AD
AD
AD

၂၀၁၄ ပြင်သစ်အိုးပင်း ချန်ပီယံ ရှာရာပိုဗာ

  
ရုရှားတင်းနစ်မယ် မာရီယာ ရှာရာပိုဗာကို ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ငြင်းပယ်လိုက်ကြောင်း သိရပါတယ်။ ရှာရာပိုဗာဟာ တားမြစ်ဆေးသုံးစွဲမှုကြောင့် တင်းနစ်ကစားခြင်းမှ ၁၅ လကြာ ပိတ်ပင်ခံခဲ့ရပြီး ပြင်သစ်အိုးပင်းမှာ တိုက်ရိုက် ပါဝင်ယှဉ်ပြိုင်ခွင့်ရရန် အဆင့်သတ်မှတ်ချက် အလွန်နိမ့်ကျနေကြောင်း ပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူတွေက မေလ ၁၆ ရက်မှာ ပြောပါတယ်။

play


ရှာရာပိုဗာဟာ မေလ ၁၅ ရက်နေ့အထိ ကမ္ဘာ့အဆင့်သတ်မှတ်ချက်အရ အဆင့် ၂၁၁ မှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။ ပြင်သစ်အိုးပင်းမှာ ရှာရာပိုဗာကို ပါဝင်ယှဉ်ပြိုင်ခွင့် မပေးခဲ့ခြင်းနဲ့ ပတ်သက်ပြီး "ရှာရာပိုဗာနဲ့ သူ့ပရိသတ်တွေအတွက် ကျွန်တော် အရမ်း စိတ်မကောင်းဖြစ်ရပါတယ်" လို့ ပြိုင်ပွဲစီစဉ်တဲ့ ပြင်သစ်တင်းနစ်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဘားနတ်ဒ် ဂူဒီစီလီက ပြောပါတယ်။

"သူတို့ အရမ်း စိတ်ပျက်သွားမှာပါ၊ ရှာပိုဗာလည်း အရမ်း စိတ်ပျက်မှာပါပဲ၊ ဒါပေမဲ့ ပြိုင်ပွဲရဲ့ အဆင့်အတန်းကို ကာကွယ်ဖို့က ကျွန်တော့်တာဝန် ဖြစ်နေပါတယ်" လို့လည်း ဘားနတ်ဒ်က ဆိုပါတယ်။

play
၂၀၁၄ ပြင်သစ်အိုးပင်းမှာ ချန်ပီယံဆု ဆွတ်ခူးခဲ့သည့် ရှာရာပိုဗာ


ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲကို မေလ ၂၂ ရက်မှ ဇွန်လ ၁၁ ရက်အထိ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ အသက် ၃၀ အရွယ် ရှာရာပိုဗာဟာ ယခင်က ကမ္ဘာ့အဆင့်တစ် တင်းနစ်မယ်အဖြစ် ရပ်တည်နိုင်ခဲ့ပြီး ပြင်သစ်အိုးပင်း အပါအဝင် ဂရင်းဆလင်းအဆင့် ချန်ပီယံဆု ၅ ကြိမ် ရရှိထားပါတယ်။

ရှာရာပိုဗာရဲ့ ဂရင်းဆလင်းပြိုင်ပွဲ ဆုဖလားရရှိမှုများ

  • သြစတြေးလျအိုးပင်း - ၁ ကြိမ် (၂၀၀၈)
  • ပြင်သစ်အိုးပင်း - ၂ ကြိမ် (၂၀၁၂၊ ၂၀၁၄)
  • ဝင်ဘယ်ဒန် - ၁ ကြိမ် (၂၀၀၄)
  • ယူအက်စ်အိုးပင်း - ၁ ကြိမ် (၂၀၀၆)

Source & Photo: Daily Mail, Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD