AD
AD
AD

မြန်မာနိုင်ငံရဲ့ ဘောလုံးသမိုင်းတစ်လျှောက်မှာ ပထမဆုံး ရွှေတံဆိပ် ရယူပေးနိုင်ခဲ့သူ တစ်ဦးဖြစ်တဲ့ ဦးရှမ်းဗဟာဒူး(ခ) ဦးကျော်ဆန်းအသက် (၈၉)နှစ် ဟာ ၂၈-၁-၂၀၁၈ ရက်(တနင်္ဂနွေနေ့)မှာ ကွယ်လွန်ခဲ့ပြီဖြစ်ပြီး (၃၀)ရက်နေ့ကတော့ အသုဘချ အခမ်းနားကို ပြုလုပ်ခဲ့ပါတယ်။

play

ယခု ကွယ်လွန်ခဲ့တဲ့ မြန်မာ့လက်ရွေးစင်ဟောင်း ကစားသမားကြီး ဦးရှမ်းဗဟာဒူးဟာ ၁၉၆၆ ခုနှစ် အာရှချန်ပီယံ ဖြစ်ခဲ့တဲ့ အသင်းမှာအဓိက စွမ်းဆောင်ခဲ့ပြီး မြန်မာမှာသာမက ကမ္ဘာကပါ လေးစားအားကျပြီး ကြောက်ရွံ့ခဲ့ရတဲ့ ဗိုလ်မှူး ဗဟာဒူးနဲ့ နာမည် ဆင်တူနေတာကြောင့် ၎င်းရဲ့ မွေးရပ်မြေ ရှမ်းပြည်ကို ကိုယ်စားပြုကာ ရှမ်းဗဟာဒူး ဆိုပြီး ပြောင်းလဲ ခေါ်ဝေါ်စေခဲ့တယ်လို့လည်း ၎င်းရဲ့ မိသားစုဝင်များရဲ့ ပြောပြချက်အရ သိရပါတယ်။

play

အများက သိရှိထားကြတဲ့ ဗိုလ်မှူး ဗဟာဒူးဟာ ၂၀၀၁ ခုနှစ်ခန့်က ကွယ်လွန်သွားခဲ့ပြီး ဖြစ်သလို ယခု ကွယ်လွန်ခဲ့တဲ့ ဦးရှမ်းဗဟာဒူးထက်လည်း အသက်ငယ်ရွယ်တယ်လို့ ထပ်မံ သိရှိရပါတယ်။

play

ယခုကွယ်လွန်ခဲ့တဲ့ ဦးရှမ်းဗဟာဒူးဟာ ၁၉၆၀-၆၁ မြန်မာ့ဘောလုံး ခေတ်ဦးပိုင်းကို စတင်ပါဝင်ကစားခဲ့သူတစ်ဦးဖြစ်ပြီး ၁၉၆၁ ခုနှစ်မှာ ထိုင်းနိုင် ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ အာရှလူငယ်ဘောလုံးပြိုင်ပွဲတစ်ရပ်မှာ မြန်မာ့လက်ရွေးစင် လူငယ်အသင်းနဲ့အတူ စတင်ပါဝင်ကစားခဲ့ပြီး အင်ဒိုနီးရှား နိုင်ငံအသင်းနဲ့အတူ ရွှေတံဆိပ်ဆုကို ပူးတွဲဆွတ်ခူးပေးထားနိုင်ခဲ့သူလည်း ဖြစ်တယ်လို့ သိရပါတယ်။

play

 

"အဖေက အမြဲပြောလေ့ရှိသလို၊သူ့ရဲ့ ဆုတံဆိပ်လေးကိုလည်း အမြဲ ထုတ်ပြလေ့ရှိပါတယ်။အဲ့ဒီအချိန်တုန်းက အဖေက အမြဲပြောတာက မြန်မာနိုင်ငံအတွက် ပထမဆုံး ရွှေ့တံဆိပ်ဆု ဆွတ်ခူးပေးနိုင်ခဲ့တဲ့ အသင်းမှာ အဖေက ပါဝင်ခဲ့တယ်လို့ အမြဲပြောလေ့ရှိတာပါပဲ။အဲ့တုန်းက ရွှေ တံဆိပ်လေးကိုလည်း ပြတိုက်မှာ ထားပေးပြီး နောင်လာနောင်သားတွေ ဂုဏ်ယူနိုင်စေဖို့အတွက်လည်း အမြဲတဖွဖွမှာခဲ့တာကြောင့် အဖေ့ရဲ့ ဆန္ဒကိုလည်း ဖြည့်ဆည်းပေးရအုံးမှာပါ။" ဦးရှမ်းဗဟာဒူးရဲ့ သမီး အန်တီ မိုးသူဇာက DuwunSports ရဲ့ ဆက်သွယ်မေးမြန်းမှုကို ပြန်လည် ဖြေကြားပေးခဲ့ပါတယ်။

play

ဒါ့အပြင် ဆရာ့ရဲ့ သားတပည့်တစ်ဦး ဖြစ်တဲ့ ဦးသုခကလည်း -" ဆရာက အမြဲ သိုသိုသိပ်သိပ်နေတတ်တယ်။ဒါကြောင့်သူ့ကို လူသိပ်မသိဘူး။ အောင်ဆန်းကွင်းမှာ အစည်းအဝေးတွေ ရှိရင်လည်း ကျွန်တော့်ပဲ သူ့ကိုယ်စားလွှတ်တယ်။ဒါကြောင့် ဆရာနဲ့ ပက်သက်ရင် ကျွန်တော်က ခရေ စေ့တွင်းကျ အကုန်သိတယ်လို့ ဆိုရပါမယ်။ဆရာက အများသိကြတဲ့ ဗိုလ်မှူး ဗဟာဒူးထက် စီနီယာပိုကျပါတယ်။အသက်အရွယ်ပိုင်းအရရော လက်ရွေးစင်စီနီယာအရရော။ဘာလို့လဲဆိုတော့ ဗိုလ်မှူး ဗဟာဒူးတို့နဲ့ ခေတ်ပြိုင် ဦးအေးမောင်လေးကို ဆရာရှမ်းကပဲ ဘောလုံးကစားဖို့ လေတပ်အသင်းကို ခေါ်လာခဲ့တာဆိုတော့ ဗိုလ်မှူး ဗဟာဒူးတို့က အများကြီးငယ်ပါတယ်။နောက်ပြီး ဆရာက ၁၉၆၀-၆၁ တစ်ကြိမ်ပဲ လက်ရွေးစင် အဖြစ် သွားကစားခဲ့ဖူးတာ ဖြစ်ပြီး ၁၉၆၆ အာရှဖလား အသင်းမှာတော့ ပါဝင်တော့ခြင်းမရှိတော့ဘူးလို့လည်း ဆရာက အမြဲပြော တာကြားဖူးပါတယ်။" လို့ DuwunSports ကို ဖြေကြားပေးခဲ့ပါတယ်။

ဒါကြောင့် အားလုံးသော မြန်မာ့ဘောလုံးချစ်ပရိသတ်တွေ သိရှိထားကြတဲ့ တစ်ချိန်က မြန်မာ့ဘောလုံးဂုဏ်ဆောင် ဗဟာဒူးဆိုတာ နာမည်တူ နှစ်ယောက်ရှိခဲ့ပြီး ယခု ကွယ်လွန်ခဲ့တဲ့ ဦးရှမ်းဗဟာဒူး(ခ)ဦးကျော်ဆန်းက စီနီယာ ကစားသမားတစ်ဦးဖြစ်ကာ မြန်မာနိုင်ငံအတွက် ပထမဆုံး ဘောလုံးကနေ ရွှေတံဆိပ်ဆု ရယူပေးခဲ့သူတစ်ဦးဖြစ်ခဲ့တယ်ဆိုတာ ဖော်ပြပေးလိုက်ရပါတယ်။

Ref- Player's family

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD