ကုန် ကြိုးစားမှာပါ။ကျွန်တော်တို့အနေနဲ့ကတော့ အိမ်ကွင်းပွဲစဉ်တွေမှာ အခွင့်အရေးအပြည့်အ၀ အသုံးချနိုင်မယ်ဆိုရင် အဝေးကွင်း ခြေချော် လက်ချော်ရှိခဲ့သည့်တိုင် ခုသာခံသာ ရှိမှာ ဖြစ်တာကြောင့် အိမ်ကွင်းပွဲတွေကိုတော့ အကောင်းဆုံး ရလဒ်ရရှိအောင် အစွမ်းကုန်ကြိုးစားမှာပါ။" လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။

play

 

ရှမ်းယူနိုက်တက်အသင်းအနေနဲ့ ယခုနှစ် AFC CUP ပြိုင်ပွဲကို ၂၀၁၇ ခုနှစ် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဖလားနဲ့ ရှုံးထွက်ဖလား နှစ်ဆုစလုံး ကို ဆွတ်ခူးရရှိပြီး သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ၀င်ရောက်ခွင့်ရတာလည်း ဖြစ်ပါတယ်။

 

ဟုမ်းယူနိုက်တက်အသင်း နည်းပြချုပ်ရဲ့ပြောကြားချက်မှာတော့ -" ကျွန်တောတို့မှာ စင်ကာပူ လက်ရွေးစင် ၅ ဦးရှိပါတယ်။ဒါပေမယ့် မနက်ဖြန် ပွဲစဉ်အတွက် ၃ ဦးသာ ခေါ်ယူလာနိုင်ပါတယ်။တစ်ဦးက မနှစ်က ပွဲပယ်ပြစ်ဒဏ်ကြောင့် ဖြစ်ပြီး နောက်တစ်ဦးကတော့ ဒဏ်ရာရနေခဲ့လို့ပါ။ဒါ့အ ပြင် ပြည်ပ ကစားသမားလည်း တစ်ဦးသာ ခေါ်ယူထားနိုင်ပါတယ်။ဒါကြောင့် ကစားသမားပိုင်းအရ ကြည့်မယ်ဆိုရင် ကျွန်တော်တို့ထက် ရှမ်းယူ နိုက်တက်က ပိုမို တောင့်တင်းသလို အိမ်ရှင်အခွင့်အရေးလည်း ရှိတာကြောင့် ခက်ခက်ခဲခဲ ကစားရဖို့ မြင်ပါတယ်။" လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။

ဟုမ်းယူနိုက်တက်မှာ AFC CUP ပြိုင်ပွဲများကို ၉ နှစ်ဆက် ယှဉ်ပြိုင်ကစားလာတဲ့ အတွေ့အကြုံကောင်းတွေ ရှိပေမယ့်လည်း မနှစ်က ကစားခဲ့တဲ့ ကစားသမား တစ်ဝက်ကျော်လောက်ကို အပြောင်းအလဲ ပြုလုပ်ထားတာကြောင့် ယခုနှစ်မှာ လူငယ်ကစားသမားအများစုအပါအ၀င် ပြည်ပ ကစားသမားတစ်ဦးနဲ့ ပွဲထွက်လာဖို့ရှိနေတယ်လို့လည်း သိရပါတယ်။

ယခု ကစားရမယ့် AFC CUP ပွဲစဉ်မှာ နိုင်ငံခြားသား ၄ ဦးအထိ အသုံးပြုခွင့်ရှိတာကြောင့် နိုင်ငံခြားသားကစားသမား ၄ ဦးအထိ ခေါ်ယူထားတဲ့ ရှမ်းယူနိုက်တက်အသင်းအနေနဲ့ ဟုမ်းယူနိုက်တက်အသင်းထက် ပြည်ပ ကစားသမားပိုမို များပြားသလို ပြည်တွင်းလက်ရွေးစင်အရေအတွက်မှာ လည်း ဟုမ်းယူနိုက်တက်အသင်းထက် ပါဝင်မှု ပိုမို များပြားနေတာလည်း ဖြစ်ပါတယ်။

ရှမ်းယူနိုက်တက်နဲ့ ဟုမ်းယူနိုက်တက် အသင်းတို့ရဲ့ AFC CUP အုပ်စုအဖွင့်ပွဲစဉ်ကိုတော့ မနက်ဖြန် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ရန်ကုန်မြို့ သု ၀ဏ္ဏ အားကစားကွင်းအတွင်း မြန်မာစံတော်ချိန် ညနေ ၄ နာရီအတိမှာ စတင်ယှဉ်ပြိုင်ကစားစေမှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD