မြန်မာစံတော်ချိန် ည ၁၀ နာရီ ၄၅ မိနစ်မှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

ဒီကနေ့ည မြန်မာစံတော်ချိန် ည ၁၀ နာရီ ၄၅ မိနစ်မှာ ကစားမှာ ဖြစ်ပြီး မြန်မာ့ရုပ်မြင်သံကြား (MRTV - Free To Air)ရုပ်သံလိုင်းနဲ့အတူ MRTV - SPORT ရုပ်သံလိုင်းတို့ကနေ ပြသသွားမှာ ဖြစ်ပါတယ်။



Photo - MFF

 

ဘာရိန်းနဲ့ မြန်မာအသင်းတို့ကတော့ ဒီကနေ့ည မြန်မာစံတော်ချိန် ၁၀ နာရီ ၄၅ မိနစ်မှာ ဖီဖာ အသိအမှတ်ပြု ခြေစမ်းပွဲအဖြစ် ဘာရိန်းနိုင်ငံမှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

ဆီးဂိမ်းဝင်မယ့်အသင်းနဲ့ ကာတာယူ-၂၃ ခြေစမ်းဖို့ရှိ 

ဒီပွဲကိုတော့ မြန်မာ့ရုပ်မြင်သံကြား(MRTV - Free To Air)ကနေ တိုက်ရိုက်ထုတ်လွှင့်ပြသပေးသွားမယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က တရားဝင် ထုတ်ပြန်ကြေညာထားပါတယ်။

Photo - MFF

 

ဒီပွဲမတိုင်ခင် ရှေ့မှာ အင်ဒိုနီးရှားနဲ့ပွဲကိုတော့ အွန်လိုင်းကနေသာ စောင့်မျှော်ကြည့်ရှုခဲ့ရပြီး မြန်မာနိုင်ငံမှာ ကစားခဲ့တဲ့ ဘိုလီးဗီးယားအသင်းနဲ့ ပွဲမှာတော့ အခပေးရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ Sky Net ရုပ်သံလိုင်းနဲ့အတူ Channel -9 ရုပ်သံလိုင်းတို့က ပြသပေးခဲ့ပါတယ်။

အခုတစ်ကြိမ်တော့ တစ်နိုင်ငံလုံး အနှံ့အပြားကြည့်ရှုအားပေးနိုင်မယ့် မြန်မာ့ရုပ်မြင်သံကြားက ပြသပေးသွားမှာ ဖြစ်တဲ့အပြင် MRTV - SPORT ရုပ်သံလိုင်းကနေလည်း ပြသပေးသွားဦးမှာလို့ သိရတာကြောင့် တစ်နိုင်ငံလုံး ကြည့်ရှုအားပေးနိုင်တော့မှာလည်း ဖြစ်ပါတယ်။

Photo - MFF

 

မြန်မာနဲ့ ဘာရိန်းအသင်းတို့ကတော့ ပြီးခဲ့တဲ့ Alpine Cup 2018 ဖိတ်ခေါ်ပြိုင်ပွဲမှာတုန်းက ယူ-၂၃ အသင်းအချင်းချင်း ထိပ်တိုက်တွေ့ဆုံ ထားဖူးပြီး တစ်ဖက်တစ်ဂိုးစီ သရေကျထားပါတယ်။

မြန်မာအသင်းအနေနဲ့ ဒီခြေစမ်းပွဲတွေကိုတော့ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲအတွက် ရည်ရွယ်ပြင်ဆင်နေတာ ဖြစ်ပြီး ဘာရိန်းနဲ့ ခြေစမ်းကစား ပြီးပါက ကာတာနိုင်ငံမှာ ရက် (၂၀)ကျော်ကြာ နေထိုင်လေ့ကျင့်သွားဦးမှာလည်း ဖြစ်ပါတယ်။

အဲ့နောက် ဆူဇူကီးဖလားပြိုင်ပွဲမှာတော့ ကမ္ဘောဒီးယား၊လာအို၊ဗီယက်နမ်၊မလေးရှားအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး အဖွင့်ပွဲ အဖြစ် နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ကမ္ဘောဒီးယားအသင်းနဲ့ အိမ်ကွင်းစတင်ကစားရမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က