AD
AD
AD
play

 

ဇွန်လ ၁၀ ရက်နေ့ ညပိုင်းက ယှဉ်ပြိုင်ထိုးသတ်ခဲ့ World Lethwei Championship 2 ပြိုင်ပွဲရဲ့ ပွဲစဉ်အများစု အလဲထိုးပွဲတွေနည်းပါးခဲ့ပြီး အမှတ်နဲ့ ဆုံးဖြတ်ခဲ့ရတဲ့ ပွဲစဉ်တွေများခဲ့ပါတယ်။

ဒီပွဲစဉ်ရဲ့ နောက်ဆုံးပွဲစဉ် Main Event အနေနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ စိုးလင်းဦး (ဒို့ ရိုးရာ)နဲ့ ဗြိတိန်မွေထိုင်းချန်ပီယံ ဆာလာဒိုက်( ပိုလန်) တို့ ပွဲစဉ်ကနောက်ဆုံးပိတ်အိတ်နဲ့ လွယ်ဆိုသလို ပွဲကောင်းတပွဲဖြစ်ခဲ့ပြီး ပထမအချီမှာတော့  လူကောင်အနည်းငယ်သာတဲ့ ဆာလာဒိုက်က အသာစီးရခဲ့တာကိုတွေ့ ရပါတယ်။ ဒုတိယအချီမှာ စိုးလင်းဦးက အာလာဒိုက်ကို ပြန်လည်ဖိအားပေး ထိုးသတ်နိုင်ခဲ့တာကိုတွေ့ ရပါတယ်။ တတိယအချီမှာတော့ နှစ်က်ေစလုံးဆိုင်ထိုး ပြိုင်ထိုးခဲ့ကြလို့ ပရိသတ်သဘောကျခဲ့ပြီး  အာလာဒိုက် အမှတ်စဉ်အရေခံခဲ့ရပါတယ်။

လေးချီမြောက်မှာလည်း စိုးလင်းဦးက အာလာဒိုက်ကိုတောက်လျောက် ဖိအားပေးကစားနိုင်ခဲ့ပြီး ငါးချီပြည့်တဲ့အထိ အရှုံးအနိုင်မပေါ်ခဲ့တာကြောင့် ဒိုင်လူကြီးသုံးဦးက အမှတ်စနစ်နဲ့ ဆုံးဖြတ်ခဲ့ရာမှာ နှစ်ဦးက အာလာဒိုက်ကို အနိုင်ခဲ့ပေးခဲ့ပါတယ်။

play

 

ပြိုင်ပွဲရဲ့ Co- Main Event အနေနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ တူးတူး(နဂါးမာန်) Vs ဂျိမ်းစ်ဘီနယ်လ် (ပြင်သစ်) ပွဲကလည်း ပွဲကောင်းတစ်ဖြစ်ခဲ့ပြီး နဂါးမာန်ကလပ်မှ တူးတူးက ဒူး၊တံတောင်၊ခေါင်း စုံလင်စွာနဲ့ AFSO ကမ္ဘာ့မွေထိုင်းချန်ပီယံကို အကောင်းဆုံးယှဉ်ပြိုင် ထိုးသတ်နိုင်ခဲ့ပါတယ်။ ဂျိမ်းဘီနယ်ရဲ့ ပထမအချီအတွင်း လက်သီးချက်ကြောင့် တူးတူး မျက်လုံးအနည်းငယ်ထိခဲ့ပေမယ့် ကျန်အချီတွေမှာ တူးတူးက တိုက်စစ်ကို ဦးဆောင်ခဲ့ပြီး လက်ရည်အသာစီးနဲ့ ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။ ငါးချီပြီးဆုံးတဲ့ အထိ နှစ်ယောက်စလို့ အလဲထိုးအနိုင်မယူနိုင်ခဲ့လို့ အမှတ်ပေးအဆုံးအဖြတ်ခံယူခဲ့ရာမှာ ဒိုင်သုံးဦးစလုံးက တူးတူးကို အနိုင်သတ်မှတ်ပေးခဲ့ပါတယ်။

play

 

ကျန်ပွဲစဉ်တွေဖြစ်တဲ့ ဖိုးသော်(အဖြူရောင်သွေးသစ်) Vs ဖစ်ဇ်ရွိုင်း (သြစတြေးလျ) တို့ပွဲစဉ်ကတော့ ဖိုးသော်ရဲ့ကစားသမားဘဝ တစ်လျှောက် အကောင်းဆုံးပွဲလို့ သတ်မှတ်ရမှာဖြစ်သလို ပရိသတ်တွေအကြိုက်တွေ့ခဲ့ရတဲ့ ပွဲကောင်းတစ်ပွဲလည်းဖြစ်ခဲ့ပါတယ်။ ပတ်တံတောင်၊ ဒူးတိုက်ချက်တွေ တွင်တွင်သုံးခဲ့တဲ့ ဖိုးသော်က ပြိုင်ဘက်ဖစ်ရွိုင်းကို တတိယအချီနဲ့ စတုတ္ထအချီတွေမှာ အမှတ်စဉ်ရေခံထိစေခဲ့ပါတယ်။ စတုတ္ထအချီ ၂ မိနစ်၂၀ စက္ကန့်မှာတော့ ဖိုးသော်ရဲ့ ထိုးချက်ကြောင့် ဖစ်ဇ်ရွိုင်း ပြန်မထနိုင်တော့ပဲ အရှုံးပေးခဲ့ရပါတယ်။

ကျန်ပွဲစဉ်တွေဖြစ်တဲ့ ထက်အောင်ဦး (တောင်ကလေး) Vs ကျားပေါက် (ရန်စစ်ငြိမ်း) တို့ပွဲမှာ ဒုတိယအချီအစ ကျားပေါက်ရဲ့ ခေါင်းတိုက်ချက်ကြောင့် ထက်အောင်ဦး နဖူးကွဲသွားခဲ့ပြီး ဆရာဝန်ဆေးစစ်ချက်ရယူရာမှာ ဆက်လက်ယှဉ်ပြိုင်ခွင့်မပြုတာကြောင့် ကျားပေါက် အနိုင်ရခဲ့ပါတယ်။

play

 

စိန်မျိုးအောင်(ဗမာ့သွေး) Vs ဖိုးလပြည့်(ရွှေဖူး) ပွဲစဉ်ကတော့ အများထင်မှတ်ထားသလို ပွဲကြမ်းတစ်ပွဲမဖြစ်ခဲ့ဘဲ ဒုတိယအချီမှာပဲ အဖြေထွက်ခဲ့ပါတယ်။ ဒုတိယအချီ ၁မိနစ်လောက် မှာပဲ စိန်မျိုးအောင် အမှတ်စဉ်ရေခံခဲ့ရပြီး ဆက်လက်ယှဉ်ပြိုင်ရာ စက္ကန့် ၂၀အကြာမှာ နောက်တစ်ကြိမ် အမှတ်စဉ်ရေခံခဲ့ရကာ ရှုံးပွဲကြုံခဲ့ပါတယ်။

မစ်ဒယ်ဝိတ်တန်း (၇၁-၇၅ကီလို) ၄ချီ အဖြစ်ထိုးသတ်ခဲ့တဲ့ ပိုက်ထွေး (T&T သထုံ) Vs ရဲရင့်အောင် (အဖြူရောင်သွေးသစ်) တို့ပွဲကတော့ ဆိုင်ထိုး ပြိုင်ထိုးခဲတာကြောင့် ပွဲကောင်းတစ်ပွဲ၊ပွဲကြမ်းတစ်ပွဲဖြစ်ခဲ့ပေမယ့် အလဲထိုးနိုင်ခြင်းမရှိလို့ အမှတ်ပေးအဆုံးအဖြတ်ခံယူခဲ့ရာမှာ ဒိုင်သုံးဦးစလုံးက အနီထောင့်က ပိုက်ထွေးကို အနိုင်ပေးခဲ့ပါတယ်။

ပြိုင်ပွဲရဲ့ ပထမဆုံးပွဲအနေနဲ့ ထိုးသတ်ခဲ့တဲ့ စည်သူ (T&T) သထုံ Vs ရှမ်းလေး ( ဘိလပ်မြေစက်ရုံ) ပွဲကလည်း လေးချီပြီးတဲ့အထိ တစ်ဦးကို တစ်ဦးကို အလဲမထိုးနိုင်ခဲ့လို့ အမှတ်ပေးအဆုံးအဖြတ်ခံယူခဲ့ရာမှာ T&Tကလပ်က စည်သူက အမှတ်နဲ့ နိုင်ပွဲရရှိသွားပါတယ်။

Photos : WLC - World Lethwei Championship

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD