AD
AD
AD

ရတနာပုံအသင်းမှ မြန်မာ့လက်ရွေးစင် ကစားသမား စည်သူအောင်ကို ထိုင်းလိဂ်(၁)မှ ကလပ်အသင်းတစ်သင်းက လာရောက်ကစားဖို့ ပြီးခဲ့တဲ့ ရက်အနည်းငယ်ခန့်က ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

play

 

အဆိုပါ ကမ်းလှမ်းမှုမှာ ရတနာပုံအသင်းထံ တိုက်ရိုက်ကမ်းလှမ်းလာခြင်းမျိုးမဟုတ်ပဲ ကစားသမားထံ ကမ်းလှမ်းခဲ့ခြင်းသာ ဖြစ်တယ်လို့လည်း သိရပါတယ်။

play

မူလက ကစားသမားကိုယ်တိုင်က ရတနာပုံအသင်းထံ တရားဝင် အသိပေးတင်ပြမှု ပြုလုပ်လာခဲ့တာကြောင့် ရတနာပုံအသင်းပိုင်ရှင် ဒေါက်တာ စိုင်းဆမ်ထွန်းမှ မြန်မာ့ဘောလုံးအနာဂတ်ကို ရှေးရှုပြီး စာချုပ်ရှိနေပေမယ့်လည်း သွားရောက်ကစားခွင့်ပြုခဲ့တယ်လို့ ရတနာပုံအသင်း အထွေ ထွေအတွင်းရေးမှူး ဦးအောင်ဟိန်းခိုင်ရဲ့ ပြောပြချက်အရ သိရပါတယ်။

" ထိုင်းလိဂ်(၁)ကလပ် အသင်းတစ်သင်းလို့ပဲ ကျွန်တော်တို့ကို ပြောလာတာပါ။ဒါကြောင့် ဘယ်အသင်းကလည်းဆိုတာတော့ သေချာမသိပါဘူး။ သူ့ရဲ့ တင်ပြလာမှုကို ကျွန်တော်တို့ ဥက္ကဋ္ဌကလည်း ကြည်ကြည်ဖြူဖြူပဲ သွားဖို့ ခွင့်ပေးခဲ့ပါတယ်။" လို့ ဦးအောင်ဟိန်းခိုင်က ပြောပါတယ်။

ဒါပေမယ့်လည်း ထိုင်းလိဂ်ရဲ့ အပြောင်းအရွှေ့နောက်ဆုံးရက်မှာတော့ စည်သူအောင်အနေနဲ့ သွားရောက်ကစားတော့ခြင်းမပြုတော့ပဲ မိခင်က လပ် ရတနာပုံအသင်းမှာပဲ ဆက်ကစားသွားဖို့ ဆုံးဖြတ်လိုက်ပြီလို့လည်း သိရပါတယ်။

"ပထမတော့ ကျွန်တော်တို့ဖက်ကလည်း ခွင့်ပြုပြီးသာပါ။ဒါပေမယ့် အခု အပြောင်းအရွှေ့ နောက်ဆုံးရက်မှပဲ ကစားသမားကိုယ်တိုင်က မသွား တော့ဘူးလို့ ပြန်လည်တင်ပြလာတာကြောင့် စည်သူအောင်အနေနဲ့ ယခုနှစ်ရာသီမှာ ရတနာပုံအသင်းနဲ့သာ အတူဆက်ရှိနေတော့မှာပဲ ဖြစ်ပါ တယ်။" လို့ ဦးအောင်ဟိန်းခိုင်က ဆက်လက်ပြောပါတယ်။

စည်သူအောင်အနေနဲ့ ယခုနှစ် မြန်မာနေရှင်နယ်လိဂ် ဘောလုံးရာသီမှာ ရတနာပုံအသင်းနဲ့အတူ ခြေစွမ်းပြ ကစားနေသူတစ်ဦးဖြစ်သလို အ သင်းအတွက်လည်း သွင်းဂိုး ၅ ဂိုးသွင်းယူပေးထားနိုင်သူဖြစ်ပါတယ်။

ဒါ့အပြင် ဇန်န၀ါရီလအတွက် ပေးအပ်တဲ့ မြန်မာနေရှင်နယ်လိဂ် တစ်လတာ အကောင်းဆုံးကစားသမားဆုကိုလည်း ပူပူနွေးနွေး ရရှိထားပါတယ်။

စည်သူအောင်အနေနဲ့ ယခုလို ထိုင်းလိဂ်(၁)ကို သွားရောက်ကစားခွင့်ရမယ့် အခွင့်အရေးကို ငြင်းပယ်လိုက်တာကြောင့် ထိုင်းလိဂ်(၁)မှ ကစား ခွင့်ရမယ့် စတုတ္ထမြောက်ကစားသမား ဖြစ်လာခွင့်နဲ့ လွဲချော်ခဲ့ပြီလည်း ဖြစ်ပါတယ်။

ယခုနှစ်မှာ ထိုင်းလိဂ်(၁)ကို သွားရောက်ကစားနေတဲ့ မြန်မာကစားသမားတွေကတော့ အောင်သူ၊ကျော်ကိုကိုနဲ့ နန္ဒလင်းကျော်ချစ်တို့ဖြစ်ပြီး အခြားလိဂ်များမှာ ကစားနေတဲ့ ကစားသမားများအပါအ၀င် စုစုပေါင်း ၇ ဦးထိ ထိုင်းလိဂ်ကလပ်အသင်းများမှာ မြန်မာကစားသမားများ သွား ရောက်ကစားနေပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD