AD
AD
AD

ယနေ့ ညနေ ၄ နာရီက ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ရှမ်းယူနိုက်ကတ်နဲ့ ဟုမ်းယူနိုက်တက်အသင်းတို့ရဲ့ AFC Cupအုပ်စုအဖွင့်ပွဲစဉ်မှာတော့ ဟုမ်းယူနိုက်တက်အသင်းက ၀-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play

 

ရှမ်းယူနိုက်တက်အသင်းအနေနဲ့ AFC Cupပြိုင်ပွဲကို ပထမဆုံးအကြိမ် ၀င်ရောက်ကစားခွင့်ရတာဖြစ်ပေမယ့် ဟုမ်းယူနိုက်တက်အသင်းမှာမူယခု ပြိုင်ပွဲကို ၉ ကြိမ်အထိဝင်ရောက်ကစားထားတဲ့ အတွေ့အကြုံကောင်းတွေ ရှိတဲ့အသင်းလည်း ဖြစ်ပါတယ်။

play

 

ပထမပိုင်းမှာ ဂိုးမရှိသရေကျနေခဲ့ပြီးမှ ဒုတိယပိုင်း ၇၅ မိနစ်မှာ ဟုမ်းယူနိုက်တက်အသင်းက တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ယခုပွဲစဉ်မှာ အရေးနိမ့်ခဲ့တာကြောင့် ရှမ်းယူနိုက်တက်အသင်းအနေနဲ့ တစ်ပွဲကစားတစ်ပွဲရှုံးနိမ့်ကာ အဆင့်ရပ်တည်မှု ၃မှာ ရပ်တည်နေရပြီလည်း ဖြစ်ပါတယ်။ အုပ်စုတွင်းအခြားပြိုင်ဖက်အသင်းများအဖြစ် စီးရက်စ်အသင်းနဲ့ အန်ဂေါအသင်းတို့ ပွဲစဉ်ကတော့ ကစားနေစဉ်အချိန်အတွင်းဖြစ်ပြီး စီးရက်အသင်းက အနိုင်ရရှိနေတယ်လို့ သိရပါတယ်။

ဒုတိယပွဲစဉ်အဖြစ် ကမ္ဘောဒီးယားကလပ် အန်ဂေါအသင်းကို လာမယ့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ အဝေးကွင်းသွားရောက်ကစားရမှာ ဖြစ်ပါ တယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD