ရတနာပုံအသင်းကို အငှားပြောင်းရွှေ့စရိတ် ထိုင်းဘတ်ငွေ ၂သိန်းနဲ့ ကမ်းလှမ်းထားတာပါ။

တစ်လလုပ်ခ ထိုင်းဘတ်ငွေ တစ်သိန်းအပြင် အခြားဆုကြေးတွေလည်း ပါဝင်မှာ ဖြစ်ပြီး မြန်မာငွေ စုစုပေါင်းတစ်လသိန်း ၆၀ ဝန်းကျင်လောက် ရရှိမှာ ဖြစ်ပါတယ်။

Photo - Pinterest

 

ထိုင်းလိဂ်(၁)ကလပ် ပရာချတ်အသင်းက ရတနာပုံအသင်းမှ မြန်မာ့လက်ရွေးစင် ကွင်းလယ်ကစားသမား လှိုင်းဘိုဘိုကို ခေါ်ယူနိုင်ရေး ရတနာပုံ အသင်းကို တရားဝင် ကမ်းလှမ်းထားပြီး ဖြစ်တယ်လို့ ပရာချတ်အသင်းရဲ့ ကစားသမားခေါ်ယူရေး အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက Duwun Sportsကို ပြောပါတယ်။

ချောင်ဘူရီအသင်းကို အပြီးသတ်ပြောင်းရွှေ့ရောက်ရှိသွားပြီဖြစ်တဲ့ စည်သူအောင် 

"ကျွန်တော်တို့ လှိုင်းဘိုဘိုကို အငှားစရိတ် ထိုင်းဘတ်ငွေ ၂ သိန်းနဲ့ ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့် ရတနာပုံအသင်းက ဒီ အငှားစရိတ်ကို ငြင်း ဆန်ခဲ့တာကြောင့် ကျွန်တော်တို့အနေနဲ့ အငှားပြောင်းစရိတ် ဘယ်လောက် ပေးရမလဲ ထပ်မေးတဲ့အခါမှာတော့ ပြန်လည်ဆက်သွယ်လာခြင်းမရှိ သေးပါဘူး။"လို့ ထိုင်းလိဂ်(၁)ကလပ် ပရာချတ်အသင်းရဲ့ ကစားသမားခေါ်ယူရေး အေဂျင်စီက တာဝန်ရှိသူတစ်ဦးက DuwunSportsကို ပြောပြ ပါတယ်။

 

မူလက လှိုင်းဘိုဘိုကို ထိုင်းလိဂ်(၂)ကလပ်အသင်းဖြစ်တဲ့ ကာစတန် ယူနိုက်တက် သင်းက ကမ်းလှမ်းခဲ့တာဖြစ်ပေမယ့်လည်း ကစားသမားက ထိုင်းလိဂ် (၂)မှာ မကစားချင်ဘူးလို့ ပြန်လည်အကြောင်းပြန်လာခဲ့တာကြောင့် လိဂ်(၁)က အကောက်ခွန်အသင်းရဲ့ မိတ်ဖက်အသင်းဖြစ်တဲ့ ပရာချတ်အ သင်းမှာ ကစားဖို့ ထပ်မံ ကမ်းလှမ်းခဲ့တာလို့လည်း အဆိုပါ အေဂျင်စီရဲ့ တာဝန်ရှိသူက ဆိုပါတယ်။

"ကျွန်တော်တို့ လိဂ်(၂)ကလပ်နဲ့ အရင်ကမ်းလှမ်းတာပါ။သူက မကစားချင်ဘူးလို့ ပြောလာလို့ ကျွန်တော်တို့နဲ့ မိတ်ဖက်ရှိနေတဲ့ လိဂ်(၁)က ပရာချတ်အသင်းမှာ ကစားဖို့ထပ်မံ ကမ်းလှမ်းခဲ့တာပါ။ ဒါပေမယ့် အခုချိန်ထိတော့ အကြောင်းပြန်လာခြင်းမရှိသေးပါဘူး။" လို့ ကစားသမား ခေါ်ယူနိုင်ရေး အေဂျင်စီက တာဝန်ရှိသူက ရှင်းလင်းပြောပါတယ်။

 

လှိုင်းဘိုဘိုကို တစ်လလုပ်ခ ထိုင်းဘတ်ငွေ တစ်သိန်းအပြင် အခြားသော ဆုကြေးတွေလည်း ပေးအပ်သွားမှာ ဖြစ်လို့ လှိုင်းဘိုဘိုအနေနဲ့ သွား ရောက်ကစားဖြစ်ပါက တစ်လလျှင် မြန်မာငွေ သိန်း ၆၀ ဝန်းကျင် ရရှိမှာလည်း ဖြစ်ပါတယ်။

ကာယကံရှင် လှိုင်းဘိုဘိုနဲ့ ရတနာပုံအသင်းကို Duwun Sports ကအတည်ပြုချက်ရယူဖို့ ဆက်သွယ်ခဲ့ပေမယ့်လည်း ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး

Photo - Prachuap fc

လှိုင်းဘိုဘိုအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲမှာ မြန်မာအသင်းအတွက် အုပ်စု ပွဲစဉ် ၄ ပွဲစလုံး ပါဝင်ကစားပေးနိုင်ခဲ့သူ ဖြစ်သလို ကမ္ဘောဒီးယားကို အနိုင်ရတဲ့ပွဲနဲ့ ဗီယက်နမ်ကို သရေကစားနိုင်ခဲ့တဲ့ ပွဲတွေမှာ အကောင်းဆုံး ကစားသမားဆုကို ၂ ကြိမ်အထိ ရရှိထား ခဲ့ပါတယ်။

အခု လှိုင်းဘိုဘိုကို ကမ်းလှမ်းနေတဲ့ ပီတီ ပရာချတ်အသင်းမှာ မြန်မာ့လက်ရွေးစင်ဟောင်း ကစားသမားတစ်ဦးဖြစ်တဲ့ နန္ဒလင်းကျော်ချစ် တစ်ရာ သီ အငှားနဲ့ သွားကစားဖူးပါတယ်။

ပရာချတ်အသင်းကတော့ မနှစ်က ဘောလုံးရာသီမှာ အဆင့် အဆင့် ၆ နေရာအထိ ရပ်တည်နိုင်ခဲ့တဲ့ အသင်းကောင်းတစ်သင်းဖြစ်ပြီး ၎င်းနဲ့ မိတ်ဖက်အသင်းဖြစ်တဲ့ အကောက်ခွန်အသင်းကတော့ လိဂ်(၂)ကို ဒီနှစ်မှ စတင်တန်းတက်ကစားမှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က