AD
AD
AD

One Championship ပြိုင်ပွဲရဲ့ MMA မစ်ဒယ်ဝိတ်တန်း ရွှေခါးပတ်ချန်ပီယံစိန်ခေါ်ပွဲကို လာမယ့် ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလအတွင်းကျင်းပသွားဖို့ ရှိတယ်လို့ သိရပါတယ်။

play
ဟဲဗီးဝိတ်ဖိုက်တာ အလိန်းအန်ဂါလာနီကို ထိုးသတ်အနိုင်ယူခဲ့တဲ့ပွဲ။

 

လက်ရှိ မစ်ဒယ်ဝိတ်တန်းရွှေခါးပတ်ချန်ပီယံမှာ မြန်မာနိုင်ငံမှ အောင်လအန်ဆန်ဖြစ်ပြီး စိန်ခေါ်ထိုးသတ်မယ့် ကစားသမားကိုတော့ သိရှိရခြင်း မရှိသေးဘူးလို့လည်းသိရပါတယ်။

play
ရွှေခါးပတ်ချန်ပီယံဆုရယူနိုင်ခဲ့စဉ်။

 

"ကျွန်တော် ရွှေခါးပတ်စိန်ခေါ်ပွဲအတွက် အခုကတည်းက ပြင်ဆင်သွားတော့မှာပါ။ပြိုင်ပွဲကလည်း ၃လလောက်ပဲ လိုတော့တယ်လို့သိရပါတယ်။လာမယ့်ဖေဖော်ဝါရီလထဲမှာ ထိုးသတ်ရမယ်လို့တောသိထားရပြီး ပြိုင်ဘက်ကိုတော့ မသိရသေးပါဘူး။" လို့ အောင်လအန်ဆန်က ထုတ်ဖော်ပြောခဲ့ပါတယ်။

play
ရွှေခါးပတ်ချန်ပီယံလုပွဲဖြစ်တဲ့ ရုရှားနိုင်ငံသား ဘစ်ဒစ်ရှ်နဲ့ ထိုးသတ်နေစဉ်။

 

ဒါ့အပြင် ကျင်းပမယ့် နိုင်ငံကိုလည်း အတည်ပြုရခြင်း မရှိသေးပဲ လာမယ့် ၂ ပတ်အကြာမှာတော့ အောင်လအန်ဆန်ထံမှ ရွှေခါးပတ်ကို စိန်ခေါ်ထိုးသတ်မယ့် ကစားသမားကို ထုတ်ပြန်နိုင်မယ်လို့လည်း သိရပါတယ်။

"ကျွန်တော့်အတွက်ကတော့ ဘယ်နိုင်ငံမှာပဲ ထိုးထိုး အမြဲတမ်းအနိုင်ရအောင်ထိုးမှာပါ။မြန်မာနိုင်ငံမှာ ထိုးသတ်ခွင့်ရမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့။သေချာတာကတော့ ကျွန်တော် ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ် ၃ နှစ်ပြည့်တဲ့

အထိ ရွှေခါးပတ်ချန်ပီယံဆုကို ထိန်းသိမ်းသွားမယ်ဆိုတာပါပဲ။" လို့ အောင်လအန်ဆန်က ဆက်လက်ပြောခဲ့ပါတယ်။

နောက်ဆုံးထိုးသတ်ထားတဲ့ ပွဲအဖြစ် အောင်လအန်ဆန်မှာ ဟဲဗီးဝိတ်တန်း ဖိုက်တာ အလိန်းအန်ဂါလာနီကို Open ၀ိတ်တန်းအဖြစ် စိန်ခေါ်ပွဲမှာ ပထမအချီမပြီးခင်မှာပဲ အနိုင်ယူထားနိုင်သူဖြစ်ပါတယ်။

Postby

Photos- One Championship

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD