မြန်မာယူ-၂၃အသင်းဟာ Police Tero အသင်းလေ့ကျင့်ရေးကွင်းမှာ တစ်ပတ်ကြာသွားရောက်လေ့ကျင့်မှာလည်း ဖြစ်ပါတယ်။

အာရှအားကစားပြိုပွဲအတွက် ပြင်ဆင်လေ့ကျင့်နေတဲ့ မြန်မာယူ-၂၃အသင်းဟာ ပြိုင်ပွဲအကြိုနောက်ဆုံးခြေစမ်းပွဲ အဖြစ် ထိုင်းပရီးမီးယားလိဂ်ကလပ် Police Tero အသင်းနဲ့ခြေစမ်းပွဲကစားမှာဖြစ်ပါတယ်။ မြန်မာယူ-၂၃အသင်းဟာ Alpine Cup လေးနိုင်ငံပွဲအပြီးမှာ ထိုင်းနိုင်ငံကိုသွားရောက်နေထိုင်လေ့ကျင့်မှာ ဖြစ်ပြီး Police Tero အသင်းနဲ့ သြဂုတ် ၁၁ရက်မှာခြေစမ်းပွဲကစားမှာပါ။



38085129_10155831863708182_5692766635866193920_n.jpg

Photo: Police Tero

 

မြန်မာယူ-၂၃လက်ရွေးစင်တိုက်စစ်မှူး အောင်သူ ပါဝင်ကစားနေတဲ့ ထိုင်းပရီးမီးယားလိဂ်ကလပ် Police Tero အသင်းနဲ့ မြန်မာယူ-၂၃လက်ရွေးစင်အသင်းတို့ခြေစမ်းပွဲယှဉ်ပြိုင်ကစားဖို့ရှိနေပါတယ်။ မြန်မာယူ-၂၃အသင်းဟာ ၂၀၁၈အာရှအားကစားပြိုင်ပွဲအမျိုးသားဘောလုံးပွဲစဉ်တွေကိုဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး အကြိုပြင်ဆင်မှုအနေနဲ့ Police Tero အသင်းလေ့ကျင့်ရေးကွင်းမှာ တစ်ပတ်ကြာသွားရောက်လေ့ကျင့်မှာလည်း ဖြစ်ပါတယ်။

Photo: Police Tero

ဘာရိန်းနဲ့ပွဲမှာ မြန်မာအသင်းအတွက် ပွဲထွက်ပါဝင်လာမယ့် အောင်သူ 

Police Tero FC အသင်းမှာ တစ်ရာသီအငှားစာချုပ်နဲ့သွားရောက်ကစားနေတဲ့ တိုက်စစ်မှူး အောင်သူကို မြန်မာယူ-၂၃အသင်းမှာရွေးချယ်ထားပြီး အဆိုပါခြေစမ်းပွဲမှာ မြန်မာယူ-၂၃အသင်းဘက်ကနေ Police Tero အသင်းကို ပြန်လည်ရင်ဆိုင်ရမှာပါ။ အောင်သူဟာ ဒီရာသီ Police Tero အသင်းမှာ သွင်းဂိုး ၁၀ဂိုးအထိရထားပြီး အကောင်းဆုံးကစားသမားအဖြစ်လည်း နှစ်ကြိမ်အရွေးခံထားရပါတယ်။

Photo: Police Tero

 

မြန်မာယူ-၂၃အသင်းနဲ့ Police Tero FC အသင်းတို့ခြေစမ်းပွဲကို သြဂုတ်လ ၁၁ရက်၊ ဒေသစံတော်ချိန်ည ရး၀၀ နာရီမှာ Police Tero အသင်းအိမ်ကွင်းမှာကစားမှာဖြစ်ပါတယ်။ ဒီပွဲစဉ်မတိုင်ခင်မှာ The Voice Myanmar ပြိုင်ပွဲ Winner ငွေစိုးအပါအဝင်၊ Finalist တွေဖြစ်တဲ့ မာ့ခ်ဂျက်ဆန်၊ နှင်းအိနြေ္ဒရှင် တို့ကလည်း တေးသီချင်းတွေနဲ့ ဖျော်ဖြေမယ့်အစီအစဉ်ရှိနေပါသေးတယ်။

Photo: Police Tero

 

Police Tero အသင်းကို မြန်မာလူမျိုး ဘရိုင်ယန်မာကာက ပူးတွဲပိုင်ဆိုင်ပြီး မြန်မာ့ဘောလုံးတိုးတက်ရေး အတွက်ကူညီမှုတွေပြုလုပ်ပေးနေပါတယ်။ Police Tero FC အသင်းမှာ ဒဏ်ရာကြောင့်ကာလရှည်အနားယူ နေရတဲ့ ယူ-၂၀လက်ရွေးစင်ဟောင်းကစားသမားနှစ်ဦးဖြစ်တဲ့ ငြိမ်းချမ်းအောင်နဲ့ ကျော်မင်းဦးတို့လည်း ဆေးကုသမှုခံယူပြီး ပူးတွဲလေ့ကျင့်နေကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က