AD
AD
AD

ရန်ကုန်ယူနိုက်တက်အသင်းနဲ့ ၂၀၁၈ မြန်မာနေရှင်နယ်လိဂ် ပထမအကျော့အတွက် လူစာရင်းတင်သွင်းခြင်းမရှိထားတဲ့ မြန်မာ့လက်ရွေးစင် နောက်ခံလူ ဇော်မင်းထွန်းအနေနဲ့ ကြံ့ခိုင်မှု လေ့ကျင့်ခန်းများကို မြန်မာ့လက်ရွေးစင် ယူ-၂၁ အသင်းနဲ့ ပူးတွဲ လေ့ကျင့်သွားမယ်လို့ သိရပါတယ်။

play
၂၀၁၆ ဆူဇူကီးဖလားပြိုင်ပွဲမှာ ဗီယက်နမ်အသင်းနဲ့ ပွဲစဉ်မှာ တွေ့ရစဉ်။

 

ယခုနှစ် ဘောလုံးရာသီအစမှာ ထိုင်းလိဂ်(၁)ကလပ်အသင်းတစ်သင်းသင်းထံ ပြောင်းရွှေ့ကစားနိုင်ဖို့ ကြိုးပမ်းခဲ့တဲ့ ရန်ကုန်ယူနိုက်တက်အသင်းမှ မြန်မာ့လက်ရွေးစင် နောက်ခံလူ ဇော်မင်းထွန်းအနေနဲ့ ၂၀၁၈ မြန်မာနေရှင်နယ်လိဂ် ဘောလုံးရာသီ ပထမအကျော့အတွက် ရန်ကုန်ယူနိုက် တက်အသင်းနဲ့အတူ လူစာရင်းတင်သွင်းခဲ့ခြင်းမရှိပေ။

play

 

" ပထမတော့ အေးဂျင့်ရဲ့ ဆက်သွယ်ပေးမှုနဲ့ ထိုင်းလိဂ်(၁)ကလပ် ဆူဖန်ဘူရီအသင်းမှာ သွားကစားဖို့ ဆောင်ရွက်ခဲ့ပေမယ့် ညှိုနှိုင်းမှု အဆင်မ ပြေတာကြောင့်သွားမကစားဖြစ်တော့တာပါ။ဒီဖက်မှာလည်း ရန်ကုန်အသင်းက မြန်မာနေရှင်နယ်လိဂ် ကစားမယ့် လူစာရင်းမှာ ထည့်သွင်းထား ခြင်းမရှိတော့ ကျွန်တော့်အနေနဲ့ ဒီ ပထမအကျော့မှာတော့ ပွဲကစားဖို့ မရှိတာ ဖြစ်ပါတယ်။ ဒါကြောင့် ကြံ့ခိုင်မှုပိုင်းအတွက် ကျွန်တော့် ဆရာ ဦးကြည်လွင်နည်းပြချုပ်အဖြစ် တာဝန်ယူ ကိုင်တွယ်နေတဲ့ မြန်မာ ယူ-၂၁ အသင်းနဲ့ ပူးတွဲလေ့ကျင့်ခွင့်တောင်းဆိုပြီး ဆရာ့ရဲ့ ခွင့်ပြုချက်နဲ့ လေ့ ကျင့်ခန်း ဆက်လက်ပြုလုပ်နေမှာ ဖြစ်ပါတယ်။" လို့ ဇော်မင်းထွန်းက ပြောပါတယ်။

၎င်းအနေနဲ့ လက်ရှိ ၂၀၁၉ အာရှဖလား ခြေစစ်ပွဲ ၀င်နေတဲ့ မြန်မာ့လက်ရွေးစင်အသင်းရဲ့ အဓိက နောက်ခံလူ တစ်ဦး အဖြစ် ကစားနေသူတစ် ယောက်ဖြစ်ပေမယ့်လည်း ယခုလို ပွဲကစားခွင့်ပျောက်ဆုံးခဲ့မှုအပေါ် လက်ရွေးစင်အဖြစ် ပြန်လည် ရွေးချယ်ခံရမှု ရှိနိုင် မရှိနိုင်ကိုလည်း -" ကျွန် တော့်ဖက်ကတော့ ကြံ့ခိုင်မှု အပြည့်အ၀ ရရှိနေအောင် ကကစားသမားတစ်ယောက် လုပ်ဆောင်ရမယ့် တာဝန်ကို ဆက်လက်လုပ်ဆောင်နေမှာ ပါ။လက်ရွေးစင်အဖြစ် ရွေးတာ မရွေးတာကတော့ လက်ရွေးစင် နည်းပြချုပ်အပိုင်းပါပဲ။အခုတော့ ဆရာကြည်လွင်ရဲ့ ခွင့်ပြုချက်နဲ့ ယူ-၂၁ အသင်းနဲ့ လေ့ကျင့်ခွင့်ရမှာ ဖြစ်တာကြောင့် ဘောလုံးနဲ့တော့ အဆက်မပြတ်ပါဘူး။" လို့ ဇော်မင်းထွန်းက ဆက်လက်ပြောပါတယ်။

ဇော်မင်းထွန်းမှာ မြန်မာ့လက်ရွေးစင် နောက်ဆုံးကစားထားတဲ့ အိန္ဒိယအသင်းနဲ့ အာရှဖလား ခြေစစ်ပွဲမှာ နောက်ခံလူအဖြစ် ပါဝင်ကစားထားသူ ဖြစ်ပေမယ့်လည်း ယခုလို ပွဲကစားခွင့်ပျောက်ဆုံးနေမှုကြောင့် ပွဲထွက်ကစားခွင့်ဆုံးရှုံးနေတဲ့ ကစားသမားကို မြန်မာ့လက်ရွေးစင် အသင်းနည်းပြ ချုပ် ဂတ်ဆီဇီ ရွေးချယ်မှာလားဆိုတာကိုလည်း စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

play

 

၎င်းနည်းတူ နောက်ထပ် မြန်မာ့လက်ရွေးစင်အသင်းရဲ့အဓိက တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ ကျော်ကိုကိုမှာလည်း ထိုင်းကလပ် ချင်းရွိုင်အသင်းမှာ ကစားနေပေမယ့်လည်း ပွဲထွက်ခွင့်ပျောက်ဆုံးနေတာကြောင့် လက်ရွေးစင်အသင်းမှာ ပြန်လည်အရွေးချယ်ခံရမှာလားဆိုတာ စိတ်ဝင်စားဖွယ် ကောင်းနေပါပြီ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD