AD
AD
AD

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ၊အာဆီယံဘောလုံးအဖွဲ့ချုပ် ဒုဥက္ကဌ ဦးဇော်ဇော်ထံ နာမည်ကြီး အင်္ဂလန်ချန်ပီယံရှစ် ကလပ်အသင်းတစ် သင်းဖြစ်တဲ့ လိဒ်ယူနိုက်တက်အသင်းရဲ့ ပိုင်ရှင် Mr. Andrea Radrizzani က မနေ့က လာရောက်တွေ့ဆုံခဲ့တယ်လို့ သတင်းရရှိပါတယ်။

play

 

ဦးဇော်ဇော်အနေနဲ့ လိဒ်ယူနိုက်တက်အသင်း ပိုင်ရှင်နဲ့ အဖွဲ့ဝင်များကို ရန်ကုန်မြို့ နိုဗိုတယ် ဟိုတယ်မှာ လက်ခံတွေ့ဆုံ ခဲ့ပြီး အနာဂတ် မြန်မာ့ ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စရပ်များကို ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။

play

 

ယင်းကဲ့သို့ တွေ့ဆုံဆွေးနွေးရာတွင်  မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဌ၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီ ဒုတိယဥက္ကဌ ဒေါက်တာစိုင်းဆမ်ထွန်း၊ MFF အမှုဆောင်အရာရှိချုပ်ဦးဘုန်းနိုင်ဇော်၊ MFF အထွေထွေအတွင်းရေးမှုးဦးကိုကိုသိန်း၊ MNL အမှုဆောင် အရာရှိချုပ်ဦးစိုးမိုးကျော်၊ MNL COO ဦးဆူးအောင်တို့လည်းတက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

play

 

ယခုလို ဥရောပ ကလပ်အသင်းများမှ တာဝန်ရှိသူများအနေနဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်ထံ မကြာခဏလာရောက်ပြီး မြန်မာ့ဘောလုံးလောကတိုးတက်ရေးအတွက် ဆွေးနွေးညှိုနှိုင်းမှုများ မကြာခဏ လာရောက် ပြုလုပ်လေ့ရှိပါတယ်။

ယခု လာရောက်တွေ့ဆုံခဲ့တဲ့ လိဒ်ယူနိုက်တက်အသင်း ပိုင်ရှင် Mr. Andrea Radrizzani မှာ Asea Group Holding ရဲ့ ဥက္ကဌ တစ်ဦးဖြစ်သလို ၊ Eleven Sports Network ရဲ့ တည်ထောင်သူနဲ့ ဥက္ကဌလည်း ဖြစ်ပြန်ပါတယ်။

ဒါ့အပြင် ၂၀၁၇ ဇန်န၀ါရီလက လိဂ် ယူနိုက်တက်အသင်းကို ၅၀ ရာခိုင်နှုန်း ၀ယ်ယူကာ ၂၀၁၇ မေလမှာတော့ ၁၀၀ ရာခိုင်နှုန်းအပြည့်ဝယ်ယူ ကာ တစ်ဦးတည်း ပိုင်ရှင် ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

လိဒ်ယူနိုက်တက်အသင်းမှာ ၁၉၁၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ၁၉၉၂ ကနေ ၂၀၀၄ ခုနှစ်အထိ အင်္ဂလန်ရဲ့ အဆင့်မြင့်ဆုံး လိဂ်တစ်ခုဖြစ်တဲ့ ပရီးမီးယားလိဂ်မှာ ကျင်လည်နိုင်ခဲ့တဲ့ အသင်းလည်း ဖြစ်ပါတယ်။

အဲ့နောက်ပိုင်းမှာတော့ ချန်ပီယံရှစ်ကို ဆင်းခဲ့ရပြီး ၂၀၀၇ ကနေ ၂၀၁၀ အထိ နောက်တစ်ဆင့်နိမ့်တဲ့ လိဂ်ဝမ်းကို ထပ်မံ ဆင်းသက် ကစားခဲ့ရ ပြန်ပါတယ်။

၂၀၁၀ မှာတော့ ချန်ပီယံရှစ်ကို ပြန်လည် တန်းတက်လာခဲ့ပြီး ယခုနှစ် ချန်ပီယံရှစ်မှာ ကစားနေကာ အဆင့် ၁၀ မှာရပ်တည်နေတဲ့အသင်းလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ကမ္ဘာကျော်ဘောလုံးသမားများဖြစ်ကြတဲ့ ဖာဒီနန်၊အလန်စမစ်၊ကီးဝဲလ်၊ဗီဒူကာ၊လီဘောင်ယာ၊ အစရှိတဲ့ ဘောလုံးသမား များစွာလည်း ထွက်ပေါ်လာခဲ့တဲ့ အသင်းလည်း ဖြစ်ပါတယ်။

Photos- MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD