AD
AD
AD

ထိုင်းလိဂ်(၁)ကလပ် ချင်းရွိုင်အသင်းမှာ တစ်ရာသီအငှားနဲ့ သွားကစားနေတဲ့ မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး ကျော်ကိုကိုအနေနဲ့ လက်ရှိမှာ ဗီ ဇာ ကိစ္စများဆောင်ရွက်နေရတာကြောင့် အသင်းရဲ့ လေ့ကျင့်ခန်းအစီစဉ်အချို့ကို ပျက်ကွက်ခဲ့ရတယ်လို့ သိရပါတယ်။

play

 

ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာပြည် ပြန်လာခဲ့ပြီး ဗီဇာကိစ္စများ ဆောင်ရွက်ခဲ့ပြီးနောက် ယခုအခါ ကလပ်အသင်းနဲ့ ပြန်လည် ပူးပေါင်းနေပေမယ့် လည်း အသင်းနဲ့အတူ ရာသီအစမှာ ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်နေရပါတယ်။

play

 

"အသင်းမှာရှိတဲ့ ဘရာဇီး တိုက်စစ်မှူးတွေနဲ့တော့ ယှဉ်ပြိုင်ရမှာပေါ။ဒါပေမယ့် သူတို့က နာမည်ရှိပြီးသားကစားသမားတွေ၊ ကျွန်တော်က အခုမှ ကြိုးစားနေရတာဆိုတော့ အချိန်အနည်းငယ်တော့ လိုအပ်ပါတယ်။အခုဆို အသင်းသားတွေနဲ့လည်း ၇၀ ရာခိုင်နှုန်းလောက် နားလည်မှု ရှိနေပါ ပြီ။" လို့ ကျော်ကိုကိုက DuwunSportsကို ပြောပါတယ်။

ပြီးခဲ့တဲ့ ACL ပွဲစဉ်တွေမှာလည်း ချင်းရွိုင်အသင်းအနေနဲ့ ကျော်ကိုကို ကို လူစားရင်းကနေ ချန်လှပ်ခဲ့တာနဲ့ ပက်သက်ပြီး-" ကျွန်တော်နားလည် ပါတယ်။အသင်းဖက်က ကြည့်မယ်ဆိုရင်လည်း ပြိုင်ပွဲအတွေ့အကြုံပိုရှိတဲ့ ကစားသမားကို လူစာရင်းမှာ ထည့်မှာပဲလေ။အဓိကကတော့ ACL မှာ က ပြည်ပကစားသမား ၄ ဦးသာ စာရင်းပေးသွင်းခွင့်ရှိတာကြောင့် ကျွန်တော့်ကို ချန်ခဲ့ရတာလို့ပဲ မြင်ပါတယ်။" လို့ ကျော်ကိုကိုက ဆက်လက် ပြောပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့လည်း လာမယ့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ခန့်မှ စတင်ကာ စုစည်းလေ့ကျင့်မှုများ ပြုလုပ်သွားမှာ ဖြစ်သလို ပြည်ပရောက် ကစားသမားများကိုလည်း နည်းပြချုပ် ဂတ်ဆီဇီက စောင့်ကြည့်လျက်ရှိတယ်လို့ သတင်းထုတ်ပြန်ထားတာကြောင့် ပွဲထွက်ခွင့် ပျောက်ဆုံးနေတဲ့ ကျော်ကိုကိုအနေနဲ့ မြန်မာ့လက်ရွေးစင်အသင်းရဲ့ လူစာရင်းမှာ ထပ်မံ အရွေးချယ်ခံရဖို့ ရှိနိုင်မလားဆိုတဲ့ မေးခွန်းအပေါ်မှာ လည်း -" ပွဲထွက်ခွင့်မရတဲ့ အနေအထားကတော့ ကစားသမားတစ်ယောက်ရဲ့ လက်ရွေးစင် အရွေးချယ်ခံရခွင့်ကို အဓိက ဆုံးဖြတ်ပေးတဲ့ အရာ ပါပဲ။ဒါကြောင့် ပွဲထွက်ခွင့်မရဖြစ်နေတဲ့ ကစားသမားကိုလည်း နည်းပြတစ်ယောက်အနေနဲ့ ရွေးဖို့ ရာခိုင်နှုန်း နည်းပါတယ်။ကျွန်တော်က တော့ နောက်ပိုင်းပွဲတွေ အတွက် ကြိုးစားခွင့်ရှိနေပါတယ်။ ဒီတော့ ပါလာဖို့မျော်လင့်ပါတယ်။ ပွဲတွေကစားရလာတာနဲ့အမျှ လက်ရွေးစင် အတွက်လဲ ရွေးချယ်ခံရဖို့မစိုးရိမ်မိဘူး။ ကျွန်တော်အကောင်းဆုံးကစားပြနိုင်ရင်တော့ ရွေးချယ်ဖို့ မျှော်လင့်နိုင်ပါတယ်။" လို့ ကျော်ကိုကိုက ထုတ်ဖော်ပြော ခဲ့ပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့ လာမယ့် မတ်လအတွင်းမှာ ၂၀၁၉ အာရှဖလား ခြေစစ်ပွဲအောင်မြင်ဖို့အတွက် အဓိက အရေးပါနေတဲ့ပွဲစဉ် နှစ်ပွဲကို ကစားဖို့ ရှိနေပြီး နောက်ဆုံးကစားထားတဲ့ အိန္ဒိယအသင်းနဲ့ ပွဲမှာတော့ ယခု ကလပ်အသင်းနဲ့ ပွဲထွက်ခွင့်ပျောက်ဆုံးနေတဲ့ တိုက်စစ်မှူး ကျော်ကိုကိုရဲ့ သွင်းဂိုးတစ်ဂိုးအပါအ၀င် ၂ ဂိုးစီသရေရလဒ်ထွက်ပေါ်ထားတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် နောက်ထပ် အဓိက တိုက်စစ်မှူး ဇော်မင်းထွန်းမှာလည်း ယခုနှစ် မြန်မာနေရှင်နယ်လိဂ် ဘောလုံးရာသီမှာ ရန်ကုန်ယူနိုက်တက်အသင်း က ကစားသမားစာရင်း မတင်ပြထားတာကြောင့် ရာသီဝက် ပွဲကစားခွင့်ဆုံးရှုံးနေပြီး လက်ရွေးစင် ပါဝင်နိုင်ဖို့ အခွင့်အရေးနည်းပါးနေတာကို လည်းတွေ့မြင်ရမှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD