အနည်းဆုံးတော့ နှုတ်ဆက်ပွဲ တစ်ပွဲလောက်တော့ ထိုးစေချင်နေကြတာ ဖြစ်ပါတယ်။

ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ ကရဝိတ်နန်းတော်မှာ တွေ့မရှောင်နဲ့ ပရိသတ်တွေ တွေ့ဆုံနိုင်အောင် WLC က စီစဉ်ပေးခဲ့ပြီး အဆိုပါပွဲမှာ ပရိ သတ်တွေက တွေ့မရှောင်ကို ဖြစ်စေချင်တာတွေ တောင်းဆိုခဲ့ကြပါတယ်။



 

၂၁ ရာစုရဲ့ အကောင်းဆုံးလက်ဝှေ့သမားလို့ လက်ဝှေ့ ဝါသနာရှင် အများစုက လက်ခံထားကြတဲ့ တွေ့မရှောင်အနေနဲ့ ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့မှာ ပရိသတ်နဲ့ တွေ့ဆုံခဲ့ပါတယ်။

စိုးလင်းဦးကို အလဲထိုးမယ်လို့ တရုတ်လက်ဝှေ့သမား ကြုံးဝါး 

ဒီတွေ့ဆုံပွဲကိုတော့ ကမ္ဘာ့လက်ဝှေ့ ချန်ပီယံရှစ်(WLC)ပြိုင်ပွဲကျင်းပရေးက စီစဉ်ပေးခဲ့တာဖြစ်ပြီး တွေမရှောင်ရဲ့ ပရိသတ်တွေအနေနဲ့ မမြင်မ တွေ့ရတာ ကြာတဲ့ တွေ့မရှောင်ကို သိလိုတာတွေမေးမြန်းခဲ့ကြသလို၊ဖြစ်စေချင်တာတွေကိုလည်း တိုက်တွန်းခဲ့ကြပါတယ်။

 

ကနဦးအနေနဲ့ တွေ့မရှောင်က လက်ဝှေ့လောကက အနားယူခဲ့တာ ကျန်းမာရေးကြောင့် လုံးဝမဟုတ်ပဲ ဆက်မထိုးချင်တော့တာကြောင့်သာ အခုလို အနားယူခဲ့တာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

" ကျွန်တော် အမှန်အတိုင်းပြောရမယ်ဆိုရင် လေ့ကျင့်ရေး မလုပ်ချင်တော့လို့ပါ။ ကျွန်တာ်က ထိုးရင် နိုင်မှ ကြိုက်ပါတယ်။ဒါပေမယ့် နိုင်ဖို့ဆိုတာ ကလည်း ပြင်းထန်တဲ့ လေ့ကျင့်မှုရှိမှ ဖြစ်နိုင်မှာလေ။ဒါကြောင့် လေ့ကျင့်မှု မရှိတော့တာကြောင့် မထိုးတော့တာပါ။ထိုးလည်း မထိုးချင်တော့လို့ ပါ။"လို့ တွေ့မရှောင်က ပရိသတ်တွေကို ရှင်းပြခဲ့ပါတယ်။

 

ဒါပေမယ့်လည်း ပရိသတ်တွေကတော့ တွေ့မရှောင်ကို လက်ဝှေ့ ကြိုးဝိုင်းထဲမှာ တစ်ဖန် ပြန်လည်မြင်တွေ့ချင်ကြကြောင်း၊ဒီအပေါ်မှာ ဘယ်လို မျိုး ဆောင်ရွက်ပေးသွားဖို့ ရှိလဲဆိုတာကိုလည်း WLC တည်ထောင်သူ ဦးဇော်သီဟက ပြောပြခဲ့ပါသေးတယ်။

"ကျွန်တော် တွေ့မရှောင်ကို လက်ဝှေ့ကြိုးဝိုင်းထဲ ပြန်ထည့်ဖို့ အကြိမ်ကြိမ်စဉ်းစားခဲ့ဖူးပါတယ်။ဒါပေမယ့် ကျွန်တော့်ဖက်က သူ့ကို အလှပြပွဲ လောက်ပဲ၊ ၃ချီပွဲလောက်ပဲ ထိုးဖို့ စိတ်ကူးရှိလားမေးကြည့်တဲ့အခါ သူပြောတာက သူက ထိုးရင် ၅ ချီအပြည့် သူကွဲကိုယ်ကွဲ ထိုးချင်တာလို့ပြန် ပြောလာပါတယ်။အဲ့တော့ သူ့အသက်အရွယ်၊မိသားစု ဒါတွေကို ကျွန်တော်ပြန်ငဲ့ကွက်ပြီး ဒီအပေါ်မှာ ပရိသတ်က ကွင်းလုံးပြည့်လာကြည့်ချင် တာ တစ်ခုတည်းကိုပဲ ကျွန်တေ်ာ မကြည့်နိုင်ပါဘူး။ဒီအပေါ်မှာ ကျွန်တော် တွေ့မရှောင်ကို အသုံးချသလို မဖြစ်ချင်ပါဘူး။" လို့ ဦးဇေသီဟက ရှင်းလင်းပြောပါတယ်။

WLC အနေနဲ့ ပွဲစဉ် ၆ ကို လာမယ့် စက်တင်ဘာလ ၂၉ ရက်နေ့မှာ ရန်ကုန်မြို့မှာ ကျင်းပဖို့ရှိပြီး တွေ့မရှောင်လည်း ကိုယ်တိုင်ကိုယ်ကျ အား ပေးမယ်လို့သိထားရပါတယ်။

ပရိသတ်တွေကလည်း သူတို့ဖြစ်စေချင်တဲ့ ဆန္ဒကို ဒီကနေ့ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံပွဲမှာ ပွင့်ပွင့်လင်းလင်းပြောဆို ဆွေးနွေးခဲ့ကြပြီး ရွှေပြည်သာက လာရောက်တွေ့ဆုံတဲ့ တွေ့မရှောင်ရဲ့ ပရိသတ်တစ်ဦးကလည်း အခုလို ဆိုခဲ့ပါသေးတယ်။

" ကျွန်တော်တို့ ပရိသတ်တွေကတော့ တွေ့မရှောင်ကို အနည်းဆုံးတော့ နှုတ်ဆက်ပွဲလေးတစ်ပွဲလောက်နဲ့တော့ နှုတ်ဆက်စေချင်ပါတယ်။ WLC ဖက်က စီစဉ်မယ်ဆိုရင်လည်း အခွင့်အရေးယူတယ်လို့ လုံးဝမမြင်မိပါဘူး။ကျွန်တော်တို့တွေက တွေ့မရှောင်ကို တွေ့ချင်နေကြတာ အပြင်မှာ မဟုတ်ပါဘူး။စင်မြင့်ပေါ်မှာပြန်တွေ့ချင်ကြတာပါ။ဒါကြောင့် တစ်ကယ့်ပွဲ မဟုတ်ဖူးဆိုရင်တောင် အနည်းဆုံးတော့ နှုတ်ဆက်ပွဲလေးတော့ ထိုး ပေးစေချင်ပါတယ်။" လို့ တောင်းဆိုခဲ့ပါတယ်။

တွေ့မရှောင်ကတော့ လက်ရှိမှာ လေ့ကျင့်ရေး မလုပ်ချင်တော့တာကြောင့်သာ လက်ဝှေ့ မထိုးဖြစ်တော့တာ ဖြစ်ပြီး အခြားဘာအကြောင်းမှ မရှိ ဘူးလို့ အရိုးရှင်းဆုံးပြောဆိုထားတာကြောင့် အကယ်၍များ တွေ့မရှောင်ကို ပြန်လေ့ကျင့်နိုင်အောင် ပရိသတ်တွေ ဆက်လက်တွန်းအားပေးနိုင် ခဲ့မယ်ဆိုရင် ၂၁ ရာစုရဲ့ အကောင်းဆုံး လက်ဝှေ့သမားလို့ အများစု သတ်မှတ်ထားကြတဲ့ တွေ့မရှောင်ကို စင်မြင့်ပေါ်မှာ ပြန်လည်မြင်တွေ့နိုင် မှာလားဆိုတာကလည်း ရင်ခုန်စွာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က